မြန်မာပြည်တွင်းမှသတင်းပေးပို့ချက်
ကမ္ဘာကျော်မြန်မာ့သံဃာထုဦးဆောင်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းသံဃာ့သြဇာလွှမ်းမိုးတဲ့မန္တလေး
မြို့ တော်ကြီးတွင်သံဃာတော်များ၊ကျောင်းသားပြည်သူတို့အားနှိမ်နင်းရန်ဗဟိုဌာနကြီးအဖြစ် ၇၈လမ်း၊ ၄၂
ကုန်းကျော် ၁၁အမှတ်ရဲစခန်းအားအသုံးပြုခဲ့ပါသည်။ယခင်ကာလများတွင်တပ်မ(၃၃)တပ်ထိုင်ခဲ့ပြီး ယခုအချိန်
တွင်တပ်မ(၉၉)အားတပ်ထိုင်စေခဲ့၍တပ်ဖျောက်ထားသည်ဟုသိရပါသည်။
မန္တလေးမြို့ လူထု၏သတင်းပေးပို့ချက်များတွင် ရပ်ကွက်တကွက်လူ ၃၀၀ နှုံးဖြင့်စစ်တပ်မှအင်းအားစုဆောင်း
နေကြောင်းနှင့်စုဆောင်းရရှိတဲ့စွမ်းအားရှင်ကဲ့သို့လောက်ကောင်များအားယူနီဖေါင်းအပြည့်အစုံ၊ဒိုင်း၊ဒုတ်နှင့်
လေးဂွများပေးအပ်ထားသည်ဟုသိရပါသည်။
မဟာအောင်မြေမြက်ပါးရပ်ကွက်ရုံးပတ်ပတ်လည်ထင်သာမြင်သာသည့်နေရာတွင်ဒုတ်များ၊လေးဂွများစုဆောင်း ချိတ်ဆွဲထားပြီး၊သတင်းပေးများအားလက်ကိုင်ဖုန်းနှင့်ဆိုင်ကယ်ပေးထားသည်ဟုလည်းဒေသခံများမှDID
ပြောပြကြပါသည်။
ထိုသတင်းပေးပို့ချက်အရ နအဖစစ်အာဏာရှင်တို့သည်ဒုတိကမ္ဘာစစ်အတွင်းနာဇီတို့၏ရှပ်ညိုတပ်ဖွဲ့ အားအတု
ခိုးနေသလော၊သို့တည်းမဟုတ်သွေးပျက်ပြီးထင်ရာစိုင်းနေကြသလောဟုစဉ်းစားစရာပင်ဖြစ်ပါသည်၊မည်သို့ပင်
ဆိုစေကာမူသန်းရွှေနှင့်နအဖ စစ်အုပ်စု၏နေ၀င်ချိန်မှာမဝေးတော့ပြီဖြစ်ပါသည်။
Thursday, January 17, 2008
Posted by
Democratic Information Department
at
1:08 AM
0
comments
Wednesday, January 16, 2008
အထူးအစီအစဉ်
DIDမှ အမေရိကန်နိုင်ငံတွင်မွေးဖွားခဲ့သော ၄နှစ်အရွယ် မြန်မာသမီးငယ်လေး
အားမြန်မာပြည်နှင့်ပတ်သက်၍စကားပြောကြည့်ခြင်း
Posted by
Democratic Information Department
at
11:49 PM
0
comments
Tuesday, January 15, 2008
အမှန်တကယ်လုပ်တော့အသံပျောက်နေတဲ့နအဖ
မြန်မာနိုင်ငံအတွင်းဟိုနေရာဗုံးကွဲပြန်ပြီ၊ဒီနေရာမှာဗုံးခွဲလိုက်ပြန်ပြီ၊အပြစ်မဲ့ပြည်သူ ဘယ်နှစ်ဦးသေသည် သောင်းကျန်းသူအဖျက်သမား၊အကြမ်းဖက်သမားဘယ်သူဘယ်ဝါ၊ဘယ်အဖွဲ့ဆိုပြီး နအဖရဲ့သတင်းစာများ၊
ရုပ်သံလိုင်းများမှနာမည်ပေးကင်ပွန်းတပ်ပွဲများကျင်းပပေးနေကြသည်မှာလည်းခြိမ့်ခြိမ့်သဲသဲပင်ဖြစ်ပါသည်။
စွပ်စွဲခံရသူများမှာတောတွင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပြင်ပြည်ပနိုင်ငံများ၌နေထိုင်ကြသူများ၊
လည်းပါဝင်သဖြင့်နအဖ၏စွပ်စွဲချက်များသည် သီးလေးသီးလူရွှင်တော်များ၏ပြက်လုံးထက်ပင်ရယ်စရာ
ကောင်းပေသည်။ တော်လှန်ရေးအဖွဲ့အစည်းများသည်ပြည်သူလူထုပေါ်အခြေခံအားကိုးတည်ဆောက်ထားကြသည်ဖြစ်ရာပြည်သူ
လူထုအကျိုးမှသွေဖီစေမည့်လုပ်ရပ်များအားအစဉ်ရှောင်ရှားကြရသည်မှာတော်လှန်ရေးသမားတို့၏ဥပဒေသ၊
စည်းကမ်းများပင်ဖြစ်ပေသည်။
စီမံကိန်းဗျူဟာအရတိုက်ခိုက်ရန်အဓိကပစ်မှတ်များမှာစစ်အာဏာရှင်နှင့်၎င်းတို့အားကြောထောက်နောက်ခံ
ပြုနေသောဒေါက်တိုင်များပင်ဖြစ်ပါသည်။သို့အတွက်၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတောင်ငူမြို့ ပေါ်ရှိ
ကာရာအိုကေဘား တခုအတွင်း၌အပျော်ကြူးနေသောနအဖစစ်တပ်မှတပ်ရင်းမှုးအား ကေအင်ယူလက်နက်
ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များမှတိုက်ခိုက်ခဲ့သဖြင့်သေဆုံးခဲ့ရပြီးဗန်းမော်မြို့ အခြေစိုက် စတက (၂၁)မှ
ဗျူဟာမှုးမှသေဆုံးခဲ့ရသော တပ်ရင်းမှုးနေရာ၌၀င်ရောက်တာဝန်ယူခဲ့ခြင်းအားနအဖစစ်တပ်အသုံးချမည်သည့်
သတင်းဌာနများမှတရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပေ။
ဤကဲ့သို့သောဖြစ်စဉ်များထောက်ရှု၍တော်လှန်ရေးရဲဘော်များတကယ်မလုပ်သောဖြစ်ရပ်များတွင်အသံကျယ်
လောင်စွာထွက်သောနအဖအားအမှန်တကယ်တိုက်ခိုက်ခဲ့သည့်အချိန်တွင်အသံပျောက်နေတတ်သဖြင့်ကျွန်ုပ်
တို့တော်လှန်ရေးတိုက်ပွဲဝင်ရဲဘော်အသီးသီးမှမြန်မာစစ်အာဏာရှင်များမြန်မာနိုင်ငံတွင်ထာဝရအသံပျောက်
ဆုံးသွားရန်အားလုံးညီညွတ်စွာတိုက်ပွဲဝင်ကြပါစို့ဟုကျွန်ုပ်တို့ DID မှလေးစားဦးညွှတ်လျက်နှိုးဆော်အပ်ပါသည်။
Posted by
Democratic Information Department
at
7:24 PM
0
comments
အမေရိကားမှကမ္ဘာကျော်နာမည်ကြီးမလေးနှစ်ယောက်မြန်မာပြည်သင်္ကြန်သွားမယ့်အစီအစဉ်
ပေါ့ပ်ဘုရင်မလေးအဆိုတော်Britney Spearsနှင့်သူမ၏အချစ်တော်မလေးအကဘုရင်မParis Hilton တို့နှစ်ယောက်လာမည့်ဧပြီတွင်ကျရောက်မည့်မြန်မာပြည်သင်္ကြန်အချိန်တွင်မြန်မာနိုင်ငံသို့သွားရောက်
လည်ပတ်ဖို့အစီအစဉ်ရှိကြောင်းနှင့်မြန်မာ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံ
ကူညီဖို့မျှော်လင့်ကြောင်းThe Spoof Internet သတင်းဌာန သို့ထုတ်ဖေါ်ပြောကြားခဲ့ကြောင်းသိရပါသည်၊
အမေရိကန်ပြည်ထောင်စု၊၀ါရှင်တန်ဒီစီရှိမြန်မာသံရုံးမှသူမတို့နှစ်ဦးနှင့်ပတ်သက်၍တစုံတရာထုတ်ဖေါ်ပြောဆို
ခြင်းမရှိသေးပေ၊
သို့သော်လည်းကမ္ဘာကျော်မလေးနှစ်ဦး၏မြန်မာပြည်ခရီးစဉ်သွားခွင့်ရပါကအင်းစိန်ထောင်တွင်သူမတို့နှစ်ဦးခရီး အဆုံးသတ်ရမည်ဟုအမေရိကန်စာနယ်ဇင်းသမားများမှပြောဆိုနေကြပေသည်။
မူလသတင်းအားအပြည့်အစုံဖတ်လိုပါကအောက်ဖေါ်ပြပါလိပ်စာသို့သွားပါ၊http://www.thespoof.com/news/spoof.cfm?headline=s3i28834
Posted by
Democratic Information Department
at
4:08 AM
2
comments
Monday, January 14, 2008
ပြည်တွင်းနိုင်ငံရေးအနည်းငယ်ငြိမ်သက်နေပြီး
ပြည်ပမြန်မာ့နိုင်ငံရေးအခြေအနေလှုပ်လှုပ်ရှားရှားဖြစ်နေ
မြန်မာပြည်တွင်း၂၀၀၇ ခုနှစ်စက်တင်ဘာရွှေရောင်တော်လှန်ရေးကြီးအားစစ်တပ်မှအကြမ်းဖက်နှိပ်ကွပ်
ခဲ့ပြီးနောက်ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုအနေအထားများအနည်းငယ်ငြိမ်သက်သယောင်ရှိနေသကဲ့သို့
ဖြစ်နေချိန်တွင်ပြည်ပနိုင်ငံများရှိမြန်မာ့နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကြား၌မြန်မာပြည်တော်လှန်ရေး၊
နိုင်ငံရေးအခန်းဂဏ္ဍအားမြှင့်တင်နိုင်ရန်အတွက်နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းလျက်ရှိပါသည်။
ထိုသို့ကြိုးပမ်းနေကြရာတွင်အထူးသဖြင့်ထိုင်းမြန်မာနယ်စပ်နှင့်အမေရိကန်ပြည်ထောင်စုအခြေစိုက်
မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများကြားတွင်အပြန်အလှန်ကူးလူးဆက်ဆံဆွေးနွေးနေကြသည်မှာထူးခြား
သည့်ဖြစ်စဉ်ဖြစ်ပါသည်။ ထိုင်းမြန်မာနယ်စပ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များမှလည်းအမေရိကန်
ပြည်ထောင်စုသို့လာရောက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသကဲ့သို့အမေရိကန်ပြည်ထောင်စုမှ
မြန်မာ့နိုင်ငံရေးအစုအဖွဲ့အသီးသီးမှလည်းထိုင်းနိုင်ငံသို့သွားရောက်နေကြပါသည်။
ထိုကဲ့သို့ကာလအချိန်၌အမေရိကန်ပြည်ထောင်စုအတွင်းနိုင်ငံတကာမှမြန်မာ့နိုင်ငံရေးအင်အားစု
အသီးသီးအားဖိတ်ခေါ်၍ညီလာခံများကျင်းပရန်စီစဉ်နေကြသည်ကိုသတင်းများကြားသိနေရသည့်အပြင်
မြန်မာ့တော်လှန်ရေးတွင်အင်အားပိုမိုတောင့်တင်းခိုင်မာစေရန်ရည်ရွယ်သည့်တော်လှန်ရေးညွန့်ပေါင်း
အင်အားစုကြီးတရပ်အားများမကြာမှီအချိန်တွင်ဖွဲ့စည်းကြမည်ဟုလည်းကျွန်ုပ်တို့ DIDမှသတင်းများရရှိ
နေပါသည်။
သို့ဖြစ်ပါ၍အကောင်းဖက်ဦးတည်သောပြည်ပမြန်မာ့နိုင်ငံရေးအပြောင်းအလဲတခုဖြစ်စေရန်ကျွန်ုပ်တို့DIDမှလူပုဂ္ဂိုလ်စွဲအဖွဲ့အစည်းစွဲကင်းသောဆန္ဒမှန်ဖြင့်ဆုတောင်းလိုက်ပါသည်။
Posted by
Democratic Information Department
at
10:52 PM
0
comments
ABCDမှဖြန့်ဝေခဲ့သောDVDမှ
စာရေးဆရာကြီးအောင်ဗလ(ခ)ကြေးမုံဦးသောင်း၏ပြောကြားချက်
Posted by
Democratic Information Department
at
3:23 AM
1 comments
Sunday, January 13, 2008
ဖို့တ်ဝိန်းမြို့ ရှိမြန်မာဒုက္ခသည်များ၏ကျန်းမာရေးလိုအပ်ချက်များကူညီထောက်ပံ့ရန်
ဒေါ်လာ၁၃၃၀၀၀ ခန့်ရမည်
မြန်မာဒုက္ခသည်များအားအဓိကတာဝန်ယူကူညီပေးနေသောကက်သလစ်ချာရတီ(Catholic Charities)အားမြန်မာဒုက္ခသည်များ၏ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍
The St. Joseph Community Health Foundation မှထောက်ပံ့ငွေနှစ်ရပ်စုစုပေါင်း ဒေါ်လာ၁၃၃၀၀၀ကျော်ခန့် လွှဲပြောင်းပေးအပ်မည်ဟုဖို့တ်ဝိန်းမြို့ တွင်နေ့စဉ်ပုံနှိပ်ထုတ်ဝေသောဂျာနယ်ဂေဇက်(The Journal Gazette)သတင်းစာ၌ဆောင်းပါးရှင်Amanda Iacone မှဇန်န၀ါရီ ၁၂ ရက်နေ့ ထုတ်သတင်းစာတွင်ဖေါ်ပြ
ရေးသားထားပါသည်။ ထိုသတင်းသည်မြန်မာဒုက္ခသည်များအတွက်ဝမ်းသာစရာပင်ဖြစ်ပါသည်။
ဖို့တ်ဝိန်းမြို့ ရှိကက်သလစ်ချာရတီရုံးဝန်ထမ်းများထဲတွင် ၈၈မျိုးဆက်မြန်မာကျောင်းသားများလည်းဝန်ထမ်း
များအဖြစ်တာဝန်ထမ်းဆောင်နေကြရာတွင် ကိုငြိမ်းချမ်းဦးသည် ကက်သလစ်ချာရတီ၏ဒါရိုက်တာ
တဦးအဖြစ်မြန်မာဒုက္ခသည်များ၏အခက်အခဲပြသနာများအားကူညီဖြေရှင်းပေးနေသူတဦးဖြစ်ပါသည်။
သတင်းအပြည့်အစုံအားဖတ်လိုပါကအောက်တွင်ဖေါ်ပြထားသောလိပ်စာမှသွားပါ။
http://www.journalgazette.net/apps/pbcs.dll/article?AID=/20080112/LOCAL/801120381/1002/LOCAL
Posted by
Democratic Information Department
at
3:53 AM
0
comments
Saturday, January 12, 2008
VOICE OF 88 GENERATION STUDENTS
Posted by
Democratic Information Department
at
2:35 AM
0
comments
Friday, January 11, 2008
မြန်မာပြည်မှလာသောသတင်းအချို့ 
ဇန်န၀ါရီလ၁၀ ရက်၊၂၀၀၈ခုနှစ်တွင်အသက် ၉၂ နှစ်ရှိပြီဖြစ်သောလူထုဒေါ်အမာသည်
မန္တလေးဆေးရုံသို့တက်ရောက်၍ဆေးကုသခံယူနေသည်ဟုသတင်းရရှိသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တွေ့ဆုံကြောင်းယနေ့မြန်မာ့
ရုပ်မြင်သံကြားမှတရားဝင်ကြေညာခဲ့ပြီးမည်သည့်အကြောင်းအရာများပြောဆိုခဲ့ကြသည်ကို
ထိန်ချန်ထားဆဲပင်ဖြစ်ပါသည်။
ဇန်န၀ါရီလ၁၀ရက်နေ့တွင်ကချင်ပြည်နယ်နေ့နှင့်ကချင်မနောပွဲကျင်းပခဲ့ရာကချင်ကျောင်း
သားများမှစစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်စာတမ်းများဖြန့်ဝေခဲ့ရာတွင်ပြည်သူလူထုများ
မှထောက်ခံကြကြောင်းသိရပါသည်။
Posted by
Democratic Information Department
at
9:14 PM
0
comments
ရန်ကုန်မြို့ အနှံ့ဖြန့်ဝေပြန့်နှံ့နေသောဓမ္မခွန်အားVCD ဒုတိယပိုင်းအားကြည့်နိုင်ပါပြီ
Posted by
Democratic Information Department
at
1:49 AM
0
comments
Wednesday, January 9, 2008
မြန်မာစစ်ဗိုလ်ချုပ်လေးတွေလည်းစစ်ကျွန်ပြုကျင့်ခြင်းခံရရှာပြီ
စစ်ကျွန်ပြုခြင်းခံရသူများတွင်လူဘုံအလယ်၌ဗိုလ်ချုပ်ကြီးများ၏ဘိနပ်တိုက်ပေးနေရတဲ့ ဗိုလ်ချုပ်လေး
တွေလည်းအပါအ၀င်ဖြစ်ပါတယ်၊ စစ်တပ်တွင်းမှစစ်သည်တော်များသင်ဘာကြောင့်စစ်ထဲဝင်ခဲ့သလည်း ၊ စစ်သင်တန်းတက်စဉ်မှာဘာတွေဆိုခဲ့ရသလည်း၊ သင်တို့ရဲ့လက်ရှိဘ၀အခြေအနေကဘယ်လိုလည်း
စဉ်းစားကြပါ။
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ချီတက်နေပါသည်ဟုဓါတ်ပြားပေါက်မတတ်ပြောနေကြသောမြန်မာ
စစ်ဗိုလ်ချုပ်ကြီးများ၏လုပ်ရပ်များကပဒေသရာဇ်နှင့်ကျွန်ပိုင်ရှင်ခေတ်သို့နောက်ပြန်လှည့်ချီတက်နေကြ
သည်ကိုတပ်မတော်အကြီးအကဲကြီးများနှင့်ပြည်သူလူထုတရပ်လုံးအသိပင်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ပြည်သူတွေကသင်တို့စစ်ကျွန်ဘ၀မှလွတ်မြောက်ဖို့တိုက်ပွဲဝင်နေကြတာပါ၊ပြည်သူနဲ့သင်တို့
လက်တွဲပြီး စစ်ကျွန်ပိုင်ရှင်တွေကိုတိုက်ထုတ်ဖယ်ရှားဖို့အချိန်တန်ပြီဖြစ်ပါတယ်။
ရုရှားကရဲဘော်တို့ သင်တို့သင်နေတဲ့ပညာတွေကဘိနပ်တိုက်ဖို့မဟုတ်ဘူးဆိုတာနားလည်ကြရန်အချိန်ရောက်ပြီ၊
အားလုံးတိုက်ပွဲဝင်ကြစို့။စစ်ကျွန်ပိုင်ရှင်စံနစ်အားအမြစ်ဖြတ်တော်လှန်ကြစို့။
ဘိနပ်တိုက်ကျွန်ခံနေရသောစစ်ဗိုလ်ချုပ်လေးများ

Posted by
Democratic Information Department
at
11:25 PM
0
comments
ရန်ကုန်မြို့ အနှံ့ဖြန့်ဝေပြန့်နှံ့နေသောဓမ္မခွန်အားVCD ပထမပိုင်းအားကြည့်နိုင်ပါပြီ
ဒုတိယပိုင်းအားDIDနှင့် MANDALAYTUBEမှဆက်လက်ပြသပါမည်
မှတ်တမ်းအဖြစ်သိမ်းလိုပါကDIDတွင်မှာကြားနိုင်ပါပြီ ၊Peace Creation Group မှတည်းဖြတ်ထုတ်လုပ်သည်ဟုသိရပါသည်။
Posted by
Democratic Information Department
at
3:46 PM
0
comments
မြန်မာနိုင်ငံတွင်နှစ်သစ်ကူးနေ့၌ရွှေတိဂုံစေတီပေါ်ဖြန့်ဝေခဲ့သည့်DVDကြည့်နိုင်ပြီ
မြန်မာနိုင်ငံတွင်းနှစ်သစ်ကူးနေ့၌ရွှေတိဂုံစေတီပေါ်၌ဖြန့်ဝေခဲ့သည့်DVD အားကျွန်ုပ်တို့ DID နှင့်
MANDALAYTUBE မှတဆင့်ပြသသွားမည်ဖြစ်သည့်အပြင်ပြည်ပနိုင်ငံများတွင်အလိုရှိသူများအားလည်းဖြန့်
ဝေပေးသွားမည်ဖြစ်ရာ ကျွန်ုပ်တို့DID နှင့်ABCD သို့ဆက်သွယ်မှာကြားနိုင်ပါသည်။
ထိုDVD တွင်ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများပါဝင်သည့်အပြင်ပီနန်ဆရာတော်ကြီး၊သတင်းစာဆရာကြီး
ကြေးမုံဦးသောင်း၊မောင်သာရ၊ဦးဝင်းဖေ၊မောင်စွမ်းရည်၊မာမာအေး၊ဒေါက်တာသောင်းထွန်းနှင့်ဒေါက်တာ
စင်သီယာမောင်တို့၏လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့်အမှာစကားများပါဝင်ပေသည်။
ထုတ်လုပ်ဖြန့်ချီသည့်အဖွဲ့မှာ အမေရိကန်နိုင်ငံအခြေစိုက် ABCD(ဗမာ့ဒီမိုကရေစီမိသားစု)ဟုသိရှိရပါသည်။
ABCD၏ DVDမှဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများအားကြည့်ရန်
Posted by
Democratic Information Department
at
12:42 AM
0
comments
Tuesday, January 8, 2008
ထူးဆန်းသောအုန်းပင်နမိတ်အရသန်းရွှေအာဏာသိမ်းခံရတော့မည်ဟု
ယုံကြည်သူများတွက်ဆပြောဆိုနေ
ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေး မွန်ပြည်နယ် ပေါင်မြို့ နယ်၌ထူးဆန်းသောအုန်းပင်တပင်အားခရီး
သွား များ နယ်ခံများနှင့်နိုင်ငံခြားသားများပင်သွား
ရောက် ကြည့်ရှုနေကြပါသည်။
ဒေသခံများ၏အဆိုအရထိုအုန်းပင်၏သက်တမ်းမှာ
အနှစ် ၆၀ ရှိပြီဟုသိရပါသည်။၂၀၀၁ခုနှစ်မှစ၍
အောက်ခြေပင်စီ အရင်းမှပေ ၅၀ခန့်အမြင့်တွင်
အပင်အတက် ၇ ပင်ထွက် ခဲ့ပြီးယခုအချိန်တွင်ပင်မ
အပင်ကြီးအားလုံး၀၀ါးမြို သွားပြီ ဖြစ်ပါသည်။
အပင်တက်လေးများ၏အမြင့်မှာ ၇ ပေခန့်ရှိသည်
ဟုဆိုပါသည်။
ထိုထူးဆန်းဖြစ်ရပ်အားမူတည်၍မြန်မာပြည်တွင်းအတိတ်နမိတ်ယုံကြည်သူများမှနမိတ်ကောက်နေကြသည်မှာ
ဒေါ်အောင်ဆန်းစုကြည်အားလိုလားသောစစ်တပ် ထိပ်ပိုင်းအုပ်စုမှများမကြာမှီ၌အာဏာသိမ်းပိုက်မည်ဖြစ်ပြီး
သန်းရွှေအနေဖြင့်အာဏာလက်လွှတ်ဆုံးရှုံး ရတော့မည်ဖြစ် သည်ဟု ယုံကြည်နေကြပါသည်။
Posted by
Democratic Information Department
at
11:32 AM
0
comments
Friday, January 4, 2008
Cops pop ‘Boner’
ဥပဒေကိုသာချိုးဖောက်၍ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဟုဆိုသော



Photo by Michael Germana
China : Free Burma ပိုစတာကိုင်ထားပုံ
၁၁၉ကြိမ်မြောက်နှင်းဆီပန်းများဖြင့်အလှဆင်ထားသောအလှပြယာဉ်ကားများပြပွဲအထိမ်းအမှတ်
လမ်းလျှောက်ပွဲကျင်းပခဲ့သည့်အခမ်းအနားသို့တက်ရောက်လာကြသည့်ထောင်နှင့်ချီသောလူများ
ကိုလူ့အခွင့်အရေးချိုးဖောက်သောတရုတ်နိုင်ငံနှင့် အမေရိကန်ဧ။် အီရတ်စစ်ပွဲများအဆုံးသတ်
စေရေးကြိုးပမ်းလှုပ်ရှားသူများကအာရုံပြောင်းသိမ်းသွင်းနိုင်ခဲ့ကြခြင်းမှာ အံ့မခန်းဖွယ်ရာပင်ဖြစ်
ပါသည်။
ထိုအခမ်းအနားသို့သက္ကရာဇ်၂၀၀၈ခုနှစ်တွင်တရုပ်နိုင်ငံဘီဂျင်းမြို့တွင်ကျင်းပမည့်အိုလံပစ်ပွဲ
တော်အားသပိတ်မှောက်ဆန္ဒပြသူများ၊စစ်ဆန့်ကျင်ရေးလှုပ်ရှားသူဦးရေ ၁၀၀ခန့်နှင့်အတူ နာမည်ကြီးတီဗွီစီးရီးမင်းသားဟောင်းကြီး ဝယ်လ်တာကိုရင်းဧ။်သားဖြစ်သူအသက်၃၉နှစ်
အရွယ်ရှိအင်ဒရူးကိုအင်းတယောက်လည်းတက်ကြွစွာပါဝင်ခဲ့သည်ကိုတွေ့ရဧ။် ။
တရုတ်နိုင်ငံမှအထောက်အပံ့ပြုပြီးအားပေးထားသော တရုတ်လူမျိုးအမေရိကန်နိုင်ငံသား
များရှေ့တွင်”မြန်မာနိုင်ငံစစ်အစိုးရအားစီးပွားရေးအရအားပေးနေသောတရုတ်ကွန်မြူနစ်
