Friday, June 18, 2010
ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်
Posted by Thadar (မသဒ္ဓါ ) at 5:11 AM 4 comments
Friday, February 12, 2010
NLD မှ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနား 2010 feb 12
ဒီနေ့လည်း NLDဗဟိုရုံး အပြင် ပြည်ထောင်စုနေ့ကို အလုံမြို့နယ်ရုံးတွင် လည်း ကျင်းပလုပ်ကြပါသည်။ ၃း၀၀ မှ ၆း၀၀ ထိ အခမ်းအနား တက်ရောက်လာသူများအား ကြက်သားပလာတာ နဲ့ လိမ္မော်ရည်တိုက်ကြောင်း သိရပါဘည်။
မနက်ဖန် ၁၃-ရက် ဗိုလ်ချုပ်မွေးနေ့၌ လည်း အေးအေးချမ်းချမ်း နဲ့ ၆-နေရာလောက်ထိ အနည်းဆုံးကျင်းပ သွားမည် ဟု သတင်းရရှိပါသည်။
Posted by Thadar (မသဒ္ဓါ ) at 11:28 AM 2 comments
Tuesday, February 9, 2010
ငါတို့ ပြည်သူများအတွက် ကူညီဝိုင်းကြ ( အလုပ်သမားသပိတ်စစို့ )
Posted by Thadar (မသဒ္ဓါ ) at 3:45 PM 1 comments
Thursday, October 1, 2009
သင့်ကိုစစ်တပ်မှအလိုရှိသည်
တိုက်ရဲခိုက်ရဲတိုက်ချင်ခိုက်ချင်သူများ
သင့်ကိုစစ်တပ်မှအလိုရှိသည်
ကဲရဲဘော်တို့ နအဖ စစ်တပ်တော့မဟုတ်ဘူး
အမေရိကန်စစ်တပ်ကသင့်ကိုအလိုရှိနေပြီ
အဓိကလိုအပ်ချက်ကမြန်မာနိုင်ငံကနေအမေရိကန်မှာတရားဝင်နေထိုင်ခွင့်ရှိဖို့လိုတယ်၊ နိုင်ငံရေးခိုလှုံခွင့်ရထားသူ၊ ဒုက္ခသည်၊ ယာယီနေထိုင်ခွင့်ရထားတဲ့သူတွေ
ကျောင်းသားဗီဇာနဲ့လာတာမျိုး၊ အစိမ်းရောင်ကဒ်တောင်မလိုဘူး နိုင်ငံသားတန်းးပေးမယ်ဆိုဘဲ၊
နောက်ထူးခြားတာက မြန်မာစကားပြောတတ်သူကိုအလိုရှိတာတဲ့နော်
အတည်ပြုချက်မရနိုင်သေးတဲ့သတင်းအရ မြန်မာအယောက် ၁၀၀၀ လိုတယ်တဲ့
ကဲရဲဘော်တို့အသင့်ပြင်
ဒီထက်သတင်းအတိအကျသိချင်ရင် မန္တလေးဂေဇက်ကအယ်ဒီတာကိုမေးပေတော့၊ လျောက်လွှာပုံစံကိုပို့ပေးမယ်လို့ပြောတာဘဲ၊
ဆက်သွယ်ရမယ့် အီးမေးလ် က
Kai@mandalaygazette.com
နောက်နေတာမဟုတ်ဘူးနော်အတည်ပြောတာ
Summary
Rest of your post
Posted by Democratic Information Department at 8:20 PM 0 comments
Tuesday, September 29, 2009
DID အထူးသတင်း
DID အထူးသတင်း
စက်တင်ဘာ ၂၉ရက် ၊၂၀၀၉ခုနှစ်
စက်တင်ဘာ ၂၈ ရက် ၊၂၀၀၉ ခုနှစ် အမေရိကန်ပြည်ထောင်စု ၊ နယူးယောက် မြို့ တော်ကြီး
တွင်မြန်မာ့ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်သူများမှမြန်မာစစ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ
အားဖိနပ်နှင့်ပစ်ပေါက်ခြင်းနှင့်စပ်လျဉ်းသည့်နောက်ဆက်တွဲ သတင်းများထွက်ပေါ်လျက်ရှိ
ပါသည်။
ရန်ကုန်မြို့ လူထုမှလက်ဘက်ရည်ဆိုင်၊ဈေး၊ကျောင်းနေရာဒေသအသီးသီးတွင်ဖိနပ်စာမိသွား
သောသိန်းစိန်နှင့်ဥာဏ်ဝင်းသတင်းအတွက်ဝမ်းသာကျေနပ်နေသကဲ့သို့နယူးယောက်မြန်မာ့ဒီမိုကရေစီသူရဲကောင်းများအားဂုဏ်ယူလေးစား ကြောင်း သတင်းများတဖွဲဖွဲရရှိနေပါသည်။
