Thursday, January 31, 2008

DIDရဲ့မှတ်တမ်းဓါတ်ပုံတွေနဲ့မျှဝေခံစားကြည့်ရအောင်



အထက်ကဓါတ်ပုံတွေကိုအပိုင်းလေးပိုင်းခွဲကြည့်ကြစို့

စာဖတ်သူများကို အထက်ပါဓာတ်ပုံတွေကိုအသေအချာကြည့်ပြီးလေးလေးနက်နက်တွေးကြည့်ကြစေချင်

ပါတယ်။

၁၊ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိတဲ့အမှိုက်ပုံဘေးနေထိုင်နေကြရတဲ့ပြည် သူလူထုဘ၀နဲ့အနာဂါတ်မဲ့ကလေးငယ် လေးများတောင်းရမ်းစားသောက်နေတဲ့ပုံဖြစ်ပါတယ်။ မြန်မာပြည်တွင်းပြည်သူလူထုရဲ့ဘ၀မှန်ပါ၊
၂၊မြ၀တီတဖက်ကမ်းထိုင်းနိုင်ငံနယ်စပ်မှာဖြစ်သလိုနေထိုင်နေကြရတဲ့မြန်မာနိုင်ငံသားတို့ရဲ့ဘ၀နဲ့ထိုင်းနိုင်ငံပိုင်
နက်တွင်းမဲဆောက်၊မြ၀တီတံတားအောက်မှာစားကြွင်းစားကျန်ရှာဖွေစားသောက်နေကြရတဲ့အနာဂါတ်မဲ့မြန်မာ
ကလေးငယ်များဖြစ်ပါတယ်။
၃၊တိုင်းရင်းသားတွေကိုမျိုးဖြုတ်စစ်ဆင်နွဲနေသောမြန်မာစစ်တပ်ကြောင့်ရွာလုံးကျွတ်မီးလောင်ပြာကြခဲ့ရပြီး၊
တောတောင်များအတွင်းလှည့်လည်ရှောင်တိမ်းပုန်းအောင်းနေကြရတဲ့တိုင်းရင်းသားတွေရဲ့အနာဂါတ်မဲ့ဘ၀အခြေအနေဖြစ်ပါတယ်။
၎၊တိုင်းပြည်ရဲ့ဘဏ္ဍာငွေများအားထင်သလိုသုန်းဖြုန်းရမ်းကားနေကြတဲ့နအဖအကြီးအကဲဆိုသူရဲ့သားသမီး
မြေးများနဲ့သူတို့ရဲ့အနွယ်တော်ဝင်များအနေအထားအားဖေါ်ပြနေသည့်ဓါတ်ပုံများဖြစ်ပါတယ်၊