ပါတီအားပြင်းထန်စွာရှုံ့ချကြောင်းဆိုင်းဘုတ်ထောင်ပြီးဆန္ဒပြခဲ့ပြီးနောက်အမေရိကန်အစိုးဧ။်
ဖမ်းဆီးမှုကိုခံခဲ့ရကြောင်းသိရှိရပါသည်။
ထိုဆန္ဒပြပွဲသို့ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ မှမြန်မာနိုင်ငံဒီမိုကရေစီရေး
အတွက်တိုက်ပွဲဝင်နေသောမြန်မာများလည်းပူးပေါင်းပါဝင်ခဲ့သည်ဟုသိရပါသည်။
သတင်းအပြည့်အစုံကိုသိရှိလိုပါက…
Posted by
Democratic Information Department
at
5:16 PM
0
comments
Thursday, January 3, 2008
နှစ်(၆၀)ပြည့်မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အထူးအစီအစဉ်
မွန်ပြည်သစ်ပါတီပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးမှမြန်မာနိုင်ငံလွတ်လပ်ရေးနှင့်
မွန်ပြည်သစ်ပါတီ၏သဘောထားအားထင်ဟပ်စေသည့်သူ့အမြင်များအား
နားဆင်နိုင်ပါပြီ
Posted by
Democratic Information Department
at
10:31 PM
0
comments
ပြည်တွင်းနှစ်သစ်ကူးသတင်းများ
ဇန်န၀ါရီ ၂ ရက်၊ ရန်ကုန်
နှစ်သစ်ကူးည၈နာရီအချိန်ခန့်တွင်ရွှေတိဂုံဘုရားကြီး၏သန့်ရှင်းရေးဟုအကြောင်းပြကာကြော်ငြာဆိုင်းဘုတ်များ
ထောင်၍မည်သည့်ပြည်သူတဦးတယောက်ကိုမျှဘုရားဖူးမျှော်ခွင့်မပေးတော့ဘဲရွှေတိဂုံဘုရားအားပိတ်ခဲ့ပါသည်။ ည၈ နာရီခွဲခန့်တွင်ရန်ကုန်မြို့ ပြည်လမ်းမကြီးတလျောက်မောင်းနှင်နေသောမော်တော်ယာဉ်များအားလုံခြုံရေး
တပ်ဖွဲ့ ဝင်များမှအသည်းအသန်လမ်းဘေးသို့ထိုးရပ်ခိုင်းပြီးနောက်မော်တော်ကားယာဉ်တန်းရှည်ကြီးဖြတ်မောင်း သွားသည်ဟုမျက်မြင်သက်သေအချို့ မှDIDသို့သတင်းပေးပို့ခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ နှင့်နီးစပ်သောသူတဦး၏အတည်ပြုနိုင်သောသတင်းပေးပို့ချက်တွင်ဗိုလ်ချုပ်မှုးကြီးနှင့်
အရာရှိများစွာတို့ ရွှေတိဂုံစေတီပေါ်သို့တက်ရောက်ခဲ့ပြီးယတြာအဖြစ်ဆီမီး ၉၀၀၀၀ ထွန်းညှိသွားကြောင်း နှင့်
ထိုနေ့၌ပင်ရွှေတိဂုံစေတီပေါ်တွင်ဆန္ဒပြသူတစုမှဒို့အရေးကြွေးကြော်သံများကြွေးကြော်ခဲ့ကြပြီး VCD များနှင့်CD များဖြန့်ဝေသွားခဲ့ကြသည်ဟုဆိုပါသည်။ သတင်းပေးပို့သူအနေဖြင့်လက်ခံယူရန်မဖြစ်နိုင်သည့်အခြေအနေအရထို VCD နှင့် CD များတွင်မည်သည့်
အကြောင်းအရာများပါဝင်သည်ကိုမူ မသိရှိခဲ့ရပါ။ထိုဆန္ဒပြပွဲအတွင်းပါဝင်ခဲ့သူများအားဖမ်းဆီးခဲ့ခြင်းမရှိသေး
ဟုသိရှိရပါသည်။
ရန်ကုန်မြို့ နေပြည်သူလူထုအဆိုအရဓါတ်ဆီဈေးနှုံးများ သည် ၄၅၀၀ - ၅၀၀၀ အတိထပ်တက်နိုင်ကြောင်း
သုံးသပ်နေကြသည်ဟု DID မှသတင်းရရှိပါသည်။
Posted by
Democratic Information Department
