Friday, April 4, 2008

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကွယ်လွန်ပြီဟုကောလဟာလသတင်းထွက်ပေါ်
ခဲ့သော သတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလကွယ်လွန်ပြီ




အသက်(၈၂)နှစ်ရှိပြီဖြစ်သောသတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလသည်အမေရိကန်
ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်၊ဖို့တ်လောရာဒေးမြို့ ရှိ Florida Medical Center ဆေးရုံ၌ အဆုတ်နှင့်
နှလုံးရောဂါအတွက်ဆေးကုသမှုခံယူနေစဉ်အတွင်း ဧပြီလ ၃ ရက်၊၂၀၀၈ခုနှစ် ဒေသစံတော်ချိန်ည ၁၀း၀၀နာရီခန့်တွင်ကွယ်လွန်ခဲ့ကြောင်းမိသားစု၏အတည်ပြုပြောကြားချက်အရသိရှိရပါသည်။ကွယ်လွန်သူ၏ဆန္ဒ
အတိုင်းကြွင်းကျန်သောရုပ်ကလာပ်အားကျန်ရစ်သူမိသားစုမှမီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ဆရာကြီး
၏ဈာပနနှင့်ပတ်သက်သောအသေးစိပ်အစီအစဉ်အားထပ်မံကြေညာမည်ဖြစ်ပါသည်။

No comments: