Sunday, April 26, 2009

ဒို့ ကျောင်းသား


မင်းကိုနိုင်ကို ကိုရီးယားက ဆုပေး
Friday, 24 April 2009 19:29 အေးလဲ့

တောင်ကိုရီးယားနိုင်ငံမှ ၂၀၀၉ ခုနှစ် ဂွမ်န်ဂျူး(GwangJu) လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက်သစ်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်ကြောင်း အန်အယ်လ်ဒီ -အယ်လ်အေ (ကိုရီးယားဌာနခွဲ) ကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ)(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး၂ ဖြစ်သူ ကိုဇော်မိုးအောင်က“ နိုင်ငံတကာအသီးသီးက ဒီဆုရရှိဖို့ အတွက် စာရင်း တင်သွင်း ကြတယ်၊ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်း ဂွမ်န်ဂျူး မြို့မှာ ရှိတဲ့ may 18 Foundation က ဒီနေ့မနက် ၁၁ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟု ပြောသည်။

ယင်းဆုပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၈ရက်နေ့ ညနေပိုင်းတွင် ဂွမ်န်ဂျူး မြို့ရှိ May 18 Memorial ခန်းမတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ဂွမ်န်ဂျူး ဆုတွင် ရွှေတံဆိပ်ဆု အပါအဝင် ကိုးရီယားဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀၀) နှင့် ဂုဏ်ပြု ဘွဲ့လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။

ယင်းဆုအတွက် ကိုရီးယား အန်အယ်လ်ဒီ အဖွဲ့က မတ်လတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ အဆို တင်သွင်းရန် ကိုမင်းကိုနိုင်၏ ကိုယ်ရေးသမိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်းနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့မှ ကူညီပြုစုပေးခဲ့ ကြသည်။

ထိုဆုကို ကိုးရီးယားနိုင်ငံ နိုင်ငံရပ်ခြားမှ တသီးပုဂ္ဂလများ၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းတို့မှ လူ့အခွင့် အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်သူတို့ကိုချီးမြှင့်ခြင်းဖြစ်သည်။

၁၉၈၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင် စနစ်ကို ဂွမ်န်ဂျူးမြို့ရှိ ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီလူထုအုံကြွမှု စိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် ယင်း လူ့ အခွင့်အရေးဆုကို ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ထိုဆုကို ၂၀၀၄ခုနှစ်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ချီးမြှင့် ခဲ့ပြီး ယင်း ဆုငွေနှင့် ရွှေတံဆိပ်ဆုကို ယခုအချိန်အထိ အန်အယ်လ်ဒီ အယ်လ်အေမှ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းလည်း ကိုဇော်မိုးအောင်က ပြောသည်။

ဂွမ်န်ဂျူး လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ နှစ် ပြည့်မြာက်ပြီဖြစ်ပြီး ၂၀၀၆ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ပူးတွဲ ပေးအပ်ခဲ့သည်။ ဆုရသူများထဲတွင် အရှေ့တီမောမှ ရှနားနာ ဂတ်စ်မို၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားမှ ဝါဒတ်ရှ် ဟာဖီဇ်၊ အာဖဂန်နစ္စတန်မှ မာတာလိုင် ဇိုယာနှင့် အန္ဒိယမှ အိုင်ရွမ် ရှာမီလာတို့ဖြစ်သည်။

ယင်း အဖွဲ့နှင့် ဆုပေးပွဲမတိုင်မီ လာမည့်မေလ ၁၆ရက်နေ့တွင်လည်း May 18 Memorial ခန်းမတွင်ပင် မြန်မာ့ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 28, 2009

Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

ဖတ်ကြည့်ချင်သေးလား....

Tuesday, June 24, 2008

ကျွန်တော်တို့DIDအဖွဲ့သားများ၏အခက်အခဲများကြောင့်ခေတ္တရပ်ဆိုင်းထားရသော်လည်းလာရောက်အားပေး
ကြသည့်ရဲဘော်အပေါင်းအားလေးစားစွာဂါဝရပြုပါသည်။အရပ်ဒေသအသီးသီးတွင်ဝေးကွာ
နေကြသည့်DIDရဲဘော်များပြန်လည်တွေ့ဆုံပြီးအစီအစဉ်သစ်များပြန်လည်တင်ဆက်နိုင်ရန
ကြိုးပမ်းနေပါသည်။
ချစ်ခင်လေးစားရပါသောရဲဘော်များအားလုံးမှကျွန်တော်တို့အားခွင့်လွှတ်နားလည်ပေးရန်
တောင်းပန်အပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Friday, May 2, 2008

မစိုးရိမ်ဆရာတော်ဘုရားကြီး၏အန္တိမဈာပနအခမ်းအနား

ဖတ်ကြည့်ချင်သေးလား....

Wednesday, April 30, 2008

တိုင်းပြည်ချစ်တဲ့သာဿနာ့အာဇာနည်
မစိုးရိမ်ဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူပြီ


ဖတ်ကြည့်ချင်သေးလား....

New Mon State Party say VOTE NO

နအဖစစ်အုပ်စုနှင့်အပစ်အခတ်ရပ်စဲထားပြီး

လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွင်နိုင်ငံရေးအရပြတ်ပြတ်သားသား

ပြည်သူဘက်မှရပ်သောမွန်ပြည်သစ်ပါတီမှကန့်ကွက်မဲထည့်ရန်နှိုးဆော်




ရက်စွဲ - ၁/ ၅/ ၀၈

ဒီအခြေခံဥပဒေကိုအမျိုးသားညီလာခံထဲမှာစစ်ဗိုလ်တွေနဲ့သူတို့စိတ်တိုင်းကျရွေးချယ်ထားတဲ့ကိုယ်စား

လှယ်တွေက ရေးထားတာ ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ တကယ့်အနည်းစုဘဲ ပါဝင်ခွင့်ရခဲ့တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေဟာလည်း အကြိမ်ကြိမ် ပယ်ချခံခဲ့ရတယ်။

ဒါကြောင့် မွန်ပြည်သူလူတွေအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ထည့်ကြဖို့ မွန်ပြည်သစ်ပါတီက နှိုးဆော်တိုက်တွန်းပါတယ်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီ

မွန်ပြည်သစ်ပါတီ


ဖတ်ကြည့်ချင်သေးလား....

Tuesday, April 29, 2008

စက်တင်ဘာတော်လှန်ရေးသံဃာ့ခေါင်းဆောင်များနှင့်
ကဗျာဆရာအောင်ဝေးတို့၏ဖို့တ်ဝိန်းခရီးစဉ်


ဖတ်ကြည့်ချင်သေးလား....

Monday, April 28, 2008

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှမြန်မာ့သံရုံးမှဝန်ထမ်းနှင့်
ဆန္ဒမဲပေးရန်တောင်းဆိုဆွေးနွေးကြသည့်ဂုဏ်ယူဘွယ်ဗီဒီယိုမှတ်တမ်း




ဖတ်ကြည့်ချင်သေးလား....

Sunday, April 27, 2008

ဗမာပြည်ကွန်မြူနစ်ပါတီ၏ထုတ်ပြန်ချက်


http://cpburma.org/statements/2008/Spokesman/pr2-2008.pdf

ဖတ်ကြည့်ချင်သေးလား....

Saturday, April 26, 2008

ဂျပန်နိုင်ငံတိုကျိုမြို့ ရှိနအဖဆက်ကြေးကောက်ခံရုံးရှေ့တွင်ဆန္ဒမဲပေးရန်ရောက်ရှိလာသော
မြန်မာနိုင်ငံသားများအားဂျပန်ပုလိပ်များအသုံးချ၍အကြမ်းဖက်နေသောဓါတ်ပုံမှတ်တမ်းများ

ကိုရဲအောင်၏ဓါတ်ပုံမှတ်တမ်းမှရယူထားခြင်းဖြစ်ပါသည်


ဖတ်ကြည့်ချင်သေးလား....

မြန်မာပြည်တွင်းလူထုလှုပ်ရှားမှုတော်လှန်ရေးကြီးစတင်ရန်ပြင်ဆင်နေပြီ

နအဖစစ်အာဏာရှင်တို့အားမြေလှန်ကြစို့ ။

တော်လှန်ရေးနိုင်ငံရေးအဖွဲ့အစည်းအသီးသီးညီညွတ်စွာပူးပေါင်းပါဝင်

နိုင်ရန်ပြင်ဆင်ကြစို့။

ရန်ကုန်မြို့ မှဧပြီ ၂၇ ရက်နေ့တွင် မန္တလေးဂေဇက် သို့ပေးပို့လာသောသတင်းများအရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်များဖြစ်ကြသောဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်

သတ်မှတ်ထားသောဆန္ဒမဲကျင်းပရေးကော်မရှင်၏ဥပဒေအရပြစ်ဒဏ်ကျခံနေရသူများဖြစ်သဖြင့်မဲပေးခွင့်

မရှိဟုနအဖစစ်အာဏာပိုင်များမှသတ်မှတ်ထားသော်လည်းမေလ(၁၀)ရက်အခြေခံဥပဒေမူကြမ်းဆန္ဒခံယူ

မဲပေးပွဲတွင်မဲပေးခွင့်ရရှိမည်ဟုအမည်မဖော်လိုသူအစိုးရအရာရှိကြီးတစ်ဦးမှပြောကြားလိုက်ကြောင်းသတင်း

ရရှိပါသည်။

ရန်ကုန်တွင်NO Campignအရှိန်အဟုန်မြင့်လာသဖြင့်ယနေ့တွင်ဘုန်းတော်ကြီးကျောင်းများသို့အာဏာပိုင်

များကဆန္ဒပြပွဲများဖြစ်ပါကရဟန်းများမပါဝင်ရန်လိုက်လံလျှောက်ထားနေကြသည်ဟုရန်ကုန်မှသတင်းပေးပို့

ထားပါသည်။

အစိုးရ၀န်ထမ်းများမှလည်းကန့်ကွက်မဲပေးကြမည်ဟုသတင်းများထွက်ပေါ်နေသည့်အတွက် ရန်ကုန်စည်ပင်

သာယာရေးနယ်နိမိတ်အတွင်းမဲရုံ(၁၂၅၀)တွင်းရှိမဲဆန္ဒနယ်မြေအသီးသီးတွင်မဲပေးကြရမည့်ဝန်ထမ်းများနှင့်

မိသားစုများအားသက်ဆိုင်ရာစက်မှု(၁)စက်ရုံများရုံးများတွင်သာ မဲပေးရမည်ဟုဆိုကစက်မှု(၁)၀န်ကြီး

ဦးအောင်သောင်းကသက်ဆိုင်သော၏မြို့နယ်မဲပေးခွင့်ရှိသူစာရင်းများမှပြန်နှုတ်ပယ်သွားကြောင်းလည်း

ရန်ကုန်မှသတင်းပေးပို့ထားပါသည်။

ပြည်လုံးကျွတ်ပြည်သူ့တော်လှန်ရေးတရပ်အားများမကြာမှီတွင်မြန်မာပြည်၌စတင်ရန်ပြင်ဆင်နေကြပြီဟု

သတင်းများထွက်ပေါ်နေသည့်အတွက်အနယ်နယ်မှရန်ကုန်သိှု့ကြွရောက်လာသောဘုန်းတော်ကြီးများအား

ရန်ကုန်မြို့ သို့ ဝင်ရောက်ခွင့်မပြုတော့ကြောင်းသိရသည်။

ယခုအချိန်သည်တိုင်းပြည်၏ကံကြမ္မာအဆုံးအဖြတ်အတွက်သေရေး၊ရှင်ရေးဟုဆိုရလောက်အောင်ပင်

အရေးကြီးနေသည့်အတွက်မြန်မာပြည်လွတ်မြောက်ရေးအတွက်ပြည်တွင်းပြည်ပ ဒေသအသီးသီး၌တိုက်ပွဲ

ဝင်နေကြသောရဟန်းရှင်လူကျောင်းသားပြည်သူတရပ်လုံးပြတ်ပြတ်သားသားရပ်တည်၍ပြည်လုံးကျွတ်လူထ

တော်လှန်ရေးကြီးအောင်မြင်စေရန်အဖက်ဖက်မှဝိုင်းဝန်းကြရန်လည်းနှိုးဆော်ထားပေသည်။

ဖတ်ကြည့်ချင်သေးလား....

အမေရိကန်နိုင်ငံမှဒေါ်အောင်ဆန်းစုကြည်အားအရပ်ဘက်ဆိုင်ရာ

အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မည်



အမေရိကန်နိုင်ငံ၏အရပ်ဘက်ဆိုင်ရာအမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့်အမေရိကန်လွှတ်တော်၏

ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရန်သဘောတူလိုက်သည်

ဟုတရားဝင်သတင်းထုတ်ပြန်ကြေညာကြောင်းသိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အားထိုဆုချီးမြှင့်ရန်အမေရိကန်နိုင်ငံ၏ဒီမိုကရက်နှင့်ရီပါပလီကန်အထက်လွှတ်တော

အမတ်များမှညီညွတ်စွာအဆိုတင်သွင်းခဲ့ကြကြောင်းလည်းသိရှိရပါသည်။

ထိုကဲ့သို့ရွှေတံဆိပ်ဆုအားကမ္ဘာ့ထိပ်သီးအကျော်အမော်များကိုသာပေးအပ်ခဲ့ကြောင်းနှင့်မြန်မာပြည်ရွှေဝါရောင်

တော်လှန်ရေးစတင်ချိန်အပြီး၂၀၀၇ ခုနှစ်အောက်တိုဘာ ၁၇နေ့တွင်တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား

အားချီးမြှင့်ခဲ့ပါသည်။


အမေရိကန်နိုင်ငံမှပေးအပ်မည့်ထိုရွှေတံဆိပ်ဆုကြောင့် ကမ္ဘာ့အကျော်အမော်စာရင်းဝင်ဒေါ်အောင်ဆန်းစုကြည်

အား နအဖစစ်အာဏာရှင်အုပ်စုမှမနာလိုမရှုစိမ့်ဖြစ်နေကြမည်မှာအသေအခြာပင်ဖြစ်ပါသည်။

ကမ္ဘာ့လူသားအားလုံး၏ှတန်ဘိုးထားခြင်းခံရသောငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မြန်မာ့ဒီမိုကရေစီခေတ်ပြောင်း

တော်လှန်ရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မူဝါဒများအားကျွန်ုပ်တို့မှလေးစားလိုက်နာအကောင်

အထည်ဖေါ်ဆောင်ရွက်ကြရန်လည်းကျွန်ုပ်တို့မှအလေးအနက်နှိုးဆော်ပန် ကြားအပ်ပါသည်။

မြန်မာပြည်သူလူထုတရပ်လုံးမှလည်းများမကြာမှီကျင်းပတော့မည့်မေလ(၁၀)ရက် နအဖ၏ အခြေခံဥပဒေ

ဆန္ဒခံယူပွဲတွင်ဒေါ်ဆောင်ဆန်းစုကြည်၏ဆုံးဖြတ်ဆန္ဒအရတခဲနက်ကန့်ကွက်မဲထည့်ကြရန်ပန်ကြားအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, April 23, 2008

ပြည်တွင်းပြည်ပ NO ထားကြ

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 22, 2008

ဒေါ်အောင်ဆန်းစုကြည်ကလည်း Vote NO လို့ပြောပါတယ်


2008-Motto: ပုရစ်ဖူးတို့ နွေမှာဝေ၊ စစ်ဘီလူးတို့ မေမှာသေ
1990-Motto: ငုနှင့်ပိတောက် နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်
( From: C-Box-Niknayman's blog)

ဖတ်ကြည့်ချင်သေးလား....

