Saturday, April 26, 2008

အမေရိကန်နိုင်ငံမှဒေါ်အောင်ဆန်းစုကြည်အားအရပ်ဘက်ဆိုင်ရာ

အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မည်



အမေရိကန်နိုင်ငံ၏အရပ်ဘက်ဆိုင်ရာအမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့်အမေရိကန်လွှတ်တော်၏

ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရန်သဘောတူလိုက်သည်

ဟုတရားဝင်သတင်းထုတ်ပြန်ကြေညာကြောင်းသိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အားထိုဆုချီးမြှင့်ရန်အမေရိကန်နိုင်ငံ၏ဒီမိုကရက်နှင့်ရီပါပလီကန်အထက်လွှတ်တော

အမတ်များမှညီညွတ်စွာအဆိုတင်သွင်းခဲ့ကြကြောင်းလည်းသိရှိရပါသည်။

ထိုကဲ့သို့ရွှေတံဆိပ်ဆုအားကမ္ဘာ့ထိပ်သီးအကျော်အမော်များကိုသာပေးအပ်ခဲ့ကြောင်းနှင့်မြန်မာပြည်ရွှေဝါရောင်

တော်လှန်ရေးစတင်ချိန်အပြီး၂၀၀၇ ခုနှစ်အောက်တိုဘာ ၁၇နေ့တွင်တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား

အားချီးမြှင့်ခဲ့ပါသည်။


အမေရိကန်နိုင်ငံမှပေးအပ်မည့်ထိုရွှေတံဆိပ်ဆုကြောင့် ကမ္ဘာ့အကျော်အမော်စာရင်းဝင်ဒေါ်အောင်ဆန်းစုကြည်

အား နအဖစစ်အာဏာရှင်အုပ်စုမှမနာလိုမရှုစိမ့်ဖြစ်နေကြမည်မှာအသေအခြာပင်ဖြစ်ပါသည်။

ကမ္ဘာ့လူသားအားလုံး၏ှတန်ဘိုးထားခြင်းခံရသောငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မြန်မာ့ဒီမိုကရေစီခေတ်ပြောင်း

တော်လှန်ရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မူဝါဒများအားကျွန်ုပ်တို့မှလေးစားလိုက်နာအကောင်

အထည်ဖေါ်ဆောင်ရွက်ကြရန်လည်းကျွန်ုပ်တို့မှအလေးအနက်နှိုးဆော်ပန် ကြားအပ်ပါသည်။

မြန်မာပြည်သူလူထုတရပ်လုံးမှလည်းများမကြာမှီကျင်းပတော့မည့်မေလ(၁၀)ရက် နအဖ၏ အခြေခံဥပဒေ

ဆန္ဒခံယူပွဲတွင်ဒေါ်ဆောင်ဆန်းစုကြည်၏ဆုံးဖြတ်ဆန္ဒအရတခဲနက်ကန့်ကွက်မဲထည့်ကြရန်ပန်ကြားအပ်ပါသည်။

No comments: