Wednesday, April 30, 2008

တိုင်းပြည်ချစ်တဲ့သာဿနာ့အာဇာနည်
မစိုးရိမ်ဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူပြီ


ဖတ်ကြည့်ချင်သေးလား....

New Mon State Party say VOTE NO

နအဖစစ်အုပ်စုနှင့်အပစ်အခတ်ရပ်စဲထားပြီး

လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွင်နိုင်ငံရေးအရပြတ်ပြတ်သားသား

ပြည်သူဘက်မှရပ်သောမွန်ပြည်သစ်ပါတီမှကန့်ကွက်မဲထည့်ရန်နှိုးဆော်




ရက်စွဲ - ၁/ ၅/ ၀၈

ဒီအခြေခံဥပဒေကိုအမျိုးသားညီလာခံထဲမှာစစ်ဗိုလ်တွေနဲ့သူတို့စိတ်တိုင်းကျရွေးချယ်ထားတဲ့ကိုယ်စား

လှယ်တွေက ရေးထားတာ ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ တကယ့်အနည်းစုဘဲ ပါဝင်ခွင့်ရခဲ့တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေဟာလည်း အကြိမ်ကြိမ် ပယ်ချခံခဲ့ရတယ်။

ဒါကြောင့် မွန်ပြည်သူလူတွေအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ထည့်ကြဖို့ မွန်ပြည်သစ်ပါတီက နှိုးဆော်တိုက်တွန်းပါတယ်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီ

မွန်ပြည်သစ်ပါတီ


ဖတ်ကြည့်ချင်သေးလား....

Tuesday, April 29, 2008

စက်တင်ဘာတော်လှန်ရေးသံဃာ့ခေါင်းဆောင်များနှင့်
ကဗျာဆရာအောင်ဝေးတို့၏ဖို့တ်ဝိန်းခရီးစဉ်


ဖတ်ကြည့်ချင်သေးလား....

Monday, April 28, 2008

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှမြန်မာ့သံရုံးမှဝန်ထမ်းနှင့်
ဆန္ဒမဲပေးရန်တောင်းဆိုဆွေးနွေးကြသည့်ဂုဏ်ယူဘွယ်ဗီဒီယိုမှတ်တမ်း




ဖတ်ကြည့်ချင်သေးလား....

Sunday, April 27, 2008

ဗမာပြည်ကွန်မြူနစ်ပါတီ၏ထုတ်ပြန်ချက်


http://cpburma.org/statements/2008/Spokesman/pr2-2008.pdf

ဖတ်ကြည့်ချင်သေးလား....

Saturday, April 26, 2008

ဂျပန်နိုင်ငံတိုကျိုမြို့ ရှိနအဖဆက်ကြေးကောက်ခံရုံးရှေ့တွင်ဆန္ဒမဲပေးရန်ရောက်ရှိလာသော
မြန်မာနိုင်ငံသားများအားဂျပန်ပုလိပ်များအသုံးချ၍အကြမ်းဖက်နေသောဓါတ်ပုံမှတ်တမ်းများ

ကိုရဲအောင်၏ဓါတ်ပုံမှတ်တမ်းမှရယူထားခြင်းဖြစ်ပါသည်


ဖတ်ကြည့်ချင်သေးလား....

မြန်မာပြည်တွင်းလူထုလှုပ်ရှားမှုတော်လှန်ရေးကြီးစတင်ရန်ပြင်ဆင်နေပြီ

နအဖစစ်အာဏာရှင်တို့အားမြေလှန်ကြစို့ ။

တော်လှန်ရေးနိုင်ငံရေးအဖွဲ့အစည်းအသီးသီးညီညွတ်စွာပူးပေါင်းပါဝင်

နိုင်ရန်ပြင်ဆင်ကြစို့။

ရန်ကုန်မြို့ မှဧပြီ ၂၇ ရက်နေ့တွင် မန္တလေးဂေဇက် သို့ပေးပို့လာသောသတင်းများအရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်များဖြစ်ကြသောဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်

သတ်မှတ်ထားသောဆန္ဒမဲကျင်းပရေးကော်မရှင်၏ဥပဒေအရပြစ်ဒဏ်ကျခံနေရသူများဖြစ်သဖြင့်မဲပေးခွင့်

မရှိဟုနအဖစစ်အာဏာပိုင်များမှသတ်မှတ်ထားသော်လည်းမေလ(၁၀)ရက်အခြေခံဥပဒေမူကြမ်းဆန္ဒခံယူ

မဲပေးပွဲတွင်မဲပေးခွင့်ရရှိမည်ဟုအမည်မဖော်လိုသူအစိုးရအရာရှိကြီးတစ်ဦးမှပြောကြားလိုက်ကြောင်းသတင်း

ရရှိပါသည်။

ရန်ကုန်တွင်NO Campignအရှိန်အဟုန်မြင့်လာသဖြင့်ယနေ့တွင်ဘုန်းတော်ကြီးကျောင်းများသို့အာဏာပိုင်

များကဆန္ဒပြပွဲများဖြစ်ပါကရဟန်းများမပါဝင်ရန်လိုက်လံလျှောက်ထားနေကြသည်ဟုရန်ကုန်မှသတင်းပေးပို့

ထားပါသည်။

အစိုးရ၀န်ထမ်းများမှလည်းကန့်ကွက်မဲပေးကြမည်ဟုသတင်းများထွက်ပေါ်နေသည့်အတွက် ရန်ကုန်စည်ပင်

သာယာရေးနယ်နိမိတ်အတွင်းမဲရုံ(၁၂၅၀)တွင်းရှိမဲဆန္ဒနယ်မြေအသီးသီးတွင်မဲပေးကြရမည့်ဝန်ထမ်းများနှင့်

မိသားစုများအားသက်ဆိုင်ရာစက်မှု(၁)စက်ရုံများရုံးများတွင်သာ မဲပေးရမည်ဟုဆိုကစက်မှု(၁)၀န်ကြီး

ဦးအောင်သောင်းကသက်ဆိုင်သော၏မြို့နယ်မဲပေးခွင့်ရှိသူစာရင်းများမှပြန်နှုတ်ပယ်သွားကြောင်းလည်း

ရန်ကုန်မှသတင်းပေးပို့ထားပါသည်။

ပြည်လုံးကျွတ်ပြည်သူ့တော်လှန်ရေးတရပ်အားများမကြာမှီတွင်မြန်မာပြည်၌စတင်ရန်ပြင်ဆင်နေကြပြီဟု

သတင်းများထွက်ပေါ်နေသည့်အတွက်အနယ်နယ်မှရန်ကုန်သိှု့ကြွရောက်လာသောဘုန်းတော်ကြီးများအား

ရန်ကုန်မြို့ သို့ ဝင်ရောက်ခွင့်မပြုတော့ကြောင်းသိရသည်။

ယခုအချိန်သည်တိုင်းပြည်၏ကံကြမ္မာအဆုံးအဖြတ်အတွက်သေရေး၊ရှင်ရေးဟုဆိုရလောက်အောင်ပင်

အရေးကြီးနေသည့်အတွက်မြန်မာပြည်လွတ်မြောက်ရေးအတွက်ပြည်တွင်းပြည်ပ ဒေသအသီးသီး၌တိုက်ပွဲ

ဝင်နေကြသောရဟန်းရှင်လူကျောင်းသားပြည်သူတရပ်လုံးပြတ်ပြတ်သားသားရပ်တည်၍ပြည်လုံးကျွတ်လူထ

တော်လှန်ရေးကြီးအောင်မြင်စေရန်အဖက်ဖက်မှဝိုင်းဝန်းကြရန်လည်းနှိုးဆော်ထားပေသည်။

ဖတ်ကြည့်ချင်သေးလား....

အမေရိကန်နိုင်ငံမှဒေါ်အောင်ဆန်းစုကြည်အားအရပ်ဘက်ဆိုင်ရာ

အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မည်



အမေရိကန်နိုင်ငံ၏အရပ်ဘက်ဆိုင်ရာအမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့်အမေရိကန်လွှတ်တော်၏

ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရန်သဘောတူလိုက်သည်

ဟုတရားဝင်သတင်းထုတ်ပြန်ကြေညာကြောင်းသိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အားထိုဆုချီးမြှင့်ရန်အမေရိကန်နိုင်ငံ၏ဒီမိုကရက်နှင့်ရီပါပလီကန်အထက်လွှတ်တော

အမတ်များမှညီညွတ်စွာအဆိုတင်သွင်းခဲ့ကြကြောင်းလည်းသိရှိရပါသည်။

ထိုကဲ့သို့ရွှေတံဆိပ်ဆုအားကမ္ဘာ့ထိပ်သီးအကျော်အမော်များကိုသာပေးအပ်ခဲ့ကြောင်းနှင့်မြန်မာပြည်ရွှေဝါရောင်

တော်လှန်ရေးစတင်ချိန်အပြီး၂၀၀၇ ခုနှစ်အောက်တိုဘာ ၁၇နေ့တွင်တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား

အားချီးမြှင့်ခဲ့ပါသည်။


အမေရိကန်နိုင်ငံမှပေးအပ်မည့်ထိုရွှေတံဆိပ်ဆုကြောင့် ကမ္ဘာ့အကျော်အမော်စာရင်းဝင်ဒေါ်အောင်ဆန်းစုကြည်

အား နအဖစစ်အာဏာရှင်အုပ်စုမှမနာလိုမရှုစိမ့်ဖြစ်နေကြမည်မှာအသေအခြာပင်ဖြစ်ပါသည်။

ကမ္ဘာ့လူသားအားလုံး၏ှတန်ဘိုးထားခြင်းခံရသောငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မြန်မာ့ဒီမိုကရေစီခေတ်ပြောင်း

တော်လှန်ရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မူဝါဒများအားကျွန်ုပ်တို့မှလေးစားလိုက်နာအကောင်

အထည်ဖေါ်ဆောင်ရွက်ကြရန်လည်းကျွန်ုပ်တို့မှအလေးအနက်နှိုးဆော်ပန် ကြားအပ်ပါသည်။

မြန်မာပြည်သူလူထုတရပ်လုံးမှလည်းများမကြာမှီကျင်းပတော့မည့်မေလ(၁၀)ရက် နအဖ၏ အခြေခံဥပဒေ

ဆန္ဒခံယူပွဲတွင်ဒေါ်ဆောင်ဆန်းစုကြည်၏ဆုံးဖြတ်ဆန္ဒအရတခဲနက်ကန့်ကွက်မဲထည့်ကြရန်ပန်ကြားအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, April 23, 2008

ပြည်တွင်းပြည်ပ NO ထားကြ

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 22, 2008

ဒေါ်အောင်ဆန်းစုကြည်ကလည်း Vote NO လို့ပြောပါတယ်


2008-Motto: ပုရစ်ဖူးတို့ နွေမှာဝေ၊ စစ်ဘီလူးတို့ မေမှာသေ
1990-Motto: ငုနှင့်ပိတောက် နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်
( From: C-Box-Niknayman's blog)

ဖတ်ကြည့်ချင်သေးလား....

Sunday, April 20, 2008

ရန်ကုန်မြို့ ၌ဗုံးနှစ်လုံးကွဲပြန်ပြီ

ယမန်နေ့ဧပြီ၂၀ရက်မြန်မာစံတော်ချိန်ည ၇း၅၅နာရီတွင်ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့်၃၆လမ်းထောင့်ABCစားသောက်ဆိုင်ရှေ့ရေမြောင်းတွင်း၌ပထမအကြိမ်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး၊
ည ၉း၁၅ နာရီတွင်၃၂လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်တွင်ရပ်ထားသောဟိုင်းလပ်ကား၊နံပါတ် (ပ-၇၀၆၂)ပေါ်တွင်ဒုတိယဗုံးတလုံးထပ်မံပေါက်ကွဲခဲ့ကြောင်းသတင်းရရှိပါသည်။
ယင်းဒုတိယဗုံးပေါက်ကွဲသောနေရာသည်နိုင်ငံခြားသားဧည့်သည်များလာရောက်တည်းခို
လေ့ရှိသည့်ကုန်သည်ကြီးများဟိုတယ်နံဘေးတွင်ဖြစ်သော်လည်းမည်သူတဦးတယောက်မှ
ထိခိုက်ဒါဏ်ရာရခဲ့ခြင်းမရှိဟုသိရပါသည်။

မန္တလေးဂေဇက်

၃၆လမ်းဗုံးပေါက်ကွဲမှုအားစစ်ဆေးစဉ်

ဖတ်ကြည့်ချင်သေးလား....

Friday, April 18, 2008

VOAဆွေးနွေးခန်းအပိုင်း(၃)


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, April 17, 2008

VOAဆွေးနွေးခန်းအပိုင်း(၂)

ဖတ်ကြည့်ချင်သေးလား....

VOAမြန်မာပိုင်းအစီအစဉ်ဆွေးနွေးခန်း
VOAမှဦးကျော်ဇံသာတင်ဆက်သည့်
နအဖစစ်အာဏာရှင်တို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆန္ဒခံယူပွဲနှင့်ပတ်သက်သည့်တွေ့ဆုံဆွေးနွေးခန်း
အစီအစဉ်တွင်ကဗျာဆရာကြီးမောင်စွမ်းရည်၊ဒါရိုက်တာဦးဝင်းဖေ၊ဒေါက်တာဆလိုင်းထွန်းသန်းနှင့်
ဆရာတော်အရှင်နာယကတို့ပါဝင်သည့်ရုပ်သံဗီဒီယိုဖြစ်ပါသည်။

အပိုင်း(၁)



Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Sunday, April 13, 2008

မြန်မာ့ ဒီမိုကရေစီ အင်အားစုများ (ဖို့ တ်ဝိန်း။အင်ဒီယားနား)နှစ်သစ်ကူးဆုတောင်းသ၀ဏ်လွှာ


မြန်မာ့ ဒီမိုကရေစီအင်အားစုများ(ဖို့ ဝိန်း၊အင်ဒီယားနား) နှစ်သစ်ကူးဆုတောင်းသ၀ဏ်လွှာ

နေ့ စွဲ၊ ၊ မြန်မာ သက္ကရာဇ် ၁၃၆၉ခု တန်ခူးလဆန်း (၈) ရက်။

ခရစ်သက္ကရာဇ် ဧပြီလ ၁၃ ရက်။ ၂၀၀၈ခုနှစ်။


မြန်မာသက္ကရာဇ် ၁၃၇၀ ခု။ တန်ခူးလဆန်း (၁၅)ရက်နေ့ တွင်ကြရောက်သည့် မြန်မာ့ နှစ်သစ် ကူး အချိန်ကာလ အတွင်းတွင် မြန်မာ့ ဒီိမီုကရေစီ အင်အားစုများ (ဖို့ ဝိန်း။ အင်ဒီယားနား) မှ မြန်မာပြည်သူ၊ပြည်သား တရပ်လုံးအားနှစ်သစ်ဆုတောင်းအဖြစ်

ဤနှစ်သစ်ကူး သ၀ဏ်လွှာကို ထုတ်ပြန် လိုက်ပါသည်၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် ၈၈ မျိုးဆက်သစ် ကျောင်း သား ခေါင်းဆောင်များ။ ၂၀၀၇ ခုနုစ် စက်တင်ဘာ တော်လှန်ရေးမှ ဖမ်းဆီးခံနေကြရသော ရဟန်း သံဃာတော်များနှင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရရှိရေး တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံနေကြသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်း လိုက်ရ ပါသည်၊

ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် မတရားရေးဆွဲထားသော ဖွဲ့ စည်းပုံ အခြေခံမူ ကို ပြတ်သားစွာ ငြင်းပယ်ခြင်းနှင့်အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရေး။ လိုအပ်လာပါက ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ဦးဆောင်၍အစိုးရတရပ်ဖွဲ့ စည်းပြီး ပြည်သူ့ အာဏာကို စစ်အာ ဏာရှင်တစ်စု ထံမှ ပြန်လည်ရယူရန်လည်း တိုက်တွန်းအပ်ပါသည်။

တပ်မတော်အတွင်းမှ သူရဲကောင်း မြန်မာ့တပ်မတော်သားကောင်း ခေါင်းဆောင်များ ပေါ် ထွက်လာပြီး ရဟန်း။ပြည်သူများနှင့်ပူးပေါင်း၍စစ်အာဏာရှင်စနှစ်ကို ဖျက်သိမ်းပြီး။ ဒီမိုကရေစီနှင့် လူ့  အခွင့်အရေးများ ထွန်းကားသည့် နိုင်ငံတော် သစ်တရပ် ပေါ်ပေါက်ရေးမှာ အလွန်ပင်အရေးပါ လှပါ သည်။

နိုင်ငံတကာရှိ မိသားစုများမှ မြန်မာနိုင်ငံတွင်းရှိ စစ်အာဏာရှင်နှင့် ယင်းတို့ တည်မြဲရေး အတွက် အကာအကွယ်ပေးနေသည့် အိမ်နီးချင်းနိုင်ငံများအား ပြတ်သားစွာ။ ဖိအားပေး အရေးယူ ဆောင်ရွက်ရေးများ အလျင်အမြန်ဖြစ်ပေါ်ရေးမှာ အထူး လိုအပ် နေပါသည်၊

စားဝတ်နေရေး ခက်ခဲမှု၊ လူမှု၊ဒုက္ခအ၀၀ဘေးမှ မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက် ရန်နှင့် အိမ်နီးခြင်းနိုင်ငံများတွင် ၀မ်းစာ အတွက် ဆင်းရဲဒုက္ခပင်ပန်းကြီးစွာ လုပ်ကိုင်နေ

ကြသော မြန်မာနိုင်ငံသားများ အန္တရယ်အပေါင်းမှ ကင်းလွတ်နိုင်ရေးအတွက်ဆုတောင်း

မေတ္တာပို့ သလိုက်ရ ပါသည်၊

အမျိုး။ ဘာသာ။ သာသနာ ထွန်းကားသည့် အပြင်။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြ သော လူမျိုးးမရွေး။ ဘာသာမရွေး။ တန်းတူရည်တူ ချစ်ကြည် ရင်းနှီးစွာ အတူတကွ နေထိုင်နိုင်သည့် နိုင်ငံတော်သစ်ပေါ်ပေါက်လာသည့်တိုင် ဒီမိုကရေစီလိုလားသော ပြည်တွင်းပြည်ပအင်အားစုများနှင့် အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည့်အကြောင်း မြန်မာပြည်သူတရပ်လုံးသို့  နှစ်သစ်ကူး သ၀ဏ်လွှာကို ပေးပို့ လိုက်ရပါသည်၊



မြန်မာ့ ဒီမိုကရေစီ အင်အားစုများ (ဖို့ ဝိန်း ။ အင်ဒီယားနား)


ဖတ်ကြည့်ချင်သေးလား....

Saturday, April 12, 2008



သတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလ၏နောက်ဆုံးခရီးမှတ်တမ်းဓါတ်ပုံ














Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, April 7, 2008

အမေရိကန်ပြည်ထောင်စုမှာတရုပ်အိုလံပစ်မီးရှုးတန်ဆောင်မရောက်မှီ
တိဘက်အရေးလှုပ်ရှားနေသူများစတင်ကြိုဆိုကြပြ


ဒီနေ့နံနက်ဒေသစံတော်ချိန်၁၁း၁၅ နာရီမှာတိဘက်လွတ်မြောက်ရေးအတွက်ဆန္ဒပြကြသူတွေဟာ
ကမ္ဘာကျော်ဆန်ဖရန်စစ္စကို ရွှေရောင်ကြိုးတံတားကြီးရဲ့ကေဘယ်ကြိုးများပေါ်သို့တွယ်တက်သွားကြပြီး
"One World, One Dream. Free Tibet" and "Free Tibet '08."
စာတန်းပါတဲ့ဘန်နာများကို ကမ္ဘာကြီးတခုလုံးသို့လွှင့်တင်ပြသခဲ့ကြပါတယ်။
ဆန္ဒပြသူများ၏အသက်လုံခြုံရေးအရတံတားမှအမြင့်ပေ၁၅၀၊ ရေပြင်မှအမြင့်ပေ၃၇၀မှာရှိနေသူများအား

