Thursday, March 13, 2008

ဗမာ့ဒီမိုကရေစီမိသားစု(ABCD)မှစီစဉ်တင်ဆက်သော
တိုင်းရင်းသားသွေးချင်းညီနောင်တို့ရဲ့ရွှေနုတ်ခွန်းဆက်DVDအပိုင်း(၃)


မြန်မာ့တော်လှန်ရေးအတွင်းတိုက်ပွဲဝင်နေကြသောသူတိုင်းကြည့်ရှုနားဆင်သင့်သည့်ဗီဒီယို
နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ) နှင့်ဦးအောင်စောဦး(NLD-LA)


ဖတ်ကြည့်ချင်သေးလား....

ကြေးမုံဦးသောင်းကွယ်လွန်သွားပြီဟု
ကောလဟာလသတင်းထုတ်လွှင့်နေ
ယနေ့နံနက်ပိုင်းတွင်အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်၊အော်လန်းဒိုးတွင်နေထိုင်သောပြည်သူဖက်မှ အစဉ်ရပ်တည် ခဲ့သည့်သတင်းစာဆရာကြီးကြေးမုံဦးသောင်းသည်နှလုံးရောဂါဖြင့်ဆေးရုံ၌ဆေးကုသခံယူနေစဉ် ဘ၀တပါးသို့ပြောင်းသွားခဲ့သည်ဟုDIDသို့သတင်းမှားများပေးပို့ခဲ့ကြပါသည်၊
DIDမှအတည်ပြုချက်ရယူနိုင်ရန်စုံစမ်းရာတွင်ဆေးရုံ၌ဆေးကူသခံယူနေသည်မှာမှန်ကန်သော်လည်းကွယ်လွန်
သွား ပြီဆိုသည်မှာသတင်းမှားဖြစ်ကြောင်းသိရပါသည်။
ဆရာကြီး၏မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အမှတ်တရပြောကြားချက်များအားပြန်လည်ထုတ်လွှင့်လိုက်ပါသည်။


ဖတ်ကြည့်ချင်သေးလား....

Wednesday, March 12, 2008


ရွှေတိဂုံစေတီပေါ်မှာဆန္ဒပြကြရအောင်၊လိပ်စာပေးထားတယ်၊အဲဒီကိုလာခဲ့ကြ

ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ်ပို့စ်ကတ်
DIDမှဖြန့်ဝေသည်

ဖတ်ကြည့်ချင်သေးလား....

Tuesday, March 11, 2008

ဗမာ့ဒီမိုကရေစီမိသားစု(ABCD)မှစီစဉ်တင်ဆက်သော
တိုင်းရင်းသားသွေးချင်းညီနောင်တို့ရဲ့ရွှေနုတ်ခွန်းဆက်DVDအပိုင်း(၂)

ဖဒိုမန်းရှာ၏နောက်ဆုံးသောဗီဒီယိုမှတ်တမ်းနှင့်ဒေါက်တာလျှံမုန်းဆာခေါင်း

ဖတ်ကြည့်ချင်သေးလား....

Monday, March 10, 2008

စိုင်းထီးဆိုင်အမှတ်တရသျှမ်းအိုးစည်သံမိုးထက်ယံထိမြည်းဟီးစေခဲ့သူ

သဘာဝရဲ့ရင်သွေးငယ်

ဖတ်ကြည့်ချင်သေးလား....

နအဖဆန္ဒခံယူပွဲအပေါ်မွန်ပြည်သစ်ပါတီသဘောထားတရားဝင်ထုတ်ပြန်


ဖတ်ကြည့်ချင်သေးလား....