at
11:47 AM
0
comments
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးဆင်နွှဲပြီးနောက်နယ်စပ်ဒေသသို့
ထွက်ပြေးခဲ့ရသော၈၈မျိုးဆက်ကျောင်းသားကိုမိုးကျော်၏သတင်းစကားများ
Posted by
Democratic Information Department
at
2:50 AM
0
comments
Wednesday, January 2, 2008
DID မှမေတ္တာရပ်ခံချက် သကဲ့သို့ မည်သည့် အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များ၏လက်ဝေခံလည်းမဟုတ်ပါ၊ မိမိတို့၏ကိုယ်ပိုင် အချိန် ၊ မိသားစုအချိန်များနှင့်မိသားစုပိုင်ငွေကြေးတို့အားအသုံးပြု၍မိမိတို့တတ်ကျွမ်းသည့် အတတ်ပညာ၊၀ါသနာတို့အားအရင်းတည်ပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှလွတ် မြောက်ရန်အုပ်တချပ်သဲတပွင့်အနေဖြင့်မြန်မာ့တော်လှန်ရေးတွင်စိတ်ဓါတ်တူညီသူများပူးပေါင်း၍ အားဖြည့်ပါဝင်ခြင်းဖြစ်ပါသည်၊ စေတနာအရဤDID အစုအဖွဲ့အားတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်၊ ကျွန်ုပ်တို့အဖွဲ့ဝင်များသည်မည်သည့်အကြောင်းနှင့်ဖြစ်စေ ၄င်းတို့၏အမည်ရင်းများအား လျှို့ ဝှက်ထားရန်အကြောင်းမရှိ၍ အတိအလင်းကျေညာသွားမည်ဖြစ်ပါသည်။ အင်အားစုများ ဖြစ်ကြပါသည်၊ မဆို ရှောင်ရှားသွားမည်ဖြစ်ရာ ကျွန်ုပ်တို့၏စီဘောက်အားအကန့်အသတ်ဖြင့်ပြုလုပ်လိုသော် လည်းဒီမိုကရေစီ၏သဘော ၊သဘာဝအားလေးစားပြီးနအဖ စစ်အုပ်စု၏မတရားမမျှတသော မူဝါဒများအားဆန့်ကျင်နေသူများပီပီ ကန့်သတ်မှုများအားတတ်နိုင်သမျှရှောင်ရှားလိုပါသည်၊ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ DID ပိုင်စီဘောက်အတွင်းမဟုတ်မတရားစွတ်စွဲမှုများ ၊ လူတဦးတယောက် အကျိုးပျက်စီးနစ်နာစေရန် တမင်တကာရည်ရွယ်ထားသောအသရေဖျက်ခြင်းများမပြုလုပ်ကြ၊ မရေးသား ကြပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်၊
ကျွန်ုပ်တို့DIDအနေဖြင့်တဦးတယောက်ကောင်းနာမည်ကြီးရန်ဆောင်ရွက်နေသောအဖွဲ့မဟုတ်
ကျွန်ုပ်တို့အနေဖြင့်မည်သည့်မျှော်လင့်ချက်မှထားရှိခြင်းမရှိဘဲပကတိရင်တွင်းခံစားချက်နှင့်
နိုင်ငံအကျိုး၊တော်လှန်ရေးအကျိုးတခုတည်းကိုသာမမှိတ်မသုန်ဦးထိပ်ပန်ဆင်ထားသော DID
ကျွန်ုပ်တို့ DID မှအများပြည်သူအကျိုး၊ တော်လှန်ရေးအကျိုးပျက်စေမည့် မည်သည့်ကိစ္စရပ်များ
Posted by
Democratic Information Department
at
3:00 AM
0
comments
Tuesday, January 1, 2008
Happy New Year
DID မှနှစ်သစ်နုတ်ခွန်းဆက်သခြင်း
၈၈ ကိုဘယ်သူပိုင်သလည်းစကားစု
Posted by
Democratic Information Department
at
3:42 PM
0
comments