အဲဒီဓါတ်ပုံတွေထဲကဖြစ်ရပ်တွေကိုနိုင်ငံရေးမပါ၊အာဃာတအညှိုးအတေးမပါ၊မနာလိုမုန်းတီးခြင်းမပါ၊ရန်သူ
မိတ်ဆွေမခွဲခြားဘဲ လူသားတယောက်အနေနဲ့လူပီသစွာမည်သူမဆိုအမှန်အတိုင်းခံစားကြည့်ပေးကြပါ၊
ကျုပ်တို့တိုင်းပြည်နဲ့လူမျိုးတွေရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ အနာဂါတ်ဘ၀လုံခြုံမှုအတွက် ကာကွယ်ပေး
နေတယ်လို့အသံကောင်းဟစ်ကြွေးကြော်နေတဲ့ နအဖ ရဲ့အာဏာသိမ်း သက်တမ်း အနှစ် ၂၀အတွင်း
တိုင်းပြည်နဲ့ပြည်သူအတွက် ဘာလုပ်ခဲ့တယ်၊အခုဘာလုပ်နေတယ်ဆိုတာ စဉ်းစားစရာမလို ၊ မေးခွန်း
ထုတ်စရာ မလိုတဲ့အဖြေ လူတိုင်းမှာရှိနေပါလိမ့်မယ်၊ စစ်တပ်အတွင်းကရဲဘော်များလည်း သိနေမှာပါ၊
ဒီတော့အနာဂါတ်မဲ့နေတဲ့ကျုပ်တို့တိုင်းပြည်နဲ့လူမျိုးတွေရဲ့ဘ၀ကိုကယ်တင်ဖို့ကျုပ်တို့ ခင်ဗျားတို့အားလုံးမှာ
တာဝန်ရှိပါတယ်၊ တာဝန်ရှိတာကိုတာဝန်ရှိပါတယ်ဆိုတဲ့အသိတခုတည်းနဲ့ရပ်တန့်နေလို့ကတော့စစ်အာဏာရှင်တွေရဲ့သက်တမ်း
ကိုရှည်အောင်ဆွဲဆန့်ထားပေးသလိုပဲဖြစ်နေဦးမှာပါ။
ဒီတော့တာဝန်ရှိတယ်ဆိုတဲ့အသိကို တာဝန်ယူဖြေရှင်းကြရမယ်ဆိုတဲ့အသိနဲ့ပေါင်းစပ်ပြီး စစ်အာဏာရှင်တွေကို
ဖြုတ်ချဖို့အတွက် လက်တွေ့ကျတဲ့အခြေခံနည်းလမ်းတွေနဲ့ပေါင်းစပ်ပြီးတိုက်ပွဲဝင်ကြရပါမယ်။ ဒီလိုတိုက်ပွဲဝင်နေတဲ့ကာလမှာလည်း ကျုပ်တို့ဟာအဓိကမကျတဲ့အသေးအဖွဲအကြောင်းအရာတွေ တဦးနဲ့တဦး မတူညီနိုင်တဲ့သဘောတရားရေးရာတွေကိုဘေးဖယ်ထားနိုင်ဖို့သိပ်ကိုလိုအပ်ပါတယ်။ ကျုပ်တို့ရဲ့တန်ဖိုးရှိတဲ့ ကိုယ်ပိုင် အချိန်တွေကို တယောက်နဲ့တယောက်အကျိုးမဲ့စေမယ့်ဝေဖန်အပြစ်တင် ခြင်းတွေနဲ့မကုန်ဆုံး စေဖို့
လည်း ဒီလိုအချိန်မှာအင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်ကျုပ်တို့အားလုံးဟာ ညီညွတ်ရေးကိုရှေ့ရှုတဲ့ အသုံးအနှုံးတွေကိုလက်ကိုင်ထားပြီး ကျုပ်တို့ရဲ့ဘုံရန်သူဖြစ်တဲ့စစ်အုပ်စုကိုသူတို့နဲ့ဘယ်လိုမှမထိုက်တန်တဲ့
နေရာကနေအမြန်ဆုံးဖယ်ရှားပစ်ကြရပါမယ်။
ပထမဆုံးအဆင့်အနေနဲ့ကတော့ဘုံရန်သူ နအဖ ကိုဖယ်ရှားပစ်ရမယ်ဆိုတဲ့ဘုံသဘောတူညီချက်ပေါ်မှာ
အမြန်နိုင်ဆုံးသော၊အဖြစ်နိုင်ဆုံးသောနည်းလမ်းတွေသုံးပြီး တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်၊ မြန်မာပြည်သူလူထုတရပ်လုံးစစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရန်တိုက်ပွဲဝင်နေကြသော
ရဲဘော်အပေါင်းတို့ ကျုပ်တို့အားလုံးအသိအမှတ်ပြုထားတဲ့ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ရဲ့ဦးဆောင်မှုနဲ့ရန်သူကိုရင်ဆိုင်တော်လှန်ဖို့အဆုံးသတ်တိုက်ပွဲအတွက်ပြင်ဆင်ကြစို့။

တော်လှန်ရေးဂါဝရတရားဖြင့်
DID




ဖတ်ကြည့်ချင်သေးလား....