ဗမာ့ဒီမိုကရေစီမိသားစု(ABCD)မှစီစဉ်တင်ဆက်သော
တိုင်းရင်းသားသွေးချင်းညီနောင်တို့ရဲ့ရွှေနုတ်ခွန်းဆက်DVDအပိုင်း(၁)

ဗမာ့ဒီမိုကရေစီမိသားစုမှစီစဉ်တင်ဆက်သော ၆၁နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်DVD တွငမြန်မာ
နိုင်ငံတိုင်းရင်းသားခေါင်းဆောင်အချို့ ၏အနာဂါတ်မြန်မာပြည်နှင့်ပတ်သက်သောသူတို့ ၏ဆန္ဒသဘောထား
အမြင်တို့အားပြတ်သားရှင်းလင်းစွာတင်ပြထားရာကျွန်ုပ်တို့DIDမှအပိုင်းများခွဲ၍ဝေမျှတင်ဆက်သွားမည် ဖြစ်ပါသည်။
ယခုအပိုင်း(၁)တွင်ဒေါ်အောင်ဆန်းစုကြည်၊ဒူးဝါးဇော်အောင်နှင့်ခွန်မားကိုဘန်းတို့၏ပြောကြားချက်များအား
ကြည့်ရှုနိုင်ရန်တင်ဆက် လိုက်ပါသည်။

ဖတ်ကြည့်ချင်သေးလား....


အနှစ်(၂၀)ပြည့်၊မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ (ကိုဖုန်းမော်နေ့)နှင့်
တံတားနီနေ့အခမ်းအနားဖို့တ်ဝိန်းမြို့ တွင်ကျင်းပမည်

ဖတ်ကြည့်ချင်သေးလား....

ကြယ်တပွင့်ကြွေပြန်ပြီ


သျှမ်းအမျိုးသားတေးသံရှင်စိုင်းထီးဆိုင်(၅၈)နှစ်သည်ရန်ကုန်မြို့ ၊ကျောက်မြောင်းနေအိမ်၌ယမန်နေ့နံနက်
၈ နာရီခန့်တွင်ဘ၀တပါးကူးပြောင်းသွားကြောင်းရန်ကုန်မြို့ မှသတင်းပေးပို့ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံအနုပညာလောကတွင်၁၉၇၀ခုနှစ်ဝန်းကျင်မှယနေ့အထိသျှမ်းအမျိုးသားတေးသံရှင်စိုင်းထီးဆိုင် သည် တေးရေးစိုင်းခမ်းလိတ်၏ရသဂန္ထ၀င်တေးပေါင်းများစွာအားသီဆိုအောင်မြင်ခဲ့သူဖြစ်ပါသည်။
သျှမ်းသံဝဲ၀ဲဖြင့်မြန်မာတနိုင်ငံလုံးရှိပရိသတ်များအားဖမ်းစားနိုင်ခဲ့သည့်အပြင်ဗိုလ်ထီးဟူသောအမည်နာမဖြင့်
ခေတ်အဆက်ဆက်ကျော်ဖြတ်အောင်မြင်ခဲ့သူဖြစ်ပါသည်။
ဗိုလ်ထီးကွယ်လွန်ခဲ့သည့်အကြောင်းကြားသိခဲ့ရသည့်အတွက်ကျွန်ုပ်တို့DIDမှကျန်ရစ်သူမိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်းဖေါ်ပြအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....




ဖတ်ကြည့်ချင်သေးလား....

Saturday, March 8, 2008

ABSDF ခေါင်းဆောင်များအားကြိုဆိုပွဲ

ဖို့တ်ဝိန်းမြို့ နေကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများမှအမေရိကန်ပြည်ထောင်စုတွင်ရောက်ရှိနေသော

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှတာဝန်ရှိ ခေါင်းဆောင်များအားကြိုဆိုပွဲနှင့်

နှီးနှောဖလှယ်ပွဲကျင်းပမည်။



ဖတ်ကြည့်ချင်သေးလား....

နအဖ၏စစ်အာဏာအဓွန့်ရှည်ရေးအတွက်ရည်ရွယ်သည့်
အခြေခံဥပဒေအားသုံးသပ်ခြင်း




တစ်ဖက်စောင်းနင်းဥပဒေ
နအဖအခြေခံဥပဒေတွင် နိုင်ငံသားအခွင့်အရေးများအရ နိုင်ငံတော်သည်မည်သည့်ပြည်ထောင်စုမြန်မာ
နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရ ဟု အသံကောင်းဟစ် ပြဌာန်းထားခဲ့သည်။ သို့သော် နိုင်ငံတော်မှ လစာ၊ ရိက္ခာယူနေကြသော ၀န်ထမ်းချင်းအတူတူ စစ်သားများကို လွှတ်တော်ကိုယ်စား လှယ်အဖြစ် အရွေးခံပိုင်ခွင့် ပေးထားသော်လည်း အခြားအရပ်ဘက်ဝန်ထမ်းများ အရွေးခံ ပိုင်ခွင့် မရှိခြင်း၊ အရပ်ဘက်ဝန်ထမ်းတစ်ဦးဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရပါက နိုင်ငံဝန်ထမ်းအဖြစ်မှအငြိမ်းစား ယူပြီး ဖြစ်သည် ဟုပြဌာန်းထားသော်လည်း စစ်သားများကို ကင်းလွတ်ခွင့်ပေးထားခြင်း၊တပ်မတော်နှင့်သက်ဆိုင်သည့်
အရေးကိစ္စများတွင် သမ္မတကပင်ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိခြင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး
ကင်းရှင်းရမည်ဟု သတ်မှတ်ထားသော်လည်း စစ်သားများမှာမူလွှတ်တော်တက်ကာ စစ်တပ်အကျိုးစီးပွားနှင့် ကာကွယ်ရေးဦးစီးချုပ်ကောင်းစားရေးကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊ စသည်တို့မှာစစ်တပ်ကို သိသာစွာ ဘက်လိုက်ရေးဆွဲထားခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတော်သည် မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်းတန်းတူညီမျှစွာရယူပိုင်ခွင့် ပေးရမည် ဟု အတိအလင်းပြဌာန်းထားသော်လည်း စစ်အုပ်ချုပ်ရေးကာလအတွင်း၌ ကျူးလွန်ခဲ့သည့်ပြစ်မှု များအတွက် တရားစွဲဆိုခွင့် မရှိစေရ ဟု အရေးပေါ်ကာလ ပြဌာန်းချက်များ၌ ထည့်သွင်းထားသောကြောင့် စစ်ဝါဒီတို့၏တရားလက်လွတ် ရမ်းကားမှုများကို တရားဝင်လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် စစ်တပ်သည်းခြေကြိုက် အခြေခံဥပဒေလည်းဖြစ်သည်။စစ်တပ်ကောင်းစားရေးကို ရှေ့ရှုရေးဆွဲထားသော အခြေခံဥပဒေဖြစ်သော ကြောင့် ဤအခြေခံဥပဒေအရ လွှတ်တော်အမတ်ဖြစ်လာကြမည့် တပ်မတော်ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် စစ်တပ်(ကာကွယ်ရေးဦးစီးချုပ်)၏ ကောင်းစားရေးလွန်ဆွဲရမည့် အခြေအနေ မျိုးတွင် နိုင်ငံအကျိုးကို ဘေးချိတ်ကာ စစ်တပ်အကျိုးနှင့် ဦးစီးချုပ်ကောင်းစားရေးကိုသာ ဆောင်ရွက်ကြမည်
ဖြစ်ပေသည်။ ကျန် ၅၄ သန်းသော ပြည်သူတို့အရေးကား ရင်လေးဖွယ်ပင်။
ထို့ပြင်... တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံမှအောင်မြင်နိုင်မည့် အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတို့မှာလည်း မည်သည့်နည်းနှင့်မျှ အောင်မြင်နိုင်ဖွယ်မရှိတော့ပါ။

သမ္မတတဘယ်လိုရွေးမှာလ
နအဖအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်သုံးဖွဲ့ (လူထုကိုယ်စားလှယ် နှစ်ဖွဲ့ နှင့် စစ်တပ်ကိုယ်စားလှယ် တစ်ဖွဲ့)တို့မှ သမ္မတလောင်းတစ်ဦးကျစီ ရွေးချယ်ပေးရမည်။ ထိုသမ္မတလောင်း (၃)ဦးထဲမှ တစ်ဦးက သမ္မတဖြစ်ကာ ကျန်နှစ်ဦးကဒုတိယသမ္မတများ ဖြစ်လာမည်။ ထူးခြားသည့်အချက်မှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများသည် သမ္မတဖြစ်ပိုင်ခွင့် ရှိခြင်းဖြစ်သည်။ထို့ကြောင့် ဤအခြေခံဥပဒေ အတည်ဖြစ်သွားပါက ပြည်သူ့ကိုယ်စားလှယ်မဟုတ်သည့် စစ်သားတစ်ယောက်ကတော့ ဒုတိယသမ္မတ
အနည်းဆုံးဖြစ်လာမည်။ သမ္မတပင် ဖြစ်နိုင်ချေရှိသည်။

အမည်ခံသမ္မတ
သမ္မတနိုင်ငံတော်ဆိုသော်လည်း နအဖအခြေခံဥပဒေအရ သမ္မတမှာ အမည်ခံရုပ်ပြ သက်သက်သာဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်လောက်ပင် အာဏာမရှိချေ။ တပ်ဘက်ဆိုင်ရာကိစ္စများတွင်လည်း ၀င်စွက်ခွင့်မရှိ။ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို တပ်မတော်သားအများစုပါဝင်သော (၁၁ ဦးအနက် ၆ ဦးမှ ၇ ဦးမှာ စစ်သား
များဖြစ်သည်) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြင့်ကန့်သတ်ထားသည်။ ထို့ကြောင့် နိုင်ငံတော်
လုံခြုံရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို မဲခွဲဆုံးဖြတ်သည့် အခါများတွင် စစ်ဘက်မှအမြဲတစေ အသာစီးရ
နေမည်ဖြစ်သည်။ စစ်တပ်မှတာဝန်ယူမည့် ၀န်ကြီးဌာန (၄) ခု (ကာကွယ်ရေး၊ ပြည်ထဲရေး၊လုံခြုံရေး၊နယ်စပ်
ရေးရာ)တို့တွင်လည်း ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်ပင်ဆောင်ရွက်ပြီးမှသာ ၀န်ကြီးများကိုခန့်အပ်ခြင်း၊
ရာထူးမှရပ်စဲခြင်း လုပ်ရမည်ဟုပြဌာန်းထားသည်။ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအများစုမှာကဲ့သို့ စစ်တပ်၏လုပ်ပိုင်ခွင့် နှင့် အခွင့်အာဏာကို အခြေခံဥပဒေအရ ကန့်သတ်ချုပ်ခြယ်ခြင်းမရှိဘဲစစ်တပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ကို ထင်တိုင်းကြဲခွင့်ပေးသော၊ စစ်တပ်ကို မတရားအာဏာသိမ်းသော စစ်အစိုးရအဖြစ်မှ တရားဝင်အာဏာရအစိုးရ
အဖြစ်သို့ ပြောင်းလဲပေးမည့် ပြည်သူလူထုကို နားလှည့်ပါးရိုက်သည့် အခြေခံဥပဒေ ဖြစ်သောကြောင့်တာဝန်
သိနိုင်ငံသားတိုင်း အသိစိတ်ဓါတ်ရှိရှိ ဆန့်ကျင်ကန့်ကွက်သွားကြရန် လိုအပ်ပေသည်။

ဖတ်ကြည့်ချင်သေးလား....

Tuesday, March 4, 2008

မြန်မာ့ဒီမိုကရေစီအရေးအမေရိကန်ကွန်ကရက်မင်းထောက်ခံအားပေး

ဖို့တ်ဝိန်းမြို့ တွင်၂၀၀၈ခုနှစ်၊ဖေဖေါ်ဝါရီလ၂၄ရက်တွင်ကျင်းပပြီးစီးခဲ့သောမြန်မာ့ဒီမိုကရေစီအင်အားများ၏
ဒီမိုကရေစီရေးတွေ့ ဆုံဆွေးနွေးပွဲ၊Burma Democracy Forum သို့အမေရိကန်ကွန်ကရက်မင်း မက်ခ်ဆောင်ဒါ
မှထောက်ခံသည့် သ၀ဏ်လွှာအားပေးပို့ခဲ့သည် ဟုထိုဆွေးနွေး ပွဲဖြစ်မြောက်ရေး တာ ၀န်ခံတဦးမှ DID သို့
ပြောကြားခဲ့ပါသည်။ဆီနိတ်တာလူဂါမှလည်း အလားတူထောက်ခံအားပေးသည့်သ၀ဏ်လွှာပေးပို့ ခဲ့ကြောင်းသိ
ရပါသည်။

ကွန်ကရက်မင်းမက်ခ်ဆောင်ဒါ၏ Burma Democracy Forum သို့ပေးပို့သောသ၀ဏ်လွှာ

ဖတ်ကြည့်ချင်သေးလား....

၂၀၀၈ ခုနှစ်၊ မတ်လ ၁-၂ ရက်နေ့များတွင်ကျင်းပခဲ့သော
ဖို့တ်ဝိန်းညီလာခံအောင်မြင်စွာပြီးဆုံးခဲ့

ဖို့တ်ဝိန်းညီလာခံ၏မှတ်တမ်းဓါတ်ပုံအချို့ 

ဖတ်ကြည့်ချင်သေးလား....

ဖို့တ်ဝိန်းညီလာခံ၌DIDမှ NCUBတာဝန်ခံများအားတွေ့ ဆုံမေးမြန်းချက်


ဖတ်ကြည့်ချင်သေးလား....

တော်လှန်ရေးနယ်မြေများမှညီလာခံသို့တက်ရောက်ခဲ့သူများနှင့်DID
တွေ့ ဆုံမေးမြန်းချက်များ




ဖတ်ကြည့်ချင်သေးလား....

Monday, March 3, 2008

မြန်မာပြည်တွင်းတိုက်ပွဲဝင်နေသောရဲဘော်များDIDမှတဆင့်
ပေးပို့ခဲ့သော အဆိုပြုချက်အားညီလာခံ၌ဖတ်ကြားခြင်း

ဖတ်ကြည့်ချင်သေးလား....

Sunday, March 2, 2008

DIDနှင့်ညီလာခံကိုယ်စားလှယ်များတွေ့ ဆုံမေးမြန်းချက်ဗီဒီယိုကြည့်ရန်

ဖတ်ကြည့်ချင်သေးလား....

Saturday, March 1, 2008

ဖို့တ်ဝိန်းမြို့ ဒီမိုကရေစီအင်အားစုများ၏ညီလာခံပထမနေ့အစီအစဉ်ကျင်းပ

အမေရိကန်ပြည်ထောင်စု၊အင်ဒီယားနားပြည်နယ်၊ဖို့ဝိန်းမြို့ တွင်ဒီမိုကရေစီအင်အားစုများ

International Burmese Democratic Forces ဦးစီးကျင်းပသည့် တတိယအကြိမ် မြောက် ညီလာခံအားဒေသစံတော်ချိန်နံနက်၁၁း၀၀နာရီခန့်တွင်စတင်ကျင်းပခဲ့ရာ တော်လှန်ရေး ဒေသမှကရင်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သည့်အပြင်NCUB၏ဥက္ကဌဖြစ်သည့်
ဗိုလ်ချုပ်တာမလာဘော၏နုတ်ခွန်းဆက်ဗီဒီယိုဖြင့်စတင်ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက်တော်လှန်ရေးနယ်မြေဒေသများမှတက်ရောက်လာသော
ဦးတင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)
ဒေးဗစ်တာကပေါ -ကရင်အမျိုးသားအစည်းအရုံး
ခွန်ရေမွန်ထူး -တိုးတက်သောကရင်နီအမျိုးသားပါတီ
ခွန်ဥက္ကာတွဲဘက်အထွေထွေအတွင်းရေးမှုး(၂)NCUB တို့မှ

အဖွင့်အမှာစကားများပြောကြားခဲ့ကြပါသည်။





ဖတ်ကြည့်ချင်သေးလား....