လုံခြုံရေးအရာရှိများမှအဓ္ဓမဖယ်ရှားခြင်းမပြုခဲ့ဘဲ မွန်းလွဲ ၁နာရီခန့် တွင်ဆန္ဒပြသူများကြိုးတံတားကြိုး

များပေါ်မှပြန်ဆင်းခဲ့ကြပါသည်။ထိုတံတားပေါ်သို့တက်ရောက်ဆန္ဒပြသည့်ထဲတွင်အမျိုးသားနှစ်ဦးနှင့်

အမျိုးသမီးတဦးပါဝင်ခဲ့ပြီးဒေသဆိုင်ရာရဲများမှထိုသူများအားဖမ်းဆီးအရေးယူခဲ့ပါသည်။

CBS5မှဗီဒီယိုသတင်း


http://cbs5.com/local/golden.gate.bridge.2.693783.html

ဆန်ဖရန်စစ္စကိုမှမြန်မာတို့ရဲ့လှုပ်ရှားမှု

ဘေးဧရိယာတ၀ိုက်မှမြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲဝင်ရဲဘော်များမှလည်းတိဘက်အရေးလှုပ်ရှားသူ

များနှင့်ပူးပေါင်း၍အိုလံပစ်မီးရှုးတိုင်ရောက်လာပါကဆန္ဒပြရန်အဆင်သင့်ပြင်နေကြပြီဖြစ်ပါတယ်။

အမေရိကတလွှားမှမြန်မာမျာပူးပေါင်းပါဝင်ရန်လည်းနှိုးဆော်ထားပါတယ်၊

သူတို့ရဲ့အစီအစဉ်များကအောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ်။


ဖတ်ကြည့်ချင်သေးလား....

ပြည်သူချစ်သောစာရေးဆရာမကြီးလူထုဒေါ်အမာကွယ်လွန်ခြင်း


http://www.mandalaygazette.com/
မန္တလေးမှဧပြီ ၅ရက် နေ့တွင်ပေးပို့လာသောသတင်းအရ အသက်(၉၃)နှစ်ရှိစာရေးဆရာမကြီးလူထုဒေါ်အမာ
သည်မတ်လ(၃၀)ရက်ညကသွေးဝမ်းများသွားခဲ့သဖြင့်မန္တလေးဆေးရုံကြီးနှလုံးရောဂါကုသဆောင်သို့ညတွင်း
ချင်းတင်ခဲ့ရကြောင်း၊ဧပြီလ(၅)ရက်အထိသွေး(၅)ပုလင်းသွင်းထားရကြောင်းနှင့်ကျန်းမာရေးတိုးတက်လာခဲ့
ကြောင်းသိရှိခဲ့ရပါသည်။
သို့သော်ဧပြီလ(၇)ရက်၊၂၀၀၈ခုနှစ်၊တနင်္လာနေ့ ၊ယနေ့မြန်မာစံတော်ချိန်နံနက်(၈း၃၇)နာရီတွင်မန္တလေး
ဆေးရုံကြီးတွင်အမေလူထုဒေါ်အမာကွယ်လွန်သွားကြောင်းထပ်မံအတည်ပြုသည့်သတင်းရရှိခဲ့ပါသည်။
အမေဟုမြန်မာစာပေလောကကချစ်မြတ်နိုးစွာခေါ်ကြသော အမေဒေါ်အမာ၏ရုပ်ကလာပ်အား ၂၀၀၈ခုနှစ်၊ဧပြီလ(၉)ရက်မနက်(၁၀း၀၀)နာရီတွင်ကြာနီကန်သုသာန်တွင်ဂူသွင်းသဂြိုလ်မည်ဟုသိရှိရပါသည်။
အမေမျှော်မှန်းခဲ့သောမြန်မာလူထုဘ၀နှင့်မြန်မာနိုင်ငံတော်ကြီးအားမမြင်တွေ့ခဲ့ရဘဲမျက်ကွယ်ပြုခဲ့ရသည့်

အမေအတွက်ကျွန်ုပ်တို့မှများစွာကြေကွဲ ခံစားကြရပါသည်။
သို့ဖြစ်ပါ၍အမေလူထုဒေါ်အမာမျှော်မှန်းသည့်စစ်အာဏာရှင်လက်အောက်မှအဖိနှိပ်ခံပြည်သူလူထုဘ၀လွတ်မြောက်ရေးအတွက်ကျွန်ုပ်တို့သက်ဆုံးတိုင်တိုက်ပွဲဝင်သွားကြမည်ဟုသံဓိဌာန်ပြုအပ်ပါသည်။


ဖတ်ကြည့်ချင်သေးလား....

Sunday, April 6, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကန့်ကွက်မဲပေးရေးလက်ကမ်းစာစောင်ဖြန့်ပြီ




ဖတ်ကြည့်ချင်သေးလား....

မြန်မာ့ဒီမိုကရေစီဘက်တော်သားရေဒီယိုဟုခံယူထားသော
သတင်းဌာနများနှင့် ပတ်သက်၍ဒေါက်တာတင့်ဆွေ၏တင်ပြချက်


ဖတ်ကြည့်ချင်သေးလား....

နိုင်ငံတကာတိဘက်လှုပ်ရှားမှုအား
ထောက်ခံအားပေးအတုယူကြ

တိဘက်လှုပ်ရှားမှုဗီဒီယို





ဖတ်ကြည့်ချင်သေးလား....

Friday, April 4, 2008

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကွယ်လွန်ပြီဟုကောလဟာလသတင်းထွက်ပေါ်
ခဲ့သော သတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလကွယ်လွန်ပြီ




အသက်(၈၂)နှစ်ရှိပြီဖြစ်သောသတင်းစာဆရာကြီးကြေးမုံဦးသောင်း(ခ)အောင်ဗလသည်အမေရိကန်
ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်၊ဖို့တ်လောရာဒေးမြို့ ရှိ Florida Medical Center ဆေးရုံ၌ အဆုတ်နှင့်
နှလုံးရောဂါအတွက်ဆေးကုသမှုခံယူနေစဉ်အတွင်း ဧပြီလ ၃ ရက်၊၂၀၀၈ခုနှစ် ဒေသစံတော်ချိန်ည ၁၀း၀၀နာရီခန့်တွင်ကွယ်လွန်ခဲ့ကြောင်းမိသားစု၏အတည်ပြုပြောကြားချက်အရသိရှိရပါသည်။ကွယ်လွန်သူ၏ဆန္ဒ
အတိုင်းကြွင်းကျန်သောရုပ်ကလာပ်အားကျန်ရစ်သူမိသားစုမှမီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ဆရာကြီး
၏ဈာပနနှင့်ပတ်သက်သောအသေးစိပ်အစီအစဉ်အားထပ်မံကြေညာမည်ဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Thursday, April 3, 2008

အမေရိကန်ပြည်ထောင်စုမှမြန်မာမိသားစုတစု၏

ဝမ်းနည်းဖွယ်ရာကျော်ကြားခဲ့သည့်သတင်းဆိုး


အမေရိကန်ပြည်ထောင်စု၊ယူတားပြည်နယ်၊ဆော့လိပ်စီတီး၊ South Parc apartment

မတ်လ၃၁ ရက်တနင်္လာနေ့ တွင်အသက်(ရ)နှစ်အရွယ်မြန်မာနိုင်ငံဖွားကရင်သမီးးငယ်တဦး

ပျောက်ဆုံးခဲ့ပြီးအသတ်ခံခဲ့ရကြောင်းအမေရိကန်သတင်းဌာနကြီးများတွင်အင်္ဂါနေ့၌ကြေညာခဲ့ပါသည်။

သတ်ဖြတ်ခဲ့သူမှာလည်းမြန်မာဒုက္ခသည်အဖြစ်ဖြင့်အမေရိကားသို့ရောက်ရှိသည်မှာ

(၁)လခန့်သာရှိသေးသော ဆာမက်(၂၁)နှစ်ဖြစ်သည်ဟုသိရှိရပါသည်။

သတ်ဖြတ်ခြင်းခံခဲ့ရသည့်ကလေးမလေး၏အမည်မှာဆာနေမူးဖြစ်ပြီး သူမမိသားစုမှာ၂၀၀၇ ခုနှစ်၊သြဂုတ်လတွင်ထိုင်းနိုင်ငံနယ်စပ်မယ်လဒုက္ခသည်စခန်းမှတဆင့်အမေရိကန်အစိုးရ၏

ဒုက္ခသည်အစီအစဉ်ဖြင့်အမေရိကန်နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပါသည်။

သတင်းအပြည့်အစုံအားအောက်ဖေါ်ပြပါသတင်းဌာန၀က်ပ်ဆိုက်များတွင်သွားရောက်ဖတ်နိုင်ပါသည်။

http://www.foxnews.com/story/0,2933,344469,00.html

http://www.cnn.com/video/#/video/crime/2008/04/02/grace.missing.girl.dead.cnn

CNN HEADLINE NEWS ဗီဒီယိုကြည့်ရန်



FOX NEWS



Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, April 2, 2008

ကျွန်တော်တို့DIDမှာမိသားစုဝင်တဦးတိုးပြီဗျို့ 


ကျွန်တော်တို့DID တာဝန်ခံတဦးဖြစ်တဲ့ ကိုချိုတူး(ဆောင်းယွန်းလ)၏ချစ်ဇနီးမူမူအေးမှမတ်လ၂၈ ရက်၊၂၀၀၈ခုနှစ်၊သောကြာနေ့ဒေသစံတော်ချိန်ညနေ ၅း၀၀နာရီတိတိတွင်သားရတနာဖွားမြင်ခဲ့ပြီးမိခင်နှင့်ကလေးနှစ်ဦး
စလုံးကျန်းမာလျက်ရှိကြောင်းရပ်ဝေး၊ရပ်နီးနေရဲဘော်ရဲဘက်များနှင့်မိသားစုဝင်များသိစေရန်DIDရဲဘော်များမှ ၀မ်းမြောက်ဂုဏ်ယူစွာသတင်းစကားဆိုအပ်ပါသည်။သားသားလေးရဲ့အမည်ကို"သောမတ်စ်သူရိန်လင်း" လို့
ပေးထားပါတယ်တဲ့ခင်ဗျား။



Rest of your post

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုက်ပွဲစခေါ်ပါပြ



နအဖစစ်အာဏာရှင်များမတရားရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နှင့် ဆန္ဒခံယူပွဲ
အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မည်ကဲ့သို့ရင်ဆိုင်ဆုံးဖြတ်မည်နည်းဟူသောအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD)၏ ပြတ်သားသောတိုက်ပွဲဝင်မှုပုံသဏ္ဍန်အားမျှော်လင့်နေသည့်ပြည်သူလူထုတရပ်လုံးနှင့်မြန်မာ့
ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြသောသူများအားလုံးအား(NLD)မှအောက်ဖေါ်ပြပါအတိုင်းပန်ကြားထား
သည်ဟုသတင်းရရှိပါသည်။

" လူထုလူတန်းစား အလွှာအသီးသီးမှ တိုင်းရင်းသား ပြည်သူများအားလုံးနဲ့ အဖွဲ့အစည်းများက သက်ဆိုင်ရာ မဲရုံများသို့ မပျက်မကွက် သွားရောက်ကြပြီး ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား၊ရဲရဲဝံ့ဝံ့ပေးကြပါရန် ပန်ကြားအပ်ပါသည်၊ "


ဖတ်ကြည့်ချင်သေးလား....

Tuesday, April 1, 2008

Beijing 2008 Torch Relay Truth!

တရုပ်အိုလံပစ်မီးရှုးတန်ဆောင်စစ်စစ်



လူမဆန်သောတရုပ်အစိုးရနဲ့မထိုက်တန်တဲ့အိုလံပစ်ပွဲတော်ကိုဆန့်ကျင်ကြဖို့ဘ၀တူတိဘက်လူမျိုး
တွေနဲ့အတူ
တိုက်ပွဲဝင်ကြရအောင်......
International Olympic Committee (IOC) ကိုစာပို့ကြဖို့ဖိတ်ခေါ်တဲ့
အင်တာနက်
စာမျက်နှာကိုသွားကြဖို့ကိုလည်းတိုက်တွန်းပါတယ်။

လိပ်စာက
http://actionnetwork.org/campaign/notorch/

Rest of your post


ဖတ်ကြည့်ချင်သေးလား....