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)၏
၆၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားဖိတ်ကြားလွှာ

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 30, 2008

ဝါရင့် မြန်မာ့နိုင်ငံရေး၊တော်လှန်ရေးသမားများ၏ပြောကြားချက်
အပိုင်း(၂)

နိုင်ဟံသာ (အထွေထွေအတွင်းရေးမှုး)မွန်ပြည်သစ်ပါတီ



ဖတ်ကြည့်ချင်သေးလား....

Tuesday, January 29, 2008

တော်လှန်ရေးအတိုက်အခံအင်အားစုများရဲ့ဒီမိုကရေစီလမ်းပြမြေပုံ ညီလာခံ(သို့မဟုတ်)

ဖို့တ်ဝိန်းညီလာခံကျင်းပရန်သေချာပြီဟုသိရ



အမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်နေကြသောမြန်မာ့ဒီမိုကရေစီရေးအင်အားစုများ

ဦးဆောင်ကျင်းပမည်ဖြစ်သော တတိယအကြိမ်မြောက် ဒီမိုကရေစီလမ်းပြမြေပုံ ညီလာခံ

(သို့မဟုတ်)ဖို့တ်ဝိန်းညီလာခံ အား ၂၀၀၈ ခုနှစ်မတ်လ ၁ ၊ ၂ ရက်နေ့များတွင်အမေရိကန်

ပြည်ထောင်စု၊အင်ဒီယာနာပြည်နယ်၊ဖို့တ်ဝိန်းမြို့ ၌ ကျင်းပကြမည်ဟုထိုညီလာခံကျင်းပရေး

ကော်မီတီ၏တာဝန်ခံများမှDID သို့တရားဝင်ပြောကြားခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင်ပထမအကြိမ်ညီလာခံ၊၂၀၀၄ ခုနှစ်တွင် ဒုတိယအကြိမ် ညီလာခံများအား

ကျင်းပခဲ့ပြီးဖြစ်ပါသည်။

ထိုညီလာခံများသို့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရနှင့်၊ပြည်ထောင်စုမြန်မာ

နိုင်ငံအမျိုးသားကောင်စီ၏နိုင်ငံရေးဦးဆောင်မှုအောက်တွင်နိုင်ငံတကာရှိမြန်မာ့ဒီမိုကရေစီ

အင်အားစုအသီးသီးနှင့်နယ်စပ်ဒေသအသီးသီးမှတော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံတို့မှ

တက်ရောက်ခဲ့ကြသည်ဟုလည်းသိရပါသည်။

ယခုအကြိမ်ညီလာခံတွင်လည်းနယ်စပ်ဒေသများမှတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့်နိုင်ငံ

တကာရောက်မြန်မာ့ဒီမိုကရေစီအင်အားစုအသီးသီးမှကိုယ်စားလှယ်များတက်ရောက်ကြမည်

ဖြစ်သည်ဟုသိရပါသည် ။

DID အနေဖြင့်ကြားသိသမျှသတင်းကိုသာဖေါ်ပြခြင်းဖြစ်ပါ၍ပိုမိုတိကျပြည့်စုံသောသတင်းအချက်

အလက်များရရှိလိုပါကညီလာခံကျင်းပရေးကော်မီတီထံဆက်သွယ်ကြဖို့အကြံပြုပါသည်။

အီးမေးလိပ်စာကတော့

democracyroadmap@yahoo.com



ဖတ်ကြည့်ချင်သေးလား....

Sunday, January 27, 2008

မြန်မာပြည်တွင်းမှသာမာန်ပြည်သူတဦးရဲ့ခံစားချက်အသံ
မျှဝေခံစားကြည့်ရအောင်


ဖတ်ကြည့်ချင်သေးလား....

Thursday, January 24, 2008

မြန်မာပြည်တွင်းအီးမေးဖြင့်နအဖဆန့်ကျင်ရေးစာဖြန့်ဝေနေ မြန်မာပြည်တွင်း၌အီးမေးဖြင့်နအဖစစ်အုပ်စုအားဆန့်ကျင်သည့်စာများဖြန့်ဝေနေသည်ဟု
သတင်းရရှိပြီးထိုစာများတွင်းမှ အာဏာရှင်များအားအစွယ်ရိုက်ချိုးခြင်း ခေါင်းစဉ်တပ်ထားသော စာတစောင်အားမြန်မာပြည်တွင်းရှိလူထုသဘောကျနှစ်သက်နေသဖြင့်အများသူငါဖတ်နိုင်စေရန်
DID မျှဝေပေးလိုက်ပါသည်။


ဒီနေရာမှာ- ဖတ်ကြည့်ရန်လင့်

ဖတ်ကြည့်ချင်သေးလား....

ဝါရင့် မြန်မာ့နိုင်ငံရေး၊တော်လှန်ရေးသမားများ၏ပြောကြားချက်
အပိုင်း(၁)

နိုင်ဟံသာ (အထွေထွေအတွင်းရေးမှုး)
မွန်ပြည်သစ်ပါတီ


ဖတ်ကြည့်ချင်သေးလား....

မှော်ဘီGTC (ယခင်အင်းစိန်GTI) တွင်ကျောင်းသားများမကျေနပ်မှုကြီးထွားနေပြီ

ရန်ကုန်

ယခုရက်ပိုင်းအတွင်းရန်ကုန်တိုင်းမှော်ဘီရှိ GTC ကျောင်း ၊ (ယခင်အင်းစိန်GTI အားပြောင်းရွှေ့ ) ရှိစက်မှု
ကျောင်းသားများအားမတရားဖိနှိပ်အုပ်ချုပ်နေသည့်အတွက်ကြောင့်ကျောင်းသားများနှင့်အုပ်ချုပ်ရေးပိုင်းမှဆရာ များအကြားမကျေနပ်မှုများ၊ပြသနာများကြီးထွာနေပြီဟုသတင်းရရှိပါသည်။
ထိုGTC တွင်တက်ရောက်နေသောကျောင်းသားများအားအထက်တန်းကျောင်းသားများကဲ့သို့ကျောင်းစည်းကမ်း များအားတင်းကျပ်စွာဖြင့်မည်သည့်စာသင်ချိန်တွင်မဆိုအချိန်ပြည့်စာသင်ခန်းတွင်နေရခြင်း၊စားသောက်ဆိုင်
တန်းများတွင်လက်ဘက်ရည်ဆိုင်ထိုင်ခြင်း၊အအေးဆိုင်ထိုင်ခြင်းအစရှိသည်များအားအချိန်အကန့်အသတ်ဖြင့်
သွားရောက်စေခြင်း၊များကြောင့်စက်မှုကျောင်းသားများ၏ဘ၀သည်ထောင်ကျအကျဉ်းသားတဦးကဲ့သို့ခံစား
နေရပြီးလွတ်လပ်စွာပညာသင်ကြားခွင့်မရသဖြင့်ကျောင်းအုပ်ချုပ်သူများနှင့်ကျောင်းသားများ၏ဆက်ဆံရေးမှာ
တနေ့တခြားဆိုးရွားနေပြီးပေါက်ကွဲလုအနေအထားသို့ရောက်နေပြီဖြစ်ပါသည်။
GTC ကျောင်းအုပ်ကြီးမှစ၍အုပ်ချုပ်ရေးပိုင်းရှိတာဝန်ရှိဆရာအသီးသီးတို့သည် ဆရာစစ်စစ်မဟုတ်ဘဲနအဖ
သင်တန်းအသီးသီးမှဝါဒမှိုင်းသွင်းထားခြင်းခံထားရသူများ ဖြစ်ပြီးသိပ္ပံနှင့်နည်းပညာဝန်ကြီးဦးသောင်းလက်သတ် မွေးထားသောနအဖလက်ပါးစေများပင်ဖြစ်ကြကြောင်းလည်းထိုသတင်းပေးပို့ချက်တွင်ပါရှိပါသည်။
မြန်မာကျောင်းသားထုအားအကြောက်တရားဖြင့်အုပ်ချုပ်ရန်ကြိုးပမ်းနေသောစစ်အာဏာရှင်တို့၏အားထုတ်မှု
များသည်မြန်မာ့သမိုင်းတွင်ခေတ်အဆက်ဆက်အစဉ်အလာကြီးခဲ့သောမြန်မာကျောင်းသားတို့၏ ခွပ်ဒေါင်း
စိတ်ဓါတ်အားကြောက်ရွံ့နေခြင်းဖြစ်ကြောင်းသက်သေခံခြင်းပင်ဖြစ်ပါသည်။
မည်သည့်ခြိမ်းခြောက်မှုမျိုးနှင့်မဆိုမျိုးဆက်သစ်ခွပ်ဒေါင်းတို့၏တော်လှန်စိတ်ဓါတ်အားရိုက်ချိုးမရဟုမျိုးဆက်
သစ်ကျောင်းသားတဦးမှDIDသို့ပြောကြားခဲ့ပြီး ၊ စစ်အာဏာရှင်တို့အားပြုတ်ကျသည်အထိဆက်လက်တိုက်ပွဲဝင် နေကြမည်ဟုလည်းထိုကျောင်းသားမှထပ်လောင်းဂတိပေးပြောကြားသွားခဲ့ပါသည်။

ဖတ်ကြည့်ချင်သေးလား....

အမေရိကားမှကမ္ဘာကျော်နာမည်ကြီးမလေးနှစ်ယောက်မြန်မာပြည်
သင်္ကြန်သွားမယ့်အစီအစဉ်

DID ပရိတ်သတ်များခင်ဗျားပြီးခဲ့တဲ့ ၁၅ရက်နေ့မှာအထက်ဖေါ်ပြပါခေါင်းစဉ်နဲ့သတင်းလိုလို၊အတင်းလိုလိုနဲ့
DIDမှဖေါ်ပြခဲ့သည်မှာအမှန်တကယ်မဟုတ်ပါ၊
http://www.thespoof.com/ ဆိုသည်မှာဟာသနှင့်
ကောလဟလများ အားအပြောင်အပျက်ရေးသားဖေါ်ပြသည့်ဝက်ဆိုက်တခုဖြစ်ပါသည်။
ကျွန်ုပ်တို့အဖွဲ့ဝင်တဦးမှဤကဲ့သို့ဟာသ သတင်း ၌မူလလိပ်စာအား ဖေါ်ပြခဲ့သော်လည်း၊ DID၏ နောင်အရေးကြီးသည့်သတင်းဖေါ်ပြချက်များတွင်ယုံကြည်မှု လျော့ပါးစေမည်ဟုပရိတ်သတ်များမှအကြံပြု
ချက်အရထိုဟာသ သတင်းအားဖေါ်ပြခဲ့ရာတွင်ပွင့်ပွင့်လင်းလင်း မဖေါ်ပြမရေးသားခဲ့ခြင်းအားခွင့်လွှတ်ပါရန်
အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 23, 2008

ရဲရဲတောက်ကဗျာဆရာစောဝေအဖမ်းခံရပြီ
မြန်မာစစ်အာဏာရှင်များ၏ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးမှုကြောင့် အာဏာ(နာ)ရုးကြီး မှူးကြီးသန်းရွှေ ဟုဖေါ်ပြပါရှိသောကဗျာရှင်ဆရာစောဝေသည် ယမန်နေ့ကဖမ်းဆီးခံခဲ့ရပြီဟုသိရသည်။

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီးတင်မိုးအမှတ်တရအထိမ်းအမှတ်အနေဖြင့်မြန်မာ့ဂန္ထ၀င
အနုပညာရှင်မာမာအေးမှဆရာကြီးကဗျာများအားရွတ်ဆိုဂုဏ်ပြုခြင်း



ဖတ်ကြည့်ချင်သေးလား....

Tuesday, January 22, 2008

ဂုဏ်ထူးဆောင်ပြည်သူ့အမျိုးသားစာဆိုရှင်ဆရာကြီးတင်မိုးကွယ်လွန်ခြင်း
(၁)နှစ်ပြည့်အထိမ်းအမှတ်တွင် DID မှ ကိုမျိုး၏လက်ရာသစ် ဖြင့်
ဆရာကြီးအားဂါဝရပြုပါ၏

ဖတ်ကြည့်ချင်သေးလား....

ရဲရဲတောက် ကဗျာဆရာစောဝေ ရေပြေးနိုင်မှလွတ်မယ်


ဇန်န၀ါရီ(၂၁)ရက်ထုတ်အချစ်ဂျာနယ်စာမျက်နှာ(၆)တွင်ကဗျာဆရာစောဝေ၏ဖေဖေါ်ဝါရီဆယ့်လေးကဗျာ

အားဖေါ်ပြပါရှိခဲ့သည်ဖြစ်ရာကဗျာ၏တစ်ကြောင်းချင်းထိပ်စီးစာသားများမှာအာဏာ(နာ)ရူးကြီးမှူးကြီး

သန်းရွှေ ဖြစ်နေပါသည်။

ဤကဗျာသည်တိုက်ဆိုင်မှုလေလား၊တမင်တကာရည်ရွယ်လေသလားဟူသည်မှာကဗျာဆရာ၏အရည်အချင်း

ပင်ဖြစ်ပါသည်။

သို့သော်လည်းထုတ်ဝေသူနှင့်အယ်ဒီတာများအား စာပေစီစစ်ရေးနှင့်ထောက်လှမ်းရေးမှခေါ်ယူစစ်ဆေးနေပြီး

ကဗျာဆရာစောဝေမှာတိမ်းရှောင်နေသည်ဟုသိရသည်။



ကဗျာဆရာစောဝေ၏လက်ရာပြောင်မြောက်သောကဗျာ

ဖတ်ကြည့်ချင်သေးလား....

Monday, January 21, 2008

ဖို့တ်ဝိန်းမြို့ ၌အမျိုးသားစာပေပညာရှင်ဆရာကြီးတင်မိုးကွယ်လွန်ခြင်း(၁)နှစ်ပြည့်
အောက်မေ့ဘွယ်အခမ်းအနားအားဇေတ၀န်ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့
သတင်းဓါတ်ပုံကြည့်ရန်

ဖတ်ကြည့်ချင်သေးလား....

Sunday, January 20, 2008

အမျိုးသားစာပေပညာရှင်ဆရာကြီးတင်မိုး၏ဆုံးမစကား

ဖတ်ကြည့်ချင်သေးလား....

အိမ်ပြန်ပို့ခိုင်းသွားတဲ့ပြည်သူပိုင်သောအမျိုးသားစာပေပညာရှင်
ဆရာကြီးတင်မိုးထားရစ်ခဲ့သောဖို့တ်ဝိန်းမြို့ အတွက်ကဗျာတပုဒ်

ဖတ်ကြည့်ချင်သေးလား....

VOICE OF 88 GENERATION STUDENTS

၈၈မျိုးဆက်ကျောင်းသားများ၏အသံအစီအစဉ်

ကိုယဉ်အေး

ဖတ်ကြည့်ချင်သေးလား....