ထိုသတင်းများထဲ၌ထူးခြားသောသတင်းတပုဒ်အားရန်ကုန်မြို့ ယုံကြည်ရသည့်၈၈မျိုးဆက် အသိုင်းအ၀ိုင်းမှပေးပို့လာပါသည်။
ထိုသတင်းအဆိုအရ တိုနေ့၌ပစ်ပေါက်ခဲ့သည့်ဖိနပ်မှာပြည်တွင်းပုဂ္ဂိုလ်တဦး၏အထူးအစီအမံဖြစ် ကြောင်း၊ထိုဖိနပ်တွင် ၀ိဇ္ဇာအတတ်ပညာအင်းအစီအမံများထည့်ထားကြောင်းနှင့် ၉၉ ဒေါ်လာ တန်ဖိုးရှိသောဖိနပ်အားရှာဖွေဝယ်ထားခိုင်းခဲ့ကြောင်း၊ပြည်တွင်းတွင်ထိုသို့ချဉ်းကပ်ပစ်ပေါက်
ရန်မလွယ်သဖြင့်ပြည်ပနိုင်ငံများသို့ခိုင်းစေခဲ့ကြောင်းကြားသိရပါသည်၊
ထိုသတင်းအရ ထိုနေ့ နယူးယောက် ဖိနပ်စာကျွေးပွဲတွင်ပါဝင်ခဲ့သူ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်ကိုမိုးသီးဇွန်အား DID မှဆက်သွယ်မေးမြန်းခဲ့ရာတွင် ကိုမိုးသီးဇွန်မှထိုကိစ္စနှင့်
ပတ်သက်၍မိမိအနေဖြင့်မသိရှိကြောင်း ငြင်းဆိုခဲ့ပါသည်၊
မည်သို့ပင်ဆိုစေကာမူပြည်တွင်းအင်အားစုများမှပြောကြားရာတွင်အဓမ္မ၀ါဒီများ၊မိစ္ဆာအယူဝါဒ
များကိုးကွယ်ဆည်းကပ်သူမြန်မာစစ်အုပ်စုအားမြန်မာ ပြည်သူလူထုမှဆက်လက်မေတ္တာမထား
နိုင်တော့ကြောင်းနှင့်ထိုကဲ့သို့ရှေးမြန်မာ ၀ိဇ္ဇာ အတတ်ပညာများအားပြန်လည် ဖေါ်ထုတ်အသုံး
ပြု၍ လူထုတရပ်လုံးပါဝင်နိုင်သည့်တိုက်ပွဲ ဖြင့် နအဖစစ်အုပ်စုအားအပြုတ်တိုက်တော့မည်ဟု DID အားပြောကြားခဲ့ပါသည်၊
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းပြည်တွင်း၌သံဃာတော်များမှပြည်သူလူထုထံ လူသတ်စစ်အုပ်စု
အားကျိန်ဆိုရန်ကျိန်စာဖြန့်ဝေခြင်း၊ ထိုကျိန်စာဖြန့်ဝေပြီးရက်ပိုင်းအတွင်းနေပြည်တော်ပတ်ဝန်းကျင်တွင်ငလျင်လှုပ်ခတ်ခြင်း၊အစရှိသည့် သိပ္ပံခေတ်လူငယ်များမယုံကြည်နိုင်သည့်အရာများသည်တိုက်ဆိုင်မှုပေလော၊
သို့တည်းမဟုတ်နမိတ်စပြခြင်းလောဟူသည်မှာကျွန်ုပ်တို့အတွက် တွေးစရာဖြစ်လာပေပြီ ၊
ကျွန်ုပ်တို့အနေဖြင့်မြန်မာပြည်သူလူထုတို့အားစတင်ဦးဆောင်တော့မည့်လက်နက်မပါသောလူထုတော်လှန်ရေးတိုက်ပွဲသစ်နည်းပညာရပ်များဖြင့်စစ်အာဏာရှင်တို့အားအမြစ်ပြတ်တိုက်နိုင် မည်ဆိုပါကမည်သည့်နည်းမဆိုလက်ခံရမည်ဖြစ်ပေသည်၊
ကိုမိုးသီးဘလောက်မှဖိနပ်ကြော်ညာ
ဖိနပ်ဝယ်မယ်ဆိုရင် - Aldo မှ စိတ်ချရတယ်။
Summary
Rest of your post
Posted by Democratic Information Department at 10:37 PM 0 comments
Wednesday, September 2, 2009
၂၀၁၀ ခုနှစ် အကြိုအုပ်စုပတ်လည် မြန်မာနိုင်ငံဘောလုံးပြိုင်ပွဲ
Posted by Democratic Information Department at 8:46 AM 0 comments
Sunday, August 30, 2009
The Philanthropist (မြန်မာပြည်)
NBC ရုပ်မြင်သံကြားဌာနကပြသခဲ့တဲ့ရုပ်သံဇာတ်လမ်းတွဲ
The Philanthropist ( မြန်မာပြည်)
Posted by Democratic Information Department at 11:12 PM 0 comments
Sunday, July 19, 2009
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ
Who is Aung San? What is his Speech? part 1
Who is Aung San? What is his Speech? part 2
နောက်ခံ မိန့် ခွန်းကို http://www.lovelamp88.co.cc/ မှမျှဝေတာပါ။
Posted by Thadar (မသဒ္ဓါ ) at 1:11 AM 0 comments
Sunday, April 26, 2009
ဒို့ ကျောင်းသား
မင်းကိုနိုင်ကို ကိုရီးယားက ဆုပေး
Friday, 24 April 2009 19:29 အေးလဲ့
တောင်ကိုရီးယားနိုင်ငံမှ ၂၀၀၉ ခုနှစ် ဂွမ်န်ဂျူး(GwangJu) လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက်သစ်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်ကြောင်း အန်အယ်လ်ဒီ -အယ်လ်အေ (ကိုရီးယားဌာနခွဲ) ကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ)(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး၂ ဖြစ်သူ ကိုဇော်မိုးအောင်က“ နိုင်ငံတကာအသီးသီးက ဒီဆုရရှိဖို့ အတွက် စာရင်း တင်သွင်း ကြတယ်၊ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်း ဂွမ်န်ဂျူး မြို့မှာ ရှိတဲ့ may 18 Foundation က ဒီနေ့မနက် ၁၁ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟု ပြောသည်။
ယင်းဆုပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၈ရက်နေ့ ညနေပိုင်းတွင် ဂွမ်န်ဂျူး မြို့ရှိ May 18 Memorial ခန်းမတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ဂွမ်န်ဂျူး ဆုတွင် ရွှေတံဆိပ်ဆု အပါအဝင် ကိုးရီယားဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀၀) နှင့် ဂုဏ်ပြု ဘွဲ့လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။
ယင်းဆုအတွက် ကိုရီးယား အန်အယ်လ်ဒီ အဖွဲ့က မတ်လတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ အဆို တင်သွင်းရန် ကိုမင်းကိုနိုင်၏ ကိုယ်ရေးသမိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်းနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့မှ ကူညီပြုစုပေးခဲ့ ကြသည်။
ထိုဆုကို ကိုးရီးယားနိုင်ငံ နိုင်ငံရပ်ခြားမှ တသီးပုဂ္ဂလများ၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းတို့မှ လူ့အခွင့် အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်သူတို့ကိုချီးမြှင့်ခြင်းဖြစ်သည်။
၁၉၈၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင် စနစ်ကို ဂွမ်န်ဂျူးမြို့ရှိ ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီလူထုအုံကြွမှု စိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် ယင်း လူ့ အခွင့်အရေးဆုကို ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ထိုဆုကို ၂၀၀၄ခုနှစ်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ချီးမြှင့် ခဲ့ပြီး ယင်း ဆုငွေနှင့် ရွှေတံဆိပ်ဆုကို ယခုအချိန်အထိ အန်အယ်လ်ဒီ အယ်လ်အေမှ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းလည်း ကိုဇော်မိုးအောင်က ပြောသည်။
ဂွမ်န်ဂျူး လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ နှစ် ပြည့်မြာက်ပြီဖြစ်ပြီး ၂၀၀၆ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ပူးတွဲ ပေးအပ်ခဲ့သည်။ ဆုရသူများထဲတွင် အရှေ့တီမောမှ ရှနားနာ ဂတ်စ်မို၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားမှ ဝါဒတ်ရှ် ဟာဖီဇ်၊ အာဖဂန်နစ္စတန်မှ မာတာလိုင် ဇိုယာနှင့် အန္ဒိယမှ အိုင်ရွမ် ရှာမီလာတို့ဖြစ်သည်။
ယင်း အဖွဲ့နှင့် ဆုပေးပွဲမတိုင်မီ လာမည့်မေလ ၁၆ရက်နေ့တွင်လည်း May 18 Memorial ခန်းမတွင်ပင် မြန်မာ့ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
Posted by Thadar (မသဒ္ဓါ ) at 10:47 AM 0 comments
Wednesday, January 28, 2009
Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.
Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.
Posted by Thadar (မသဒ္ဓါ ) at 2:43 AM 0 comments
Tuesday, June 24, 2008
ကျွန်တော်တို့DIDအဖွဲ့သားများ၏အခက်အခဲများကြောင့်ခေတ္တရပ်ဆိုင်းထားရသော်လည်းလာရောက်အားပေး
ကြသည့်ရဲဘော်အပေါင်းအားလေးစားစွာဂါဝရပြုပါသည်။အရပ်ဒေသအသီးသီးတွင်ဝေးကွာ
နေကြသည့်DIDရဲဘော်များပြန်လည်တွေ့ဆုံပြီးအစီအစဉ်သစ်များပြန်လည်တင်ဆက်နိုင်ရန်
ကြိုးပမ်းနေပါသည်။
ချစ်ခင်လေးစားရပါသောရဲဘော်များအားလုံးမှကျွန်တော်တို့အားခွင့်လွှတ်နားလည်ပေးရန်
တောင်းပန်အပ်ပါသည်။
Posted by Democratic Information Department at 11:43 PM 0 comments
Friday, May 2, 2008
Posted by Democratic Information Department at 6:28 PM 0 comments
Wednesday, April 30, 2008
Posted by Democratic Information Department at 8:47 AM 0 comments
New Mon State Party say VOTE NO
နအဖစစ်အုပ်စုနှင့်အပစ်အခတ်ရပ်စဲထားပြီး
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွင်နိုင်ငံရေးအရပြတ်ပြတ်သားသား
ပြည်သူဘက်မှရပ်သောမွန်ပြည်သစ်ပါတီမှကန့်ကွက်မဲထည့်ရန်နှိုးဆော်
ရက်စွဲ - ၁/ ၅/ ၀၈
ဒီအခြေခံဥပဒေကိုအမျိုးသားညီလာခံထဲမှာစစ်ဗိုလ်တွေနဲ့သူတို့စိတ်တိုင်းကျရွေးချယ်ထားတဲ့ကိုယ်စား
လှယ်တွေက ရေးထားတာ ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ တကယ့်အနည်းစုဘဲ ပါဝင်ခွင့်ရခဲ့တယ်။
တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေဟာလည်း အကြိမ်ကြိမ် ပယ်ချခံခဲ့ရတယ်။
ဒါကြောင့် မွန်ပြည်သူလူတွေအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ထည့်ကြဖို့ မွန်ပြည်သစ်ပါတီက နှိုးဆော်တိုက်တွန်းပါတယ်။
ဗဟိုအလုပ်အမှုဆောင် ကော်မီတီ
မွန်ပြည်သစ်ပါတီ
Posted by Democratic Information Department at 8:08 AM 0 comments
Tuesday, April 29, 2008
Posted by Democratic Information Department at 7:00 AM 0 comments
Monday, April 28, 2008
ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှမြန်မာ့သံရုံးမှဝန်ထမ်းနှင့်
ဆန္ဒမဲပေးရန်တောင်းဆိုဆွေးနွေးကြသည့်ဂုဏ်ယူဘွယ်ဗီဒီယိုမှတ်တမ်း
Posted by Democratic Information Department at 8:44 AM 0 comments
Sunday, April 27, 2008
Posted by Democratic Information Department at 12:24 AM 0 comments
Saturday, April 26, 2008
ဂျပန်နိုင်ငံတိုကျိုမြို့ ရှိနအဖဆက်ကြေးကောက်ခံရုံးရှေ့တွင်ဆန္ဒမဲပေးရန်ရောက်ရှိလာသော
မြန်မာနိုင်ငံသားများအားဂျပန်ပုလိပ်များအသုံးချ၍အကြမ်းဖက်နေသောဓါတ်ပုံမှတ်တမ်းများ
ကိုရဲအောင်၏ဓါတ်ပုံမှတ်တမ်းမှရယူထားခြင်းဖြစ်ပါသည်
Posted by Democratic Information Department at 11:35 PM 0 comments
မြန်မာပြည်တွင်းလူထုလှုပ်ရှားမှုတော်လှန်ရေးကြီးစတင်ရန်ပြင်ဆင်နေပြီ
နအဖစစ်အာဏာရှင်တို့အားမြေလှန်ကြစို့ ။
တော်လှန်ရေးနိုင်ငံရေးအဖွဲ့အစည်းအသီးသီးညီညွတ်စွာပူးပေါင်းပါဝင်
နိုင်ရန်ပြင်ဆင်ကြစို့။
ရန်ကုန်မြို့ မှဧပြီ ၂၇ ရက်နေ့တွင် မန္တလေးဂေဇက် သို့ပေးပို့လာသောသတင်းများအရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်များဖြစ်ကြသောဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်
သတ်မှတ်ထားသောဆန္ဒမဲကျင်းပရေးကော်မရှင်၏ဥပဒေအရပြစ်ဒဏ်ကျခံနေရသူများဖြစ်သဖြင့်မဲပေးခွင့်
မရှိဟုနအဖစစ်အာဏာပိုင်များမှသတ်မှတ်ထားသော်လည်းမေလ(၁၀)ရက်အခြေခံဥပဒေမူကြမ်းဆန္ဒခံယူ
မဲပေးပွဲတွင်မဲပေးခွင့်ရရှိမည်ဟုအမည်မဖော်လိုသူအစိုးရအရာရှိကြီးတစ်ဦးမှပြောကြားလိုက်ကြောင်းသတင်း
ရရှိပါသည်။
ရန်ကုန်တွင်NO Campignအရှိန်အဟုန်မြင့်လာသဖြင့်ယနေ့တွင်ဘုန်းတော်ကြီးကျောင်းများသို့အာဏာပိုင်
များကဆန္ဒပြပွဲများဖြစ်ပါကရဟန်းများမပါဝင်ရန်လိုက်လံလျှောက်ထားနေကြသည်ဟုရန်ကုန်မှသတင်းပေးပို့
ထားပါသည်။
အစိုးရ၀န်ထမ်းများမှလည်းကန့်ကွက်မဲပေးကြမည်ဟုသတင်းများထွက်ပေါ်နေသည့်အတွက် ရန်ကုန်စည်ပင်
သာယာရေးနယ်နိမိတ်အတွင်းမဲရုံ(၁၂၅၀)တွင်းရှိမဲဆန္ဒနယ်မြေအသီးသီးတွင်မဲပေးကြရမည့်ဝန်ထမ်းများနှင့်
မိသားစုများအားသက်ဆိုင်ရာစက်မှု(၁)စက်ရုံများရုံးများတွင်သာ မဲပေးရမည်ဟုဆိုကစက်မှု(၁)၀န်ကြီး
ဦးအောင်သောင်းကသက်ဆိုင်သော၏မြို့နယ်မဲပေးခွင့်ရှိသူစာရင်းများမှပြန်နှုတ်ပယ်သွားကြောင်းလည်း
ရန်ကုန်မှသတင်းပေးပို့ထားပါသည်။
ပြည်လုံးကျွတ်ပြည်သူ့တော်လှန်ရေးတရပ်အားများမကြာမှီတွင်မြန်မာပြည်၌စတင်ရန်ပြင်ဆင်နေကြပြီဟု
သတင်းများထွက်ပေါ်နေသည့်အတွက်အနယ်နယ်မှရန်ကုန်သိှု့ကြွရောက်လာသောဘုန်းတော်ကြီးများအား
ရန်ကုန်မြို့ သို့ ဝင်ရောက်ခွင့်မပြုတော့ကြောင်းသိရသည်။
ယခုအချိန်သည်တိုင်းပြည်၏ကံကြမ္မာအဆုံးအဖြတ်အတွက်သေရေး၊ရှင်ရေးဟုဆိုရလောက်အောင်ပင်
အရေးကြီးနေသည့်အတွက်မြန်မာပြည်လွတ်မြောက်ရေးအတွက်ပြည်တွင်းပြည်ပ ဒေသအသီးသီး၌တိုက်ပွဲ
ဝင်နေကြသောရဟန်းရှင်လူကျောင်းသားပြည်သူတရပ်လုံးပြတ်ပြတ်သားသားရပ်တည်၍ပြည်လုံးကျွတ်လူထု
တော်လှန်ရေးကြီးအောင်မြင်စေရန်အဖက်ဖက်မှဝိုင်းဝန်းကြရန်လည်းနှိုးဆော်ထားပေသည်။
Posted by Democratic Information Department at 8:19 PM 0 comments
အမေရိကန်နိုင်ငံမှဒေါ်အောင်ဆန်းစုကြည်အားအရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မည် အမေရိကန်နိုင်ငံ၏အရပ်ဘက်ဆိုင်ရာအမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့်အမေရိကန်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရန်သဘောတူလိုက်သည် ဟုတရားဝင်သတင်းထုတ်ပြန်ကြေညာကြောင်းသိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်အားထိုဆုချီးမြှင့်ရန်အမေရိကန်နိုင်ငံ၏ဒီမိုကရက်နှင့်ရီပါပလီကန်အထက်လွှတ်တော် အမတ်များမှညီညွတ်စွာအဆိုတင်သွင်းခဲ့ကြကြောင်းလည်းသိရှိရပါသည်။ ထိုကဲ့သို့ရွှေတံဆိပ်ဆုအားကမ္ဘာ့ထိပ်သီးအကျော်အမော်များကိုသာပေးအပ်ခဲ့ကြောင်းနှင့်မြန်မာပြည်ရွှေဝါရောင် တော်လှန်ရေးစတင်ချိန်အပြီး၂၀၀၇ ခုနှစ်အောက်တိုဘာ ၁၇နေ့တွင်တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား အားချီးမြှင့်ခဲ့ပါသည်။ အမေရိကန်နိုင်ငံမှပေးအပ်မည့်ထိုရွှေတံဆိပ်ဆုကြောင့် ကမ္ဘာ့အကျော်အမော်စာရင်းဝင်ဒေါ်အောင်ဆန်းစုကြည် အား နအဖစစ်အာဏာရှင်အုပ်စုမှမနာလိုမရှုစိမ့်ဖြစ်နေကြမည်မှာအသေအခြာပင်ဖြစ်ပါသည်။ ကမ္ဘာ့လူသားအားလုံး၏ှတန်ဘိုးထားခြင်းခံရသောငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မြန်မာ့ဒီမိုကရေစီခေတ်ပြောင်း တော်လှန်ရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မူဝါဒများအားကျွန်ုပ်တို့မှလေးစားလိုက်နာအကောင် အထည်ဖေါ်ဆောင်ရွက်ကြရန်လည်းကျွန်ုပ်တို့မှအလေးအနက်နှိုးဆော်ပန် ကြားအပ်ပါသည်။ မြန်မာပြည်သူလူထုတရပ်လုံးမှလည်းများမကြာမှီကျင်းပတော့မည့်မေလ(၁၀)ရက် နအဖ၏ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်ဒေါ်ဆောင်ဆန်းစုကြည်၏ဆုံးဖြတ်ဆန္ဒအရတခဲနက်ကန့်ကွက်မဲထည့်ကြရန်ပန်ကြားအပ်ပါသည်။
Posted by Democratic Information Department at 12:20 AM 0 comments