Sunday, April 20, 2008

ရန်ကုန်မြို့ ၌ဗုံးနှစ်လုံးကွဲပြန်ပြီ

ယမန်နေ့ဧပြီ၂၀ရက်မြန်မာစံတော်ချိန်ည ၇း၅၅နာရီတွင်ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့်၃၆လမ်းထောင့်ABCစားသောက်ဆိုင်ရှေ့ရေမြောင်းတွင်း၌ပထမအကြိမ်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး၊
ည ၉း၁၅ နာရီတွင်၃၂လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်တွင်ရပ်ထားသောဟိုင်းလပ်ကား၊နံပါတ် (ပ-၇၀၆၂)ပေါ်တွင်ဒုတိယဗုံးတလုံးထပ်မံပေါက်ကွဲခဲ့ကြောင်းသတင်းရရှိပါသည်။
ယင်းဒုတိယဗုံးပေါက်ကွဲသောနေရာသည်နိုင်ငံခြားသားဧည့်သည်များလာရောက်တည်းခို
လေ့ရှိသည့်ကုန်သည်ကြီးများဟိုတယ်နံဘေးတွင်ဖြစ်သော်လည်းမည်သူတဦးတယောက်မှ
ထိခိုက်ဒါဏ်ရာရခဲ့ခြင်းမရှိဟုသိရပါသည်။

မန္တလေးဂေဇက်

၃၆လမ်းဗုံးပေါက်ကွဲမှုအားစစ်ဆေးစဉ်

ဖတ်ကြည့်ချင်သေးလား....

Friday, April 18, 2008

VOAဆွေးနွေးခန်းအပိုင်း(၃)


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, April 17, 2008

VOAဆွေးနွေးခန်းအပိုင်း(၂)

ဖတ်ကြည့်ချင်သေးလား....

VOAမြန်မာပိုင်းအစီအစဉ်ဆွေးနွေးခန်း
VOAမှဦးကျော်ဇံသာတင်ဆက်သည့်
နအဖစစ်အာဏာရှင်တို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆန္ဒခံယူပွဲနှင့်ပတ်သက်သည့်တွေ့ဆုံဆွေးနွေးခန်း
အစီအစဉ်တွင်ကဗျာဆရာကြီးမောင်စွမ်းရည်၊ဒါရိုက်တာဦးဝင်းဖေ၊ဒေါက်တာဆလိုင်းထွန်းသန်းနှင့်
ဆရာတော်အရှင်နာယကတို့ပါဝင်သည့်ရုပ်သံဗီဒီယိုဖြစ်ပါသည်။

အပိုင်း(၁)



Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Sunday, April 13, 2008

မြန်မာ့ ဒီမိုကရေစီ အင်အားစုများ (ဖို့ တ်ဝိန်း။အင်ဒီယားနား)နှစ်သစ်ကူးဆုတောင်းသ၀ဏ်လွှာ


မြန်မာ့ ဒီမိုကရေစီအင်အားစုများ(ဖို့ ဝိန်း၊အင်ဒီယားနား) နှစ်သစ်ကူးဆုတောင်းသ၀ဏ်လွှာ

နေ့ စွဲ၊ ၊ မြန်မာ သက္ကရာဇ် ၁၃၆၉ခု တန်ခူးလဆန်း (၈) ရက်။

ခရစ်သက္ကရာဇ် ဧပြီလ ၁၃ ရက်။ ၂၀၀၈ခုနှစ်။


မြန်မာသက္ကရာဇ် ၁၃၇၀ ခု။ တန်ခူးလဆန်း (၁၅)ရက်နေ့ တွင်ကြရောက်သည့် မြန်မာ့ နှစ်သစ် ကူး အချိန်ကာလ အတွင်းတွင် မြန်မာ့ ဒီိမီုကရေစီ အင်အားစုများ (ဖို့ ဝိန်း။ အင်ဒီယားနား) မှ မြန်မာပြည်သူ၊ပြည်သား တရပ်လုံးအားနှစ်သစ်ဆုတောင်းအဖြစ်

ဤနှစ်သစ်ကူး သ၀ဏ်လွှာကို ထုတ်ပြန် လိုက်ပါသည်၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် ၈၈ မျိုးဆက်သစ် ကျောင်း သား ခေါင်းဆောင်များ။ ၂၀၀၇ ခုနုစ် စက်တင်ဘာ တော်လှန်ရေးမှ ဖမ်းဆီးခံနေကြရသော ရဟန်း သံဃာတော်များနှင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရရှိရေး တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံနေကြသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်း လိုက်ရ ပါသည်၊

ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် မတရားရေးဆွဲထားသော ဖွဲ့ စည်းပုံ အခြေခံမူ ကို ပြတ်သားစွာ ငြင်းပယ်ခြင်းနှင့်အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရေး။ လိုအပ်လာပါက ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ဦးဆောင်၍အစိုးရတရပ်ဖွဲ့ စည်းပြီး ပြည်သူ့ အာဏာကို စစ်အာ ဏာရှင်တစ်စု ထံမှ ပြန်လည်ရယူရန်လည်း တိုက်တွန်းအပ်ပါသည်။

တပ်မတော်အတွင်းမှ သူရဲကောင်း မြန်မာ့တပ်မတော်သားကောင်း ခေါင်းဆောင်များ ပေါ် ထွက်လာပြီး ရဟန်း။ပြည်သူများနှင့်ပူးပေါင်း၍စစ်အာဏာရှင်စနှစ်ကို ဖျက်သိမ်းပြီး။ ဒီမိုကရေစီနှင့် လူ့  အခွင့်အရေးများ ထွန်းကားသည့် နိုင်ငံတော် သစ်တရပ် ပေါ်ပေါက်ရေးမှာ အလွန်ပင်အရေးပါ လှပါ သည်။

နိုင်ငံတကာရှိ မိသားစုများမှ မြန်မာနိုင်ငံတွင်းရှိ စစ်အာဏာရှင်နှင့် ယင်းတို့ တည်မြဲရေး အတွက် အကာအကွယ်ပေးနေသည့် အိမ်နီးချင်းနိုင်ငံများအား ပြတ်သားစွာ။ ဖိအားပေး အရေးယူ ဆောင်ရွက်ရေးများ အလျင်အမြန်ဖြစ်ပေါ်ရေးမှာ အထူး လိုအပ် နေပါသည်၊

စားဝတ်နေရေး ခက်ခဲမှု၊ လူမှု၊ဒုက္ခအ၀၀ဘေးမှ မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက် ရန်နှင့် အိမ်နီးခြင်းနိုင်ငံများတွင် ၀မ်းစာ အတွက် ဆင်းရဲဒုက္ခပင်ပန်းကြီးစွာ လုပ်ကိုင်နေ

ကြသော မြန်မာနိုင်ငံသားများ အန္တရယ်အပေါင်းမှ ကင်းလွတ်နိုင်ရေးအတွက်ဆုတောင်း

မေတ္တာပို့ သလိုက်ရ ပါသည်၊

အမျိုး။ ဘာသာ။ သာသနာ ထွန်းကားသည့် အပြင်။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြ သော လူမျိုးးမရွေး။ ဘာသာမရွေး။ တန်းတူရည်တူ ချစ်ကြည် ရင်းနှီးစွာ အတူတကွ နေထိုင်နိုင်သည့် နိုင်ငံတော်သစ်ပေါ်ပေါက်လာသည့်တိုင် ဒီမိုကရေစီလိုလားသော ပြည်တွင်းပြည်ပအင်အားစုများနှင့် အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည့်အကြောင်း မြန်မာပြည်သူတရပ်လုံးသို့  နှစ်သစ်ကူး သ၀ဏ်လွှာကို ပေးပို့ လိုက်ရပါသည်၊



မြန်မာ့ ဒီမိုကရေစီ အင်အားစုများ (ဖို့ ဝိန်း ။ အင်ဒီယားနား)


ဖတ်ကြည့်ချင်သေးလား....

Saturday, April 12, 2008



သတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလ၏နောက်ဆုံးခရီးမှတ်တမ်းဓါတ်ပုံ














Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....