Friday, January 18, 2008

ABCDမှဖြန့်ဝေခဲ့သောDVD
သာသနာ့ဥသျောင်အဖွဲ့ဥက္ကဌ ပီနန်ဆရာတော်၏မိန့်ကြားချက်


ဖတ်ကြည့်ချင်သေးလား....

Thursday, January 17, 2008

ဖို့တ်ဝိန်းလှုပ်ရှားမှုများ

ကဗျာဆရာကြီးဦးတင်မိုးအမှတ်တရ
ပြည်သူချစ်သော ကဗျာဆရာကြီးဦးတင်မိုး ကွယ်လွန်ဘ၀တပါးကူးပြောင်းခဲ့သည့်တနှစ်ပြည့်အောက်မေ့ဘွယ်
အခမ်းအနားနှင့်ကုသိုလပြုဆွမ်းကျွေးပွဲအားဇန်န၀ါရီ၂၀ ရက်၊တနင်္ဂနွေနေ့တွင်ဇေတ၀န်ဘုန်းတော်ကြီးကျောင်း
ကျင်းပကြမည်ဖြစ်ပါသည်။ အချက်အလက်အပြည့်အစုံသိလိုပါကကိုခင်မောင်လေးထံစုံစမ်းနိုင်ပါသည်။
ကိုခင်မောင်လေး -ဖုန်း(၂၆၀)၂၄၆-၀၁၇၃

ရမ်ဘိုရုပ်ရှင်ကမ်ပိန်း
( ၂ဝဝ၈ ခုနှစ် ၊ ဇန်န၀ါရီလ ၊ ၂၅ ရက် ၊ ဗုဒ္ဓဟူးနေ့) အင်ဒီးယားနား ပြည်နယ်၊ဖို့တ်ဝိန်းမြို့ တွင် ရုံတင်ပြသတော့
မည်ဖြစ်သည့်ရုပ်ရှင်မင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားသောမြန်မာပြည်နှင့်စပ်လျဉ်းသည့်
(He Is Back) ရမ်ဘို ဟောလီးဝုဒ် ရုပ်ရှင်ဇတ်ကားစတင်ရုံတင်မည့်နေ့မှစပြီးဆုံးသည့်နေ့ထိ(၈၈) မျိုးဆက်
ကျောင်းသားများ ( ပြည်ပ )အဖွဲ့ဝင်များမှ အနီရောင်တီရှပ်တွင် ( Stop Killing , Support Free Burma,Join Our Movement, Free Burma ) စသည့် စာတန်းများအားရိုပ်နှိပ်ပြီးတူညီဝတ်စုံဝတ်ဆင်သွားမည်ဖြစ်ပြီး၊
ထိုရုပ်ရှင်ပြသမည့်ရုံတွင်မြန်မာစစ်အာဏာရှင်တို့မှပြည်သူလူထုအားမတရားဖိနှိပ်ရက်စက်သတ်ဖြတ်ခဲ့သော
ဓါတ်ပုံ၊ပိုစတာ၊သရုပ်ဖေါ်ပန်းချီကားများနှင့်အခြားလက်ကမ်းစာစောင်များအားဖြန့်ဝေသွားမည်ဖြစ်သည်ဟု
သိရပါသည်။အသေးစိတ်သိလိုပါကအောက်ဖေါ်ပြပါပုဂ္ဂိုလ်များအားဆက်သွယ်ပါ။
၁ ။ကိုအောင်မြင့်ထွန်း ( ၂၆ဝ ) ၄၄၃ - ၅၁၅ဝ
၂ ။ ကိုနိုင်ကြီး ( ၆၄၆ ) ၄၁၃ - ၈၆၃ဝ
၃ ။ မမေသန်းရှိန် ( ၂၆ဝ ) ၈ဝ၄ - ၂ဝ၃၁



ဖတ်ကြည့်ချင်သေးလား....

