နိုင်ငံတကာတိဘက်လှုပ်ရှားမှုအား
ထောက်ခံအားပေးအတုယူကြ
တိဘက်လှုပ်ရှားမှုဗီဒီယို
Sunday, April 6, 2008
Posted by
Democratic Information Department
at
1:04 PM
0
comments
Friday, April 4, 2008
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကွယ်လွန်ပြီဟုကောလဟာလသတင်းထွက်ပေါ်
ခဲ့သော သတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလကွယ်လွန်ပြီ
အသက်(၈၂)နှစ်ရှိပြီဖြစ်သောသတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလသည်အမေရိကန်
ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်၊ဖို့တ်လောရာဒေးမြို့ ရှိ Florida Medical Center ဆေးရုံ၌ အဆုတ်နှင့်
နှလုံးရောဂါအတွက်ဆေးကုသမှုခံယူနေစဉ်အတွင်း ဧပြီလ ၃ ရက်၊၂၀၀၈ခုနှစ် ဒေသစံတော်ချိန်ည ၁၀း၀၀နာရီခန့်တွင်ကွယ်လွန်ခဲ့ကြောင်းမိသားစု၏အတည်ပြုပြောကြားချက်အရသိရှိရပါသည်။ကွယ်လွန်သူ၏ဆန္ဒ
အတိုင်းကြွင်းကျန်သောရုပ်ကလာပ်အားကျန်ရစ်သူမိသားစုမှမီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ဆရာကြီး
၏ဈာပနနှင့်ပတ်သက်သောအသေးစိပ်အစီအစဉ်အားထပ်မံကြေညာမည်ဖြစ်ပါသည်။
Posted by
Democratic Information Department
at
1:04 PM
0
comments
Thursday, April 3, 2008
အမေရိကန်ပြည်ထောင်စုမှမြန်မာမိသားစုတစု၏ ၀မ်းနည်းဖွယ်ရာကျော်ကြားခဲ့သည့်သတင်းဆိုး
အမေရိကန်ပြည်ထောင်စု၊ယူတားပြည်နယ်၊ဆော့လိပ်စီတီး၊
မတ်လ၃၁ ရက်တနင်္လာနေ့ တွင်အသက်(ရ)နှစ်အရွယ်မြန်မာနိုင်ငံဖွားကရင်သမီးးငယ်တဦး
ပျောက်ဆုံးခဲ့ပြီးအသတ်ခံခဲ့ရကြောင်းအမေရိကန်သတင်းဌာနကြီးများတွင်အင်္ဂါနေ့၌ကြေညာခဲ့ပါသည်။
သတ်ဖြတ်ခဲ့သူမှာလည်းမြန်မာဒုက္ခသည်အဖြစ်ဖြင့်အမေရိကားသို့ရောက်ရှိသည်မှာ
(၁)လခန့်သာရှိသေးသော ဆာမက်(၂၁)နှစ်ဖြစ်သည်ဟုသိရှိရပါသည်။
သတ်ဖြတ်ခြင်းခံခဲ့ရသည့်ကလေးမလေး၏အမည်မှာဆာနေမူးဖြစ်ပြီး သူမမိသားစုမှာ၂၀၀၇ ခုနှစ်၊သြဂုတ်လတွင်ထိုင်းနိုင်ငံနယ်စပ်မယ်လဒုက္ခသည်စခန်းမှတဆင့်အမေရိကန်အစိုးရ၏
ဒုက္ခသည်အစီအစဉ်ဖြင့်အမေရိကန်နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပါသည်။
သတင်းအပြည့်အစုံအားအောက်ဖေါ်ပြပါသတင်းဌာန၀က်ပ်ဆိုက်များတွင်သွားရောက်ဖတ်နိုင်ပါသည်။
http://www.foxnews.com/story/0,2933,344469,00.html
http://www.cnn.com/video/#/video/crime/2008/04/02/grace.missing.girl.dead.cnn
CNN HEADLINE NEWS ဗီဒီယိုကြည့်ရန်
FOX NEWS
Rest of your post
Posted by
Democratic Information Department
at
7:55 PM
0
comments
Wednesday, April 2, 2008
Posted by
Democratic Information Department
at
11:29 PM
1 comments
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုက်ပွဲစခေါ်ပါပြီ
နအဖစစ်အာဏာရှင်များမတရားရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နှင့် ဆန္ဒခံယူပွဲ
အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မည်ကဲ့သို့ရင်ဆိုင်ဆုံးဖြတ်မည်နည်းဟူသောအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD)၏ ပြတ်သားသောတိုက်ပွဲဝင်မှုပုံသဏ္ဍန်အားမျှော်လင့်နေသည့်ပြည်သူလူထုတရပ်လုံးနှင့်မြန်မာ့
ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြသောသူများအားလုံးအား(NLD)မှအောက်ဖေါ်ပြပါအတိုင်းပန်ကြားထား
သည်ဟုသတင်းရရှိပါသည်။
" လူထုလူတန်းစား အလွှာအသီးသီးမှ တိုင်းရင်းသား ပြည်သူများအားလုံးနဲ့ အဖွဲ့အစည်းများက သက်ဆိုင်ရာ မဲရုံများသို့ မပျက်မကွက် သွားရောက်ကြပြီး ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား၊ရဲရဲဝံ့ဝံ့ပေးကြပါရန် ပန်ကြားအပ်ပါသည်၊ "
Posted by
Democratic Information Department
at
11:13 AM
0
comments
Tuesday, April 1, 2008
Beijing 2008 Torch Relay Truth!
တရုပ်အိုလံပစ်မီးရှုးတန်ဆောင်စစ်စစ်
လူမဆန်သောတရုပ်အစိုးရနဲ့မထိုက်တန်တဲ့အိုလံပစ်ပွဲတော်ကိုဆန့်ကျင်ကြဖို့ဘ၀တူတိဘက်လူမျိုး
တွေနဲ့အတူတိုက်ပွဲဝင်ကြရအောင်......
International Olympic Committee (IOC) ကိုစာပို့ကြဖို့ဖိတ်ခေါ်တဲ့
အင်တာနက်စာမျက်နှာကိုသွားကြဖို့ကိုလည်းတိုက်တွန်းပါတယ်။
လိပ်စာက
http://actionnetwork.org/campaign/notorch/
Rest of your post
Posted by
Democratic Information Department
at
11:48 PM
0
comments
Monday, March 31, 2008
အမေရိကန်ပြည်ထောင်စုအတွင်းမြန်မာပြည်စစ်အာဏာရှင်အောက်မှ
လွတ်မြောက်ရေးအတွက်မိုင်၃၀၀၀ကျော်ချီတက်နေသူများရက်(၃၀)ပြည့်ပြီ
Posted by
Democratic Information Department
at
11:47 PM
1 comments
Posted by
Democratic Information Department
at
12:00 PM
0
comments
Sunday, March 30, 2008
မြန်မာ့ခေတ်သစ်သမိုင်း၏သူရဲကောင်းကိုသော်ဇင်နိုင်
အားဂုဏ်ပြုကြ
မြန်မာ့နိုင်ငံသမိုင်းတွင်ပထမဦးဆုံးသောဟုယူဆရသောရွှေတိဂုံစေတီရင်ပြင်တော်ပေါ်၌မိမိကိုယ်မိမိမီးတင်ရှို့ ၍ မြန်မာစစ်အာဏာရှင်တို့အားဆန့်ကျင်ဆန္ဒပြခဲ့သောအသက်၂၆နှစ်အရွယ်ရှိကိုသော်ဇင်နိုင်၏လုပ်ရပ်သည်မြန်
မာ့ဒီမိုကရေစီရေးလူထုတိုက်ပွဲစတင်ရန်တပ်လှန့်နှိုးဆော်ခြင်း သို့မဟုတ် လူထုတိုက်ပွဲတိုက်ပွဲစတင်ခြင်းပင်ဖြစ် ပေသည်။
အာရှနိုင်ငံများတွင်ဗီယက်နမ်စစ်အတွင်းဗီယက်နမ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးမှထိုကဲ့သို့မိမိကိုယ်မိမိမီးရှို့ 
ဆန္ဒပြခဲ့သည့်သမိုင်းဖြစ်စဉ်တခုရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်၈၈၈၈အရေးတော်ပုံကြီးအတွင်းစစ်သားလူထွက် ဗိုလ်အောင်ကြီးမှလူထုကြီးအား မိမိကိုယ်မိမိ
မီးရှို့မည်ဟူပြီးလိမ်လည်ခဲ့သောစကားပြောဖြစ်ရပ်သာရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်စစ်အာဏာရှင်တို့ဗိုလ်ကျကြီးစိုးနေသမျှကာလ၌ထိုကဲ့သို့သူရဲကောင်းလုပ်ရပ်များနှင့်သူရဲကောင်း သစ်များစွာပေါ်ပေါက်လာတော့မည်ဖြစ်သည့်ပြရုပ်ပင်ဖြစ်ပါသည်။
“Live for nothing, die for something”
အဓိပ္ပါယ်မဲ့အသက်ရှင်သန်မလား၊တစုံတရာအတွက်အသက်ပေးတိုက်ပွဲဝင်ကြမလားဆိုသည့်ဟောလိဝုဒ် ရုပ်ရှင် ရမ်ဘို၏ဒါယာလော့မှာရုပ်ရှင်တကား၏စကားလုံးမျှသာဖြစ်ခဲ့ပြီး၊ယခုမြန်မာပြည်တွင်လက်တွေ့ အသက်ပေး တိုက်ပွဲဝင်နေကြသောအမျိုးကောင်းသူရဲကောင်းသားသမီးတို့အားဂုဏ်ပြုကြရမည်ဖြစ်ပေသည်။
ပြည်သူအတွက်တိုက်ပွဲဝင်မြန်မာ့သူရဲကောင်းများအားဦးညွှတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားတိုင်းမြန်မာနိုင်ငံစစ်အာဏာရှင် လက်အောက်မှလွတ်မြောက်ရေးအတွက် မိမိတတ်စွမ်းသည့် ဘက်မှပါဝင်၍လူထုတိုက်ပွဲအောင်ပွဲအဆုံးသတ်တိုက်ပွဲတွင်ပါဝင်ကြရန်တော်လှန်သတိဖြင့်နှိုးဆော်အပ်ပါသည်။ ခေတ်သစ်မြန်မာသူရဲကောင်းကိုသော်ဇင်နိုင်အားဂုဏ်ပြုကြ
First Buddhist Monk to do SELF immolation in Protest of Vietnam War
June 11, 1963
Posted by
Democratic Information Department
at
9:54 AM
0
comments
ဗမာ့ဒီမိုကရေစီမိသားစု(ABCD)မှစီစဉ်တင်ဆက်သောတိုင်းရင်းသား
သွေးချင်းညီနောင်တို့ရဲ့ ရွှေနုတ်ခွန်းဆက်DVDနောက်ဆုံးပိုင်း
ဦးအေးသာအောင် (CRPP)နှင့် စ၀်ဟန်ညောင်ရွှေ တို့၏ပြောကြားချက်များ
Posted by
Democratic Information Department
at
8:48 AM
0
comments
Saturday, March 29, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဦးမြင့်သိန်း(၆၂)နှစ်သည် ယနေ့ မတ်လ၂၉ ရက်၊၂၀၀၈ခုနှစ်၊ဒေသစံတော်ချိန် ည ၈နာရီခန့်တွင် စင်ကာပူနိုင်ငံတွင် အစာအိမ် ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊
မွန်ပြည်နယ်၊ကျိုက်မရောမြို့ နယ်၊ နယ်မြေအမှတ်(၁)မှ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသော ပြည်သူ့ ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်၏ အတွင်းရေးမှုး လည်းဖြစ်ပါသည်။
ပြည်သူဖက်မှ အစဉ် ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်တို့အား ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်သဖြင့်၂၀၀ရ ခုနှစ် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး အတွင်း မြန်မာစစ်တပ်မှ အင်းစိန်ထောင် တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ ပါသည်။
မြန်မာ့ နိုင်ငံရေး လောကတွင် လူကြီး လူငယ်တို့ နှင့် အပြန်အလှန် ယုံကြည် လေးစားမှု၊ ချစ်ကြည် ရင်းနှီးမှု တို့ အား တည်ဆောက်နိုင်ခဲ့သူ တဦးဖြစ်ပါသည်၊ ဦးမြင့်သိန်း ကွယ်လွန်ခဲ့ခြင်းသည် မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲ ၀င်နေသူများ အတွက် ဆုံးရှုံးမှု တရပ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ DID မှလည်း ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရပါကြောင်းဖေါ်ပြအပ်ပါသည်။
Posted by
Democratic Information Department
at
11:56 AM
0
comments
Posted by
Democratic Information Department
at
2:50 AM
0
comments
Wednesday, March 26, 2008
Posted by
Democratic Information Department
at
11:12 AM
0
comments
Wednesday, March 19, 2008
နအဖဘုန်းကြီးဦးပညာဝံသဆိုသူ
အမေရိကန်ကို ထွက်သွားပြီ
သတင်း - ၈၈၈၈ပြည်သူ့နေ့စဉ်


ဒေါက်တာလွဏ်းဆွေဘလောက်မှထပ်ဆင့်ကူးယူဖြန့်ဝေပါသည်။
http://drlunswe.blogspot.com/2008/03/blog-post_3616.html
Posted by
Democratic Information Department
at
6:34 PM
0
comments
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တိုက်ပွဲခေါ်သံကြေညာချက်တွေပြန့်နေ
အတုလော၊အစစ်လောဟုသံသယဖြစ်ဖွယ်ကောင်းနေသည့်ထိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူထု
လှုပ်ရှားမှုကော်မီတီဟူ၍အမည်ပေးထားသောကြေညာချက်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်များ၏ကြိုးပမ်းမှုဖြစ်နိုင်ပေသည်။မည်သို့ပင်ဆိုစေကာမူတိုက်ပွဲဝင်တော့မည့် . . . . .
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား
ဝိုင်းရံကြ
ထောက်ခံကြ
အကာအကွယ်ပေးကြစို့
Posted by
Democratic Information Department
at
2:36 AM
0
comments
ABSDF၏တာဝန်ရှိသူများအားကြိုဆိုပွဲနှင့်နှီးနှောဖလှယ်ပွဲ
ဖို့တ်ဝိန်းမြို့ ၌ကျင်းပခဲ့
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးညီလာခံ ဆုံးဖြတ်ချက် အရ (မကဒတ) ၏ အင်အား ပြန်လည် တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ရာ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော (မကဒတ) မူဝါဒ ၊ လမ်းစဉ်နှင့် ကိုက်ညီသည့် ရဲဘော်များမှ မိမိသဘော ဆန္ဒအလျောက် အဖွဲ့ဝင် အဖြစ် လျောက်ထားနိုင်ပြီး ဗဟို ကော်မီတီမှ စီစစ်၍ အဖွဲ့ဝင်ဖြစ်ခွင့်ရှိသူများအား(မကဒတ) ၏အဖွဲ့ ၀င်သစ်များအဖြစ်သတ်မှတ်ပေးသွား မည်ဖြစ်သည် ဟုသိရှိခဲ့ရပါသည်။
ထိုအခမ်းအနားအားညနေ၅း၃၀ နာရီခန့်တွင်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
Posted by
Democratic Information Department
at
1:44 AM
0
comments
Monday, March 17, 2008
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ပြည်သူများသို့ တိုက်တွန်းချက်
၁။ နအဖလုပ်ဆောင်နေတဲ့ လမ်းပြမြေပုံဆိုတာ သူတို့စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင် အတွက်သာဖြစ်တယ်။ သူတို့ အခြေခံစေတနာကိုက မရိုးသားဘူး။
၂။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ သူတို့ကျင်းပပေးမဲ့ မေလ ပြည်သူ့ဆန္ဒခံယူပွဲကို အခွင့်ကောင်း တရပ်လို့ သဘောထားကြပါ။
၃။ ဗမာပြည်သူတွေအနေနဲ့ ၁၉၆၀ခုနှစ်ရွေးကောက်ပွဲ၊ ၁၉၉၀ရွေးကောက်ပွဲ တွေတုန်းက အသံတိတ် ဆန္ဒပြပွဲဆိုတဲ့ သဘောဆိုတာ သဘောထားပြီး စစ်အာဏာရှင်စနစ်ကို ပယ်ရှားခဲ့ဘူး ပါပြီ။
Posted by
Democratic Information Department
at
6:02 PM
0
comments
ဖို့တ်ဝိန်းမြို့ မြန်မာ့ဒီမိုကရေစီအင်အားစုများ၏
ဖုန်းမော်နေ့ကောင်းမှုကုသိုလ်ပြုပွဲ
Posted by
Democratic Information Department
at
3:53 PM
0
comments
ဖို့တ်ဝိန်းမြို့ ရှိမြန်မာဒီမိုကရေစီအင်အားစုများမှမြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့
နှစ်(၂၀)ပြည့်ကိုဖုန်းမော်နေ့နှင့်တံတားနီနေ့အခမ်းအနားအားကျင်းပခဲ့ကြ
ဒုတိယအစီအစဉ်အား အမေရိကန် စစ်မှုထမ်းဟောင်းများ ခန်းမ၌ ဆက်လက် ကျင်းပခဲ့ရာတွင် ဒေါက်တာ သီဟ မှ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက် ဦးတည်ချက်များအား ပြောကြားခြင်း၊ မမေသန်းရှိန်မှ တံတား နီနေ့အတွေ့ အကြုံများအား ပြောကြားခြင်း၊ မခင်အေးမြင့်မှ ၁၉၈၉ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်း ကျင်းပခဲ့သော ကိုဖုန်းမော် နှစ်ပတ်လည်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များအား ဖတ်ကြားခြင်း တို့အား ပြုလုပ်ခဲ့ပြီး အခမ်းအနား ကျင်းပရေးတာဝန်ခံ ကိုရဲမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး အ ခမ်းအနားအား အရေးကြီးပြီ ကျောင်းသား တော်လှန်ရေး သီချင်းသံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ပါသည်။
Posted by
Democratic Information Department
at
10:07 AM
0
comments
ကရင်အမျိုးသားခေါင်းဆောင်ဖဒိုမန်းရှာလာဖန်းကျဆုံးခဲ့သည့်
(၁)လပြည့်အောက်မေ့ဘွယ်အခမ်းအနားဖို့တ်ဝိန်းမြို့ ၌ကျင်းပ
မတ်လ ၁၅ ရက်၊၂၀၀၈ခုနှစ်နေ့ ၊မွန်းလွဲ ၁နာရီ ခန့်တွင် အမေရိကန်ပြည်ထောင်စု၊အင်ဒီယာနာပြည်နယ်၊
ဖို့တ်ဝိန်းမြို့ နေကရင် မိသားစုများမှဦးစီးကျင်းပခဲ့သောကရင်အမျိုးသားခေါင်းဆောင်ကြီးဖဒိုမန်းရှာလာဖန်း
ကျဆုံးခဲ့သည့် (၁)လပြည့် အောက်မေ့ဘွယ်အခမ်းအနားသို့ နယ်စပ်ဒေသမှအမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)မှ ဥက္ကဌဦးတင်အောင်၊ABSDFမှ အထွေထွေအတွင်းရေးမှုးရဲဘော်ဆန်နီတို့အပြင်
ဖိတ်ကြားထားသောမဟာမိတ်အဖွဲ့အစည်းများ၊ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးများတက်ရောက်ခဲ့ကြပါသည်။
ထိုအခမ်းအနား၌ကရင်အမျိုးသားမန်းဟံသာဝင်းမှအခမ်းအနားမှုးအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနား၌ဖဒိုမန်းရှာ၏ကိုယ်ရေးရာဇ၀င်အားကရင်၊မြန်မာနှစ်ဘာသာဖြင့်ဖတ်ကြားခြင်း၊တက်ရောက်ခဲ့
သောဧည့်သည်တော်များမှဖဒိုမန်းရှာနှင့်ပတ်သက်သောဂုဏ်ယူချီးကျူးဘွယ်အကြောင်းအရာများအားအခမ်း
အနားသို့တက်ရောက်လာသောတော်လှန်ရေးရဲဘော်များအားပြောကြားဂုဏ်ပြုခြင်းနှင့်ကရင်လူငယ်လေးများ
မှကရင်အမျိုးသားဂုဏ်ပြုတေးများသီဆိုဂုဏ်ပြုခဲ့ကြပြီး ၊ညနေ၃နာရီခန့်တွင်ကရင်အမျိုးသားသီချင်းသီဆို၍
အခမ်းအနားအားအောင်မြင်စွာပြီးဆုံးခဲ့ကြပါသည်။
Posted by
Democratic Information Department
at
3:41 AM
0
comments



