အမျိုးသားညီလာခံတက်ရောက်ခဲ့သောကိုယ်စားလှယ်တဦးပြောခဲ့သောစကားများ

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖေါ်ပြပါသည်။
http://www.monnews-imna.com/burmese/october/feature.htm
အမျိုးသားညီလာခံတက်ရောက်ခဲ့သောကိုယ်စားလှယ်တဦးပြောခဲ့သောစကားများ

Posted by
Democratic Information Department
at
12:32 PM
0
comments
ကိုမိုးသီးဇွန် ဖြန့်ဝေသည့်သန်းရွှေစစ်အုပ်စု၏စက်တင်ဘာလူသတ်ပွဲဆိုင်ရာ
လင့်မှဖတ်နိုင်ပြီ
Posted by
Democratic Information Department
at
11:18 AM
0
comments
Posted by
Democratic Information Department
at
1:54 AM
0
comments
နအဖထောက်လှမ်းရေးများZTE Corporation မှ အိုင်တီနည်းပညာ၊ အထောက်အကူပြုပစ္စည်းများဖြင့်ပြည်သူလူထုအားနှိမ်နှင်းနေ တရုပ်နိုင်ငံ၏ အဆင့်မြင့်အိုင်တီဆက်သွယ်ရေးနည်းပညာဆိုင်ရာ ZTE Corporationသည် မြန်မာနိုင်ငံအားနိုင်ငံတကာမှစီးပွားရေးအရပိတ်ဆို့အရေးယူမှုအပေါ်အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ထောက်လှမ်းရေးဆိုင်ရာအသုံးချနည်းပညာများ ၊ စက်ပစ္စည်းများအားရောင်းချ ကူညီနေသည့်အပြင်လည်းကောင်းတို့ကုမ္ပဏီ၏အစီအစဉ်ဖြင့်အိုင်တီပညာရှင် ၂ဦးအားမြန်မာ နိုင်ငံသို့စေလွှတ်ပြီးဒီမိုကရေစီရေးလှုပ်ရှားနေသူများအားဖိနှိပ်သည့်အစီအစဉ်များတွင်ပါဝင် ပတ်သက်နေကြောင်း နအဖနှင့်နီးစပ်နေသည့်အသိုင်းအ၀ိုင်းမှသတင်းရရှိထားပါသည်။ ZTE Corporation ၏ပါဝင်ပတ်သက်မှုဖြင့် GSM ဖုန်းများအားကြားဖြတ်ဖမ်းယူခြင်းအင်တာ နက်နှင့် အီးမေးတို့အားကြားဖြတ်ဝင်ရောက်ဖေါက်ထွင်းခိုးယူခြင်း၊တရုပ်ပြည်၌သုံးစွဲနေသော ဖန်နန်းမျှင်ဝါယာ ကွန်ယက်(fiber-optic network) သုံးစွဲခွင့်ပြုထားခြင်းအစရှိသဖြင့် သောအိုင်တီဆိုင်ရာနည်းပညာအရ နအဖစစ်အုပ်စုထောက်တိုင်ထောက်လှမ်းရေများး၏ အိုင်တီနည်းပညာလိုအပ်မှုအားဖြည့်ဆည်းပေးနေကြပေသည်။ ထိုတရုပ်ZTE Corporation နှင့်အကျိုးတူစီးပွားဖက်ကုမ္ပဏီများသည်ကျွန်ုပ်တို့နှင့်မြန်မာပြည် ၏အဓိကရန်သူများပင်ဖြစ်ပါသည်၊ ထိုကဲ့သို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအားမည်ကဲ့သို့ တန်ပြန်အရေးယူရမည်ကိုကျွန်ုပ်တို့အားလုံးပူးပေါင်းအဖြေရှာကြရန်လိုအပ်ပေသည်။
ZTE Corporation ၏ web page လိပ်စာအားလေ့လာနိုင်ရန်အောက်တွင်ဖေါ်ပြထားပါသည်။
Posted by
Democratic Information Department
at
12:30 AM
0
comments
အမေရိကန်ပြည်ထောင်စုအတွင်းများမကြာမီအချိန်၌
ညီလာခံများကျင်းပကြမည်
၈၈မျိုးဆက်ကျောင်းသားများဦးဆောင်ကျင်းပမည့်၈၈မျိုးဆက်ကျောင်းသားများညီလာခံအားယ္ခုဒီဇင်ဘာလ
ကုန်ပိုင်း၂၉ - ၃၀ ရက်အတွင်း ချီကာဂို မြို့ ၌ ကိုစိုးမိုးနှင့်၈၈ မျိုးဆက်ကျောင်းသားများဦးဆောင်၍ညီလာခံ
တခုကျင်းပမည်ဟုသိရှိရပါသည်။
ထို့အတူတော်လှန်ရေးဒေသများမှရောက်ရှိလာသူအများဆုံးနေထိုင်သော အင်ဒီယာနာပြည်နယ် ၊ ဖို့တ်ဝိန်းမြို့
၌လည်း တတိယအကြိမ်မြောက်ဖို့တ်ဝိန်းညီလာခံအားကမ္ဘာအရပ်ရပ်ရှိမြန်မာ့ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်
နေကြသည့်အဖွဲ့အစည်းအသီးသီးအားဖိတ်ကြား၍၂၀၀၈ခုနှစ်၊ဖေဖေါ်ဝါရီလအတွင်းကျင်းပကြမည်ဟုသတင်း
ရရှိပါသည်။
ထိုညီလာခံများကျင်းပခြင်းနှင့်ပတ်သက်သည့်မြန်မာ့တော်လှန်ရေးအစုအဖွဲ့များ၏သဘောထားအမြင်များအား
လည်းDID မှဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
Posted by
Democratic Information Department
at
11:42 AM
0
comments
DID တာဝန်ခံနှင့်ကိုစည်သူတို့ ၏အမေးအဖြေ အားပန်းဗေဒါ နှင့်Driving for Burma Campaignတို့၌
ဖေါ်ပြထား
http://drivingforburma.blogspot.com/2007/12/interview-with-ko-kyaw-thet-did.html
http://baydah.blogspot.com/2007/12/interview-with-ko-kyaw-thet.html
Posted by
Democratic Information Department
at
11:27 PM
0
comments
Posted by
Democratic Information Department
at
11:35 AM
0
comments
Posted by
Democratic Information Department
at
6:41 PM
0
comments
Posted by
Democratic Information Department
at
12:48 AM
0
comments
မြန်မာပြည်လွတ်မြောက်ရေးအတွက်ခရီးကြမ်းနှင်တိုက်ပွဲဝင်နေသူ
ကိုကျော်စည်သူအား DID မှဂုဏ်ပြုမှတ်တမ်းပေးအပ်
ယနေ့ညနေ၇း၀၀နာရီတွင်အင်ဒီယာနာပြည်နယ် ၊ ဖို့တ်ဝိန်းမြို့ တွင်ရောက်ရှိနေသော မြောက်အမေရိကတိုက်
အတွင်းသူ၏ခရီးရှည်ခရီးကြမ်းအားကားငယ်တစီးဖြင့်မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက်တကိုယ်တော်တိုက်ပွဲ
ဝင်နေသူကိုကျော်စည်သူအားကျွန်ုပ်တို့ဒီမိုကရက်တစ်သတင်းဌာနမှဂုဏ်ပြုညစာစားပွဲနှင့်ဂုဏ်ပြုမှတ်တမ်း
ပေးအပ်ခြင်း အစီအစဉ်အား ဖို့တ်ဝိန်းမြို့ DID ရုံးခန်း၌ကျင်းပခဲ့ပါသည်။
Posted by
Democratic Information Department
at
12:22 AM
0
comments
မြန်မာပြည်အတွက်သီချင်းတပုဒ်ထွက်ရှိ
Posted by
Democratic Information Department
at
1:05 PM
0
comments
Posted by
Democratic Information Department
at
11:48 AM
0
comments
မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် မြောက်အမေရိကတိုက်အတွင်းခရီးကြမ်းနှင်
တိုက်ပွဲဝင်နေသည့် ကိုကျော်စည်သူ အန္တရာယ်လမ်းဖြတ်၍ဖို့တ်ဝိန်းမြို့ သို့ရောက်ပြီ
မြန်မာနိုင်ငံစစ်အာဏာရှင်စံနစ်ဆိုးလက်အောက်မှလွတ်မြောက်ရေးအတွက်နိုင်ငံတကာပြည်သူလူထု၏အာရုံစူးစိုက်
မှုပိုမိုရရှိစေရန်နှင့်ပြည်ပရောက်မျိုးချစ်မြန်မာတို့၏ဒီမိုကရေစီရေးလှုပ်ရှားမှုများအရှိန်အဟုန်ပိုမိုမြှင့်တင်ဆောင်ရွက်
နိုင်ရန်ရည်ရွယ်သည့်၈၈မျိုးဆက်ကျောင်းသားတဦးဖြစ်သည့်ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင်အခြေစိုက်နေထိုင်သူ
ကိုကျော်စည်သူ သည် နယူးယောက်မြို့ မှတဆင့် ဒီဇင်ဘာလ ၉ ရက် ၊ ၂၀၀၇ ခုနှစ် ၊ တနင်္ဂနွေနေ့
ဒေသစံတော်ချိန် နေ့လည် ၁၂နာရီခန့်တွင် အမေရိကန်ပြည်ထောင်စု ၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ 
သို့ချောမောစွာဆိုက်ရောက်ခဲ့ပါသည် ။ မြောက်အမေရိကတိုက်၏ဆောင်းရာသီတွင်းအချိန်အခါဖြစ်သည့်အားလျော်စွာကိုကျော်စည်သူ တကိုယ်တော်
ဖြတ်သန်းမောင်းနှင်ခဲ့ရသောခရီးလမ်းတလျောက်ပြင်းထန်ဆိုးဝါးသည့် ရေခဲမိုးများနှင့် ရေခဲနေသည့်အဝေးပြေး
လမ်းမကြီးပေါ်တွင်သဘာဝ၏စိန်ခေါ်မှုအားအန်တု၍ ၁၄နာရီခန့် တညလုံးအိပ်စက်ခြင်းမရှိဘဲအန္တရယ်ခရီး
ကြမ်းအားကျော်ဖြတ်ခဲ့ခြင်းဖြစ်ပါသည် ။
ကျွန်ုပ်တို့ဖို့တ်ဝိန်းမြို့ တော်နှင့်ပတ်ဝန်းကျင်တွင်လည်းရေခဲနေသည့်လမ်းမများပေါ်တွင်လမ်းလျောက်၍မရနိုင်
လောက်အောင်ပင် ရေခဲမိုးများရွာချနေခဲ့သဖြင့်ရာသီဥတုအခြေအနေအရ လူစုလူဝေးဖြင့်စုစည်းမည့်လှုပ်ရှားမှု များပြုလုပ်ရန်အခွင့်အရေးမရသဖြင့် သူရဲကောင်းကိုကျော်စည်သူအားကြိုဆိုရန်စောင့်ဆိုင်းနေကြသည့်
ဒီမိုကရေစီရေးတိုက်ပွဲဝင်ရဲဘော်များနှင့် ကိုကျော်စည်သူတို့သည် ဇေတ၀န်မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး
ကျောင်းသို့ သွားရောက်ခဲ့ပြီး သာဿနာ့ဥသျှောင်အဖွဲ့ကြီး၏တာဝန်ခံတဦးဖြစ်သည့်အရှင်ကုသလအားဦးခိုက်
ဂါဝရပြုခဲ့ပါသည် ။
ထိုဘုန်းတော်ကြီးကျောင်း၌ပင်ကိုကျော်စည်သူအားဂုဏ်ပြုသည့်အစီအစဉ်ကျင်းပခဲ့ရာတွင်အရှင်ကုသလမှ
ဦးဆောင်၍ မြန်မာနိုင်ငံနိုင်ငံလွတ်မြောက်ရေးးအတွက်တိုက်ပွဲဝင်နေသည့်ကိုကျော်စည်သူနှင့်ဖို့တ်ဝိန်းမြို့ မှ
တော်လှန်ရေးရဲဘော်များအန္တရယ်ကင်းဘေးရှင်းစေရန်ဆုတောင်းပေးခဲ့ပြီး၊သြ၀ါဒများမိန့်ကြားခြင်း၊မေတ္တာသုတ်
ရွတ်ဖတ်ခြင်း ၊ မေတ္တာပို့ခြင်းအစီအစဉ်များအားပြုလုပ်ခဲ့ကြပါသည်။
ထို့နောက်ကိုကျော်စည်သူမှ ဖို့တ်ဝိန်းမြို့ ရှိ ၈၈ တော်လှန်ရေးရဲဘော်များအားသူ၏ခရီးစဉ်နှင့်ပတ်သက်၍
လည်းကောင်း၊သူ၏နိုင်ငံရေး ၊ တော်လှန်ရေးအမြင်များအားလည်းကောင်းရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက် လာသူများနှင့်ရင်နှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။မွန်းလွဲ ၃ နာရီခန့်တွင်အခမ်းအနား
အစီအစဉ်ပြီးဆုံးခဲ့ပါသည်။
ထို့နောက်ကိုကျော်စည်သူသည် ညနေ ၄ နာရီခန့်တွင် မြန်မာ့ဂန္ထ၀င်ဂီတမိခင်မာမာအေးနေအိမ်သို့သွားရောက်
တွေ့ဆုံဂါဝရပြုခဲ့ပါသည်။
ရာသီဥတုအခြေအနေအရ ခရီးဆက်ရန်မဖြစ်သေးသည့်အတွက် မနက်ဖြန်တွင် ကျွန်ုပ်တို့ ဒီမိုကရက်တစ်
သတင်းဌာန(ဖို့တ်ဝိန်းမြို့ )မှ သူရဲကောင်းကိုကျော်စည်သူအားညစာစားပွဲဖြင့်ဧည့်ခံဂုဏ်ပြုမည်ဖြစ်ပါသည်။
ဓါတ်ပုံများကြည့်ရန်LINK :
http://picasaweb.google.com/kyawkkt/DrivingForBurma
Posted by
Democratic Information Department
at
7:06 PM
0
comments
Posted by
Democratic Information Department
at
1:36 AM
0
comments
မြန်မာပြည်လွတ်မြောက်ရေးအတွက်ခရီးရှည်ကားမောင်းမည့်ကိုကျော်စည်သူ၏
ဖို့တ်ဝန်းခရီးစဉ်အတွက်နှိုးဆော်ချက်
မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက်နိုင်ငံတကာမှအထူးအာရုံစိုက်ခြင်းခံနေရသည့် ကနေဒါနိုင်ငံတိုရန်တိုမြို့  တွင်အခြေပြုနေထိုင်နေသည့်မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင်နေသူ ကိုကျော်စည်သူ၏
ခရီးရှည်ကားမောင်းမည့်အစီအစဉ်အတွင်းယခုအပတ်ဒီဇင်ဘာလ၉ ၇က်တနင်္ဂနွေနေ့နံနက်ပိုင်းတွင်ဖို့တ်ဝိန်းမြို့ ၊အင်ဒီယာနာပြည်နယ်သို့ဆိုက်ရောက်လာမည်ဖြစ်ပါသည် ။
မြောက်အမေရိကတိုက် ဆောင်းရာသီအတွင်းကြမ်းတမ်းလှသောရာသီဥတုနှင့်ခရီးကြမ်းအားအန်တု
၍ကမ္ဘာ့ပြည်သူများ၏မြန်မာ့တော်လှန်ရေးအတွက်ပိုမိုအာရုံပြုလာစေရန်သူ၏ကြိုးပမ်းမှုအားကျွန်ုပ်
တို့အားလုံးတတ်နိုင်သည့်ဖက်မှဝိုင်းရံပံ့ပိုးပေးရန်အထူးလိုအပ်ပေသည်။
ကိုကျော်စည်သူ၏မြန်မာပြည်အတွက်လှုပ်ရှားမှုသည်မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့မှတ်တမ်းတခု
လည်းဖြစ်ပေသည် ၊ သို့ဖြစ်ပါ၍ ဖို့တ်ဝိန်းမြို့ သို့ကိုကျော်စည်သူနှင့်သူ၏မြန်မာပြည်လွတ်မြောက်ရေး
ကားငယ်ဆိုက်ရောက်လာမည့်အချိန်တွင် မြန်မာစစ်အာဏာရှင်တို့အားဆန့်ကျင်ဆန္ဒပြခြင်းအစီအစဉ်
နှင့်အတူ ကိုကျော်စည်သူအားထောက်ခံဂုဏ်ပြုပွဲကျင်းပကြမည်ဖြစ်ပါ၍ မြန်မာနိုင်ငံအတွက်တိုက်ပွဲဝင်နေသူ
“The announcement of campaign for driving free Burma”
Ko Kyaw Si Thu who from Toronto, Canada will be here to Fort Wayne, Indiana on December 9, 2007. He is a freedom fighter to have democracy in Burma, and now he is getting international media attention because of his campaign which is driving for Burma. Ko Kyaw Si Thu will arrive to Fort Wayne on coming Sunday during his schedule of driving for Burma, the long trip along Northern America. So, we need to support his endeavor as much as we can as we are struggling for Burma. Since he is struggling against the terrible weather in this period like in Northern America in order to having more international attention regarding Burmese democracy movement, we must support to him as well. His driving campaign for Burma will be record on Burmese history as well as world history too. We, Democratic Information Department, would like you to participate in demonstration against Burmese military government along with welcoming Ko Kyaw Si Thu’s driving campaign for Burma in this particular period.
မြန်မာပြည်လွတ်မြောက်ရေးကားငယ်
ကိုကျော်စည်သူ၏ခရီးရှည်အစီအစဉ်ပြမြေပုံ
Posted by
Democratic Information Department
at
1:20 PM
1 comments
Posted by
Democratic Information Department
at
11:31 PM
0
comments
ရခိုင်ပြည်နယ်စစ်တွေမြို့ မှာတိုက်ပွဲခေါ်သံတွေစနေပြီ 
ရခိုင်ပြည်နယ်စစ်တွေမြို့နှင့်အခြားမြို့ ကြီးများတွင် မြန်မာနိုင်ငံတွင်းသုံးငွေစက္ကူများပေါ်၌
နအဖ ဆန့်ကျင်ရေးလှုံ့ဆော်စာများအားရေးသားဖြန့်ဝေသုံးစွဲနေကြသည်ဟုသတင်းရရှိပါသည်။
http://www.narinjara.com/detailsbur.asp?id=1004
Posted by
Democratic Information Department
at
12:53 PM
0
comments
ဗြောင်လိမ်ဗြောင်စားနအဖ သတင်းစာရှင်းလင်းပွဲ(ဒီဇင်ဘာလ၂ရက် ၊၂၀၀၇) နေပြည်တော်တွင်ယနေ့ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ပြန်ကြားရေးဝန်ကြီးနှင့်ရဲချုပ်က စက်တင်ဘာလအတွင်းဖြစ်ပွါးခဲ့သောအရေးအခင်းသည်ပြည်ပမှ FDB ၏စီစဉ်ကြိုးးကိုင်မှု ကြောင့်ဖြစ်ပွါးခဲ့ရကြောင်း၊အမျိုးသားညီလာခံပြီးဆုံးပြီးယနေ့မှစ၍ဖွဲ့စည်းပုံဥပဒေရေးဆွဲ ရေး ကေါ်မရှင်ကစတင်နေပြီဖြစ်ကြောင်း၊စက်တင်ဘာအရေးအခင်းတွင်ပြည်သူအများစုမပါဝင် ခဲ့ကြောင်းပြောသွားသည်။ ပြည်တွင်းပြည်ပသတင်းစာဆရာများ၊သံအမတ်များ၏မေးမြန်းချက်ကိုပြန်ကြားရေးဝန်ကြီး၊ ရဲချုပ်၊ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်တို့ကပြန်လည်ဖြေကြားရာတွင်- ဒေါ်အောင်ဆန်းစုကြည်အနေနှင့်နအဖ၏ကြေညာချက်(၁/၂၀၀ရ)ကိုတုံ့ပြန်မှုမရှိသေးကြောင်း၊အခြေခံဥပဒေရေးဆွဲမှုသည်သင့်တင့်သောကာလတွင်ပြီးမည်ဖြစ်ကြောင်း။ မစ္စတာဂမ်ဘာဂီကိုပြည်ဝင်ခွင့်မပေးဆိုသည်မှာမဟုတ်ကြောင်း။အရေးအခင်းတွင်သံဃာ (၅၉၆)ပါး၊လူ(၂၃၃၀)ဦးဖမ်းခဲ့ပြီးသံဃာ(၅၇၅)ပါးနှင့်လူ(၂၂၀၃)ဦးကိုပြန်လွှတ်ပေးပြီးဖြစ် ကြောင်း၊ အောင်ဝေး၊ဇာဂနာ၊ကျော်သူ၊ဒေါ်သန်းမြင့်အောင်တို့နှင့် FDBဆက်စပ်မှုရှိမရှိ စီစစ်ဆဲဖြစ်ကြောင်း။အရေးအခင်းတွင်သေသူ(၁၀)ဦးဟုကြေညာပြီးမစ္စတာပီညဲရိုး ကိုထိန်ပင်သုသန်တွင်(၁၄)ဦးဟုစာရင်းပြခြင်းမှာမှန်ကြောင်း ၊ (၄)ဦးမှာဖမ်းဆီးထားစဉ်ရောဂါ ဖြင့်သေခြင်းဖြစ်ကြောင်း။ အခြေခံဥပဒေရေးဆွဲရာတွင်NLD အပါအ၀င်ဆန့်ကျင်ဘက်အဖွဲ့ အစည်းများပါဝင်ခွင့်ရှိမရှိကိုဂျာမန်သံအမတ်ကြီးကမေးရာယခုရေးဆွဲနေသောဖွဲ့စည်းပုံုံ ဥပဒေကိုလူထုဆန္ဒခံယူချိန်တွင်ပါဝင်ဆန္ဒ ပြုနိုင်ကြောင်းပြန်ကြားရေးဝန်ကြီးမှဖြေခဲ့သည်။ ဤသတင်းစာရှင်းလင်းပွဲအားသုံးသပ်မည်ဆိုပါကပြည်သူလူထုသဘောဆန္ဒများအားဥပေ က္ခာပြုထင်ရာစိုင်းနေသည့်စစ်အာဏာရှင်တို့၏ပြတ်သားသည့်သဘောထားများဖြစ်ပြီးကျွန်ုပ်တို့ အနေဖြင့်လည်းဝိ၀ါဒကွဲပြားနေရန်မလိုအပ်တော့ပေ၊ပြတ်သားသည့်လူထုတိုက်ပွဲဖြင့်စစ် အာဏာရှင်များအားအမြစ်ဖြတ်တော်လှန်ကြရမည်မှာပြည်သူ့ဘက်တော်သားအားလုံး၏ မဟာတာဝန်ပင်ဖြစ်ပေသည်။
Posted by
Democratic Information Department
at
12:14 AM
0
comments
Posted by
Democratic Information Department
at
6:52 PM
0
comments
၂၀၀၅ ခုနှစ်မယ်စင်္ကြာဝဠာအလှဘွဲ့ပိုင်ရှင်မြန်မာပြည်သွားမည်

၂၀၀၅ ခုနှစ်မယ်စင်္ကြာဝဠာဘွဲ့ပိုင်ရှင် ရုရှားနိုင်ငံဖွား၊ကနေဒါနိုင်ငံသူ Miss Natalie Glebova သည် ၂၀၀ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်ရန်ကုန်မြို့ ၌မြန်မာ့လေညှင်း
ကုမ္ပဏီမှကျင်းပရန်စီစဉ်ထားသောနောင်းဟောင်းအလှမယ်ရွေးချယ်ပြိုင်ပွဲသို့အကဲ
ဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ်သွားရောက်မည်ဟုရန်ကုန်မြို့ မှသတင်းများ အရ
သိရှိရပါသည်။
အသက် ၂၆ နှစ်အရွယ် Miss Natalie Glebo ၏မြန်မာပြည်ခရီးစဉ်သည်သူမ
အတွက်ပထမဆုံးအကြိမ်အတွေ့အကြုံဖြစ်၍သူမ၏ချစ်သူထိုင်းနိုင်ငံသားနာမည်
ကြီးတင်းနစ်သမားလည်းသူမနှင့်အတူလိုက်ပါသွားမည် ဖြစ်ပြီး ဒီဇင်ဘာ၁၆-၁၇ နှစ်ရက်ကြာနေထိုင်မည်ဖြစ်ပါသည်။
မပြီးဆုံးသေးသောမြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲများနှင့်စက်တင်ဘာလသင်္ကန်းရောင်တော်လှန်ရေးကြီး
အပြီးမြန်မာစစ်အာဏာပိုင်တို့၏လုပ်ရိုးလုပ်စဉ်လမ်းကြောင်းများအရလူထုလှုပ်ရှားမှုများမှေးမှိန်စေရန်
အနုပညာရှင်များအားအသုံးချပြီးပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊စင်တင်ဂီတပွဲများကျင်းပခြင်း၊ယခုအကြိမ်တွင်
ကမ္ဘာကျော်ပုဂ္ဂိုလ်များအားအသုံးချပြီးသူတို့၏ရိုင်းစိုင်းယုတ်မာမှုများအားအာရုံလွဲအောင်ကြိုးပမ်းခြင်းဟု
ရန်ကုန်မြို့နေ ပြည်သူများပြောပြချက်များအရသိရပါသည်။
ကမ္ဘာ့လူ့အသိုင်းအ၀ိုင်းတွင်လူ့စရိုက်ပျောက်ကွယ်အမှောင်ဖုံးနေသောမျက်နှာဖုံးစွပ်မရသည့်အာဏာမက်
စစ်မိစ္ဆာများ၏လုပ်ရပ်များအားလည်းကောင်း၊ပျော်ရွှင်မှုဆိတ်သုံးကွယ်ပျောက်နေရသောပြည်သူလူထု
၏ဘ၀အစစ်အမှန်အားလည်းကောင်းအမှန်အတိုင်းဆင်ခြင်သုံးသပ်နိုင်စေရန်နှင့်သူမ၏မြန်မာပြည်ခရီးစဉ်
အား ပြန်လည်သုံးသပ်နိုင်ရန် ၂၀၀၅ ခုနှစ်ကမ္ဘာ့မယ်စင်္ကြာဝဠာMiss Natalie Glebova အားအမြန်ဆုံး
ဆက်သွယ် အသိပေးကြရန်ကျွန်ုပ်တို့ DIDမှမြန်မာပြည်သူလူထုဆန္ဒအတိုင်းတင်ပြအပ်ပါသည်။
The Miss Universe Organization
1370 Ave. of the Americas, 16th Floor New York,
NY 10019
(212) 373-4999
(212) 315-5378 (fax)
Posted by
Democratic Information Department
at
5:10 PM
0
comments
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နအဖစစ်အုပ်စုအားလူထုတိုက်ပွဲဖြင့်
အမြစ်ဖြတ်မြေလှန်ခြေမှုန်းကြ၊
စာဖတ်ရန်အညွှန်း
ကျောင်းသားတပ်မတော်သမိုင်းမှတ်တမ်းများ
ဟစ်တိုင်၏ပင်တိုင်ကလောင်ရှင်သားချစ်
ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့အာဏာဂျာနယ်
DID မိသားစုဘလောက်စာမျက်နှာများ