နအဖအားခြိမ်းခြောက်မှုများတိုးနေပြ

ကျောင်းသား၊ရဟန်းရှင၊်ပြည်သူလူထုတို့အားခေတ်အဆက်ဆက်လက်နက်အားကိုးပြီးမတရားသဖြင့်နှိပ်စက်
သတ်ဖြတ်နေခဲ့သောမြန်မာစစ်အာဏာပိုင်တို့အား၂၀၀၇ ခုနှစ်ရွှေဝါရောင်တောင်လှန်ရေးအပြီးတွင်မြန်မာ
နိုင်ငံသူနိုင်ငံသားအပေါင်းမှမည်သို့မျှခွင့်လွှတ်နိုင်စွမ်းမရှိသကဲ့သို့မည်သည့်နည်းလမ်းဖြင့်တိုက်ပွဲဝင်ကြမည်ကို
အစဉ်တစိုက်အားထုတ်ကြိုးပမ်းနေကြပါသည်။
ယ္ခုလဆန်းပိုင်းအတွင်းလားရှိုးတန့်ယန်းဒေသအတွင်းမြန်မာပြည်တွင်းသို့စီးဝင်မည့် အေကေမောင်းပြန်သေနတ် အလက် ၅၀ တင်ဆောင်ထားသောမော်တော်ကားအားဖမ်းမိပြီးနောက်စစ်တပ်အတွင်းစိုးရိမ်မှုများတိုးပွားနေ
သည်ဟုလည်းသတင်းရရှိခဲ့ပါသည်။
စစ်တပ်တွင်းပုန်ကန်မှုများရှိလာနိုင်သည်ဟုလည်းယူဆနေကြပြီးစစ်တပ်အရာရှိများအားနေရာအပြောင်းအရွှေ့ ၊တပ်အပြောင်းအရွှေ့များပြုလုပ်နေကြပါသည်။ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်ကိုင်းတိုင်းအတွင်းပစ်မိန့်
ပေးခဲ့ရာတွင်သံဃာတော်များအားမပစ်နိုင်ဟုအမိန့်ငြင်းဆန်ခဲ့သည့်အတွက်တပ်မ၊တပ်ရင်းမှုးဗိုလ်မှုးကြီးနေ၀င်း
အား အထက်အရာရှိများမှခေါ်ယူစစ်ဆေးခဲ့ပြီှး .........

မင်းကို ဘုန်းကြီးတွေပြည်သူတွေထမင်းကျွေးတာမဟုတ်ဘူး၊ငါတို့စစ်တပ်ကထမင်းကျွေးတာ......

ဟုဆဲဆိုကြိမ်းမောင်းခဲ့ပြီးပွင်းလင်းရာသီထိုးစစ်များပြင်းထန်နေသောကရင်ပြည်နယ်ဖက်သို့ပြောင်းရွှေ့ခံရသည်
ဟုသိရပြီးစစ်တပ်တွင်း၌လည်းထိုကဲ့သို့မတရားသဖြင့်အမိန့်ပေးခိုင်းစေမှုများအတွက်ကြောင့်လည်းကောင်း၊
အနိုင်အထက်ပြုကျင့်မှုများကြောင့်လည်းကောင်းမကျေနပ်မှုများကြီးထွားနေသည်ဟုစစ်တပ်နှင့်နီးစပ်သော
အသိုင်းအ၀ိုင်းမှသတင်းများထွက်ပေါ်နေပါသည်။
အကြောက်တရားဖြင့်ပြည်သူလူထုအားမတရားဖိနှိပ်နေသူတို့အားပြည်သူများမှပြန်လည်၍အကြောက်တရား
ပေးနေသည့်အတွက်ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများမှလည်းစစ်တပ်အခက်တော်လှန်ရေးအင်အားစု
အချက်ဟူသောစကားလုံးအားလက်တွေ့အသုံးချ၍တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ကြပါစို့၊ စစ်အာဏာရှင်များအားအမြစ်ဖြတ်ချေမှုန်းကြပါစို့။




ဖတ်ကြည့်ချင်သေးလား....