Monday, April 7, 2008

အမေရိကန်ပြည်ထောင်စုမှာတရုပ်အိုလံပစ်မီးရှုးတန်ဆောင်မရောက်မှီ
တိဘက်အရေးလှုပ်ရှားနေသူများစတင်ကြိုဆိုကြပြ


ဒီနေ့နံနက်ဒေသစံတော်ချိန်၁၁း၁၅ နာရီမှာတိဘက်လွတ်မြောက်ရေးအတွက်ဆန္ဒပြကြသူတွေဟာ
ကမ္ဘာကျော်ဆန်ဖရန်စစ္စကို ရွှေရောင်ကြိုးတံတားကြီးရဲ့ကေဘယ်ကြိုးများပေါ်သို့တွယ်တက်သွားကြပြီး
"One World, One Dream. Free Tibet" and "Free Tibet '08."
စာတန်းပါတဲ့ဘန်နာများကို ကမ္ဘာကြီးတခုလုံးသို့လွှင့်တင်ပြသခဲ့ကြပါတယ်။
ဆန္ဒပြသူများ၏အသက်လုံခြုံရေးအရတံတားမှအမြင့်ပေ၁၅၀၊ ရေပြင်မှအမြင့်ပေ၃၇၀မှာရှိနေသူများအား

လုံခြုံရေးအရာရှိများမှအဓ္ဓမဖယ်ရှားခြင်းမပြုခဲ့ဘဲ မွန်းလွဲ ၁နာရီခန့် တွင်ဆန္ဒပြသူများကြိုးတံတားကြိုး

များပေါ်မှပြန်ဆင်းခဲ့ကြပါသည်။ထိုတံတားပေါ်သို့တက်ရောက်ဆန္ဒပြသည့်ထဲတွင်အမျိုးသားနှစ်ဦးနှင့်

အမျိုးသမီးတဦးပါဝင်ခဲ့ပြီးဒေသဆိုင်ရာရဲများမှထိုသူများအားဖမ်းဆီးအရေးယူခဲ့ပါသည်။

CBS5မှဗီဒီယိုသတင်း


http://cbs5.com/local/golden.gate.bridge.2.693783.html

ဆန်ဖရန်စစ္စကိုမှမြန်မာတို့ရဲ့လှုပ်ရှားမှု

ဘေးဧရိယာတ၀ိုက်မှမြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲဝင်ရဲဘော်များမှလည်းတိဘက်အရေးလှုပ်ရှားသူ

များနှင့်ပူးပေါင်း၍အိုလံပစ်မီးရှုးတိုင်ရောက်လာပါကဆန္ဒပြရန်အဆင်သင့်ပြင်နေကြပြီဖြစ်ပါတယ်။

အမေရိကတလွှားမှမြန်မာမျာပူးပေါင်းပါဝင်ရန်လည်းနှိုးဆော်ထားပါတယ်၊

သူတို့ရဲ့အစီအစဉ်များကအောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ်။


No comments: