Thursday, February 28, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အားတရားဝင်
အစိုးရအဖြစ်အသိအမှတ်ပြုကြ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှမြန်မာနိုင်ငံတော်အစိုးရ
အဖြစ်တရားဝင်ကြေညာတိုက်ပွဲဝင်နိုင်ရန်ဝိုင်းရံကြ

ဖတ်ကြည့်ချင်သေးလား....

ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့်ပတ်သက်၍ကြားသိသမျှ



မြန်မာပြည်တွင်းမှသတင်းပေးပို့ချက်အရရုပ်ရှင်သရုပ်ဆောင်လွင်မိုးတယောက် သန်းရွှေ ၊ တေဇ

တို့၏အနွယ်ဝင်များဖြစ်သောMax (ဇော်ဇော်) နှင့် လွယ်ဟိန်းကုမ္ပဏီ (ဦးစိုင်း-ဒေါ်ဂျူလီ) တို့၏

စီးပွားရေးအကျိုးအမြတ်အတွက်ရည်ရွယ်၍ လည်းကောင်း ၊ နအဖ စစ်အာဏာ ရှင်တို့၏၀ါဒ

ဖြန့်ချီရေးအတွက်လည်းကောင်း ၊ ချင်းပြည် နှင့်မြိတ်ကျွန်းစု ခရီးစဉ် များအားသွားရောက် ပြီး မှတ်တမ်းဗီဒီယိုများရိုက်ကူးနေကြောင်းကြားသိရပါသည်။

လွင်မိုးရိုက်ကူးနေသောဗီဒီယိုမှတ်တမ်းများသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားတို့၏ဘ၀အဖြစ် မှန်များမြှင့်တင်လိုသည့်ရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ လည်းကောင်းတို့၏စီးပွားရေးအတွက် တိုင်းရင်းသားများအားချနင်းအသုံးချခြင်းသာဖြစ်သည်ဟုမျိုးချစ်မြန်မာ့ရုပ်ရှင်အသိုင်းအ၀ိုင်းမှ မှတ်ချက်ချကြောင်းလည်းစုံစမ်းသိရှိရပါသည်။

ထို့အပြင်မင်းသားလွင်မိုးသည်သူရိုက်ကူးခဲ့သည့်နအဖနှင့်နအဖအနွယ်ဝင်များ အားအကျိုးပြု စေမည့် တိုင်းရင်းသားများအားချနင်းအသုံးချထားသည့် သူ၏ခရီးသွား ဗီဒီယိုမှတ်တမ်းအား မြန်မာ့ရုပ်မြင်သံကြား

နှင့်MRTV4တို့မှထုတ်လွှင်ခဲ့ပြီး၊နအဖ၀ါဒဖြန့်ချီင်္ရေးအားပံ့ပိုးစေမည့်သူ၏ ချင်းပြည်ခရီးသွားမှတ်တမ်း ဗီဒီယိုအားအမေရိကန်ပြည်ထောင်စုသို့လာရောက်ဖြန့်ဝေရန်စီစဉ် နေသည်ဟုကြားသိရပါသည်။

လွင်မိုး၏အမေရိကန်ခရီးစဉ်အတွက်အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင် သောမြန်မာပြည်တွင်တချိန်တခါကအောင်မြင်ကြော်ကြားခဲ့သည့်မြန်မာအနုပညာရှင်တဦး၏ခင်ပွန်းသည် နှင့်သဘောတူညီမှုရယူထားပြီးဗီဇာကိစ္စအတွက်စီစဉ်နေကြောင်းလည်းသိရပါသည်။

ရဟန်းသံဃာနှင့်ပြည်သူအားသတ်ဖြတ်ညှင်းပန်းနှိပ်စက်နေသောစစ်အာဏာရှင်နှင့်သူတို့၏အနွယ်ဝင်များ သက်ဆိုးရှည်စေရန်အားပေးထောက်ပံ့အကျိုးပြုသူမှန်သမျှအားကျွန်ုပ်တို့မှပြတ်ပြတ်သားသား ဆန့် ကျင်

သွားရမည်ဖြစ်ပြီး၊အမေရိကန်အစိုးရ၏မြန်မာနိုင်ငံအပေါ်ထားရှိသောမူဝါဒများအားလေးစား လိုက်နာကြရ

မညဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရုပ်ရှင်သရုပ်ဆောင်လွင်မိုး၏မြန်မာနိုင်ငံသားတို့၏ပကတိဆန္ဒများနှင့်ကိုက်ညီမှုမရှိသောအမေရိကန

ခရီးစဉ်အတွက်ကျွန်ုပ်တို့အမေရိကန်အစိုးရသို့တင်ပြကန့်ကွက်ကြရမည်ဖြစ်ပါသည်။

လွင်မိုးအနေဖြင့်ပြည်သူချစ်သောပြည်သူ့အကျိုးပြုအနုပညာရှင်တဦးအဖြစ်အချိန်မှီပြန်လည်ပြုပြင်ရန်ကျွန်ုပ်တို့မှ

အလေးအနက်တိုက်တွန်းအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Tuesday, February 26, 2008

BURMA DEMOCRACY FORUM

ဒီမိုကရေစီရေးတွေ့ ဆုံဆွေးနွေးပွဲဖို့တ်ဝိန်းမြို့ ၌အောင်မြင်စွာကျင်းပခဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အားတရားဝင်မြန်မာနိုင်ငံတော်အစိုးရအဖြစ်ကြေညာ တိုက်ပွဲဝင်ရန်ဆွေးနွေးခဲ့



အမေရိကန်အထက်လွှတ်တော်အမတ်ရစ်ချတ်လူဂါမှဆွေးနွေးပွဲသို့ သ၀ဏ်လွှာပေးပို့ခဲ့

ဆွေးနွေးပွဲဖြစ်မြောက်ရေးတာဝန်ခံကိုကြည်ဌေးနှင့်ဒေါက်တာသီဟအား
DIDမှတွေ့ ဆုံမေးမြန်းချက်



မြန်မာ့ ဒီမိုကရေစီအရေး တွေ့ ဆုံဆွေးနွေးပွဲ (ဖို့ ဝိန်း ၊ အင်ဒီယားနား)

BURMA DEMOCRACY FORUM (Fort WayneIndiana)

နေ့ စွဲ။ ။ဖေဖော်ဝါရီလ ၂၄ရက်၊၂၀၀၈ ခုနှစ်

တွေ့ ဆုံဆွေးနွေးပွဲ မှ ဆွေးနွေးမှုရလာဒ်များ

မြန်မာ့ ဒီမိုကရေစီအရေး တွေ့ ဆုံဆွေးနွေးပွဲ (ဖို့ ဝိုန်း။ အင်ဒီယားနား) Burma Democracy Forum (Fort Wayne, Indiana)”အခန်းအနားကို အမေရိကန် ၊ အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်းမြို့ ရှိ အင်ဒီယားနား - ပါဒူး တက္ကသိုလ်(IPFW)တွင်းရှိ Walb Student Union တွင် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့်အင်အားစုများမှ ဖေဖော်ဝါရီ(၂၄) ရက်။ ၂၀၀၈ ခုနှစ် တွင်မြန်မာ့နိုင်ငံအရေး ညှိနိုင်းဆွေးနွေးခဲ့ကြသည်၊ ယင်းဆွေးနွေး ပွဲတွင်မြန်မာနိုင်ငံ ၌

လတ်တလောဖြစ်ပေါ် ပြောင်းလဲ နေသောအခြေအနေများ အပေါ် မူတည်၍ဖို့ ဝိန်းမြို့ နှင့် အမေရိကန် ပြည်နယ်အသီးသီမှ မြန်မာ့ဒီမိုကရေစီ အရေး လူပ်ရှားနေသူများ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုတွင်စစ်အာဏာရှင် နအဖတို့  ပြုလုပ်သည့် အတုအယောင်ညီလာခံမှအဓမ္မ ရေးဆွဲခဲ့သည့် ဖွဲ့  စည်းပုံ အခြေခံ ဥပဒေအား မေလအတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် ၄င်းတို့ ကျင်းပမည့် ၂၀၁၀ ပြည့် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် အပေါ် သုံးသပ်ဆွေးနွေးကြပြီး။ တညီတညွတ်ထဲ ကန့်ကွက် ခဲ့ကြသည်။ အကြောင်းမှာ ဒီမိုကရေစီအခြေခံမူများနှင့်ကင်းကွာပြီး ၊ ပြည်သူများမှရွေးချယ်တင်မြောက် ထားသော ပြည်သူ့ ကိုယ်စား လှယ်များ ပါဝင်မှုမရှိသော၊ အတုအယောင်ညီလာခံတရပ်ကို ကျင်းပပြီး၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတရပ်ကို အဓမ္မ ရေးဆွဲခဲ့ခြင်းကြောင့်ဖြစ်သည်၊

ပြည်ပတွင်သတင်းထွက်ပေါ်နေသော ထပ်ဆင့် ပေါ်ပေါက်လာမည့် စင်ပြိုင်အစိုးရဖွဲ့ စည်းရေး အပေါ်သုံးသပ်

ဆွေးနွေးခဲ့ကြရာတွင် ပြည်သူ့ ကိုယ်စားလှယ်များဦးဆောင်ရေးဆွဲပြီး၊ ပြည်သူ တရပ်လုံးမှ ထောက်ခံအတည်ပြု ထား ခြင်း မရှိသော၊ မည်သည့်ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုမှ လက်မခံကြောင်း၊ ၁၉၉၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူတရပ်လုံးမှ မဲဆန္ဒပေး ၍အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှသည် ပြည်သူ့ ဆန္ဒကို ထင်ဟပ် ပေါ်လွင် စေအောင်ပြည်သူ့ အစိုးရအဖြစ်ကြေငြာတိုက်ပွဲဝင်ရန်၊ ယနေ့ ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ အရေးတွေ့ ဆုံဆွေးနွေးပွဲမှ လေးနက်စွာတိုက်တွန်းတောင်းဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်း အသီးသီးတို့ မှ မြန်မာ့နိုင်ငံအရေးကိစ္စ ကူညီ ဆောင်ရွက်ကြရာ

တွင် နအဖနှင့်တွေ့ ဆုံဆွေးနွေးရေးကို အဓိကဦးစားပေး ဆောင်ရွက်နေခြင်း ကိုရပ်တန့် ပြီး၊ နအဖအား ပိုမိ

ပြင်းထန် သော၊ ထိရောက်သော အရေးယူဆောင်ရွက်မှု များကိုသာ ဆောင်ရွက်ရန် လေးနက်စွာ တိုက်တွန်း

တောင်းဆိုသည်။

မြန်မာ့ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စံနစ် ပပျောက်ရေး ၊ အတိုက်အခံအင်အားစုများ ချိန် သားကိုက် ညီညွတ်မှုတည်ဆောက်ရေး အတွက် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်အား သုံးသပ်ဆွေးနွေး ကြရာတွင် ပိုမိုကျယ်ပြန့် သောအင်အားစုများ စုစည်းနိုင်သည့်ညီလာခံတရပ်ကို ၂၀၀၈ခုနှစ်အတွင်း ခေါ်ယူကျင်းပ နိုင်ရန်

အတွက် အကောင်အထည် ဖော်ဆောင်ရွက် ရန် တညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြသည်။

တွေ့ ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မီတီ

ဖတ်ကြည့်ချင်သေးလား....

Monday, February 25, 2008

မွန်အမျိုးသားနေ့ဗီဒီယှိုမှတ်တမ်း



၆၁ နှစ်မြောက်မွန်အမျိုးသားနေ့ဖို့တ်ဝိန်းမြို့ တွင်စည်ကားစွာကျင်းပခဲ့




အမေရိကန်ပြည်ထောင်စု၊အင်ဒီယားနားပြည်နယ်၊ဖို့တ်ဝိန်းမြို့ တွင်မွန်အမျိုးသားတို့၏သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်သောဟံသာဝတီမွန်မင်းနေပြည်တော်တည်ထောင်ခဲ့သောနေ့အားအစွဲပြု၍၆၁နှစ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားအား ၂၀၀၈ခုနှစ်၊ဖေဖေါ်ဝါရီလ၂၃ရက် ညနေ၄း၀၀နာရီတွင် Southside High School ခန်းမ၌ကျင်းပခဲ့ရာမွန်အမျိုးသားများ၊မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကိုများနှင့်ဖိတ်ကြားခြင်းခံရသော အမေရိကန်အစိုးရအဖွဲ့ အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင်မွန်အမျိုးသားတို့၏ရိုးရာယဉ်ကျေးမှုအကများ၊တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ပြီး၊ဧည့်ပရိသတ် များအားအစားအသောက်စုံလင်စွာဖြင့်ညစာအားဧည့်ခံကျွေးမွေးခဲ့ကြပါသည်။ဒေသစံတော်ချိန် ည၁၁း၀၀နာရီ ခန့်တွင်အခမ်း အနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, February 20, 2008

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ ချုပ်၏ကျေညာချက်

http://www.mandalaytube.com/media/document/413.pdf



ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင်တော်လှန်ရေးအတွင်းမြန်မာစစ်တပ်၏နောက်ကျောမှပစ်သတ်ခြင်း
ခံရသောကင်ဂျီနာဂါအိအကြောင်းထုတ်ဖေါ်ပါကနှုတ်ပိတ်ခံရမည်













ဂျပန်နိုင်ငံမှရဲအထူးစုံစမ်းရေးအဖွဲ့ တဖွဲ့ သည်စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်းဂျပန်သတင်း
ထောက်ကင်ဂျီနာဂါအိအားရန်ကုန်မြို့ လည်ခေါင်တွင် မြန်မာစစ်တပ်သည်နောက်ကျောမှသေစေရန်ရည်ရွယ်
ပစ်သတ်ခဲ့သည့်အမှုအားစစ်ဆေးရန်တနင်္လာနေ့တွင်မြန်မာနိုင်ငံသို့ရောက်ရှိနေပြီးဖြစ်ပါသည်။
ထိုသတင်းနှင့်ပတ်သက်၍DIDမှစုံစမ်းခဲ့ရာတွင် ဂျပန်ရဲစုံစမ်းရေးအဖွဲ့ မြန်မာပြည်သို့မရောက်ရှိခင် အချိန်မှစ၍ ထိုအကြမ်းဖက်သတ်ဖြတ်မှုတွင်ပါဝင်ခဲ့သောမြန်မာရဲတပ်ဖွဲ့ ဝင်များအားစစ်တပ်အာဏာပိုင်များမှခေါ်ယူပြီးကြို တင်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ကြိုတင်စမ်းသပ်စစ်ဆေးချိန်အတွင်းမိမိမြင်တွေ့ သိရှိချက်များအား အမှန်အတိုင်းထွက်ဆိုခဲ့ကြသည့်မျက်မြင်သက်သေပြည်သူ့ ရဲတပ်ဖွဲ့ ဝင်များအားစစ်အာဏာပိုင်များမှ ဆူပူကြိမ်း မောင်းဆဲဆိုခဲ့ပါသည်။
ထိုမျက်မြင်သက်သေများအားမည်သည့်ပုဂ္ဂိုလ်အဖွဲ့ အစည်းမှထပ်မံမေးမြန်းစစ်ဆေးပါကမသိဘူးဟုသာဖြေဆို
ရမည်ဖြစ်ကြောင်းနှင့်ထိုသတ်ဖြတ်မှုအား အမှန်အတိုင်းတစုံတရာထွက်ဆိုခဲ့ပါကစစ်တပ်၏ သစ္စာဖေါက်ဖျက်
သူအဖြစ်သတ်မှတ်ပြီးထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်းခြိမ်းခြောက်ခဲ့သည်ဟုထိုမျက်မြင်သက်သေ များနှင့်နီးစပ်သည့်သူများမှDIDသို့ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့လည်ခေါင်စက်တင်ဘာတော်လှန်ရေးအားအကြမ်းဖက်ဖြိုခွဲခဲ့ရာတွင်ပါဝင်ခဲ့သည့်ပြည်သူ့ရဲတပ်ဖွဲ့ ဝင် များအားလိုအပ်လျင်နှုတ်ပိတ်အစဖြောက်မည်ဟုရဲတပ်ဖွဲ့ ဝင်များအကြားသတင်းများထွက်ပေါ်နေသည့်အတွက်
ရဲမိသားစုများအနေဖြင့်ကျီးလန့်စာစားကြောက်ရွံ့ နေကြသည်ဟုလည်းDIDမှသတင်းရရှိထားပါသည်။
ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များအနေဖြင့်စစ်တပ်၏အနိုင်ကျင့်ဗိုလ်ကျမှုများအားတွန်းလှန်၍ပြည်သူဖက်မှရပ်တည်သော ပြည်သူ့ရဲစစ်စစ်ဖြစ်ရန်ပြည်သူလူထုတရပ်လုံးနှင့်ပူးပေါင်းပြီးစစ်အာဏာရှင်များအားတော်လှန်ချိန်ကျရောက်နေ ပြီဖြစ်ကြောင်းသတိပေးနှိုးဆော်အပ်ပါသည်။







ဖတ်ကြည့်ချင်သေးလား....

Monday, February 18, 2008

ဖို့တိဝိန်းမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများဖဒိုမန်းရှာအား
ရည်စူး၍ကောင်းမှုကုသိုလ်ပြု



ဖတ်ကြည့်ချင်သေးလား....

Sunday, February 17, 2008

ဗဒိုမန်းရှာလုပ်ကြံခံခဲ့ရခြင်းနှင့်ပတ်သက်၍ AlJazeera သတင်းဌာန
English အစီအစဉ်မှထုတ်လွှင့်ချက်ဗီဒီယို





ဗဒိုမန်းရှာနှင့်ပတ်သက်သည့်နောက်ဆက်တွဲသတင်း

ထိုင်းနိုင်ငံမှDIDတာဝန်ခံ၏စုံစမ်းကြားသိရသောသတင်းပေးပို့ချက်တခုတွင်မြန်မာပြည်တိုင်း ရင်းသားတော်လှန် ရေး၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီး၏ထိပ်ပိုင်းခေါင်းဆောင်ကြီးများအား နအဖစစ်အုပ်စုမှလုပ်ကြံသတ်ဖြတ် ရန်ကြိုတင်စီစဉ်ထားခဲ့သည့်အစီအစဉ်သတင်း အချက် အလက်များအား၂၀၀ရ ခှုနှစ်ကတည်းမှစ၍အခိုင်အမာ ရရှိကြားသိခဲ့သူရှိခဲ့ကြောင်းသို့အတွက်ကြောင့်လည်းထိုပုဂ္ဂိုလ်ကြီးသည်မြန်မာ့ပြည်စစ်အာဏာရှင်လက်အောက် မှလွတ် မြောက် ရေး အတွက်တိုက်ပွဲဝင်နေကြသည့်တော်လှန်ရေးနိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှထိပ်သီခေါင်း ဆောင်များအားထိုသတင်းနှင့်စပ်လျဉ်းပြီးလုံခြုံရေးအရလိုအပ်သည်များကိုကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရန်လျှို့  ၀ှက်အသိ ပေးမှု များပြုလုပ်ခဲ့သည်ဟုလည်းသိရပါသည်။ ထိုကဲ့သို့ မြန်မာ့တော်လှန်ရေးအဖွဲ့ အစည်း အသီးသီး မှခေါင်းဆောင်ကြီးများ၏အသက်အန္တရယ်အတွက်စိုးရိမ် ပူပန်သတိပေးခဲ့သူမှာမိမိ၏ဘ၀အသက်ကိုပင်ပဓာန မထားဘဲမိမိအမျိုးသားများနှင့်တကွစစ် အာဏာရှင် လက် အောက်မှလွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်နေ ကြသော တိုက်ပွဲဝင် ရဲဘော်အပေါင်းအား အစဉ်တစိုက် ဦး ဆောင်မှုပေးစွမ်းခဲ့သူ ကရင်အမျိုးသားသူရဲကောင်း အာဇာနည်ဗဒိုမန်းရှာကိုယ်တိုင်ပင်ဖြစ်ပါသည်။ ထိုသတင်းအားကြားသိခဲ့ရသည့်အတွက်ကျဆုံးခဲ့ရပြီဖြစ်သောခေါင်းဆောင်ကြီးဗဒိုမန်းရှာအားပို၍ပို၍ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များမှကြည်ညိုလေးစားနေမည်ဖြစ်ပါသည်။ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု နှင့်ယခုကရင် အမျိုးသားခေါင်းဆောင်ကြီး အားလုပ်ကြံသတ်ဖြတ် မှု ဖြစ်ရပ်များအားသတိမူ၍ကျွန်ုပ် တို့၏ တော်လှန်ရေး ခေါင်းဆောင်ကြီးများ၏လုံခြုံမှုအတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် လိုအပ်သည့်အရံအတား ၊ အကာအကွယ်များအားပြုလုပ်စီစဉ်နိုင်ရန် တော်လှန်ရေး အသိဖြင့်ကျွန်ုပ်တို့ DID မှတန့်လှန့် နှိုး ဆော်အပ်ပါသည်။ တန်ဖိုးဖြတ်၍မရသောကျွန်ုပ်တို့၏တော်လှန်ရေးခေါင်းဆောင်ကြီးများမည်သူတဦးတယောက် မျှဘုံရန်သူ အကြမ်းဖက်သမားနအဖ၏လက်ချက်ဖြင့်ထပ်မံအဆုံးအရှုံးမခံနိုင်ပါ။

ပြည်သူဘက်တော်သားများ၏တော်လှန်ရေးမုချအောင်ရမည်။

ဖယ်ဒရယ်ပြည်ထောင်စုသစ်မုချတည်ဆောက်နိုင်ရမည်။

အကြမ်းဖက်စစ်အုပ်စုနအဖ မုချကျဆုံးရမည်။

ဖတ်ကြည့်ချင်သေးလား....

Thursday, February 14, 2008

ကရင်အမျိုးသားတော်လှန်ရေးခေါင်းဆောင်ဗဒိုမန်းရှာအား
DIDမှဦးညွှတ်အလေးပြုအပ်ပါသည်

ဖတ်ကြည့်ချင်သေးလား....

ကရင့်တော်လှန်ရေးခေါင်းဆောင်ဗဒိုမန်းရှာ၏
နောက်ဆုံးဆန္ဒစကား

DIDမှ ဤှမှတ်တမ်းဗီဒီယိုဖြင့်ကျဆုံးခဲ့ပြီးသောကရင့်အမျိုးသားတော်လှန်ရေးခေါင်းဆောင်သာမက
မြန်မာ့တော်လှန်ရေးခေါင်းဆောင်ဗဒိုမန်းရှာအား ဂုဏ်ပြုဦးညွှတ်ပါသည်။




ကရင်အမျိုးသားတော်လှန်ရေးခေါင်းဆောင်ဗဒိုမန်းရှာလုပ်ကြံသတ်ဖြတ်ခြင်းခံရ၍ကျဆုံးခဲ့ရခြင်းသည်ကရင်
လူထုနှင့်တကွ မြန်မာ့တော်လှန်ရေးသမိုင်းတွင်အစားထိုးမရသောဆုံးရှုံးမှုတရပ်ပင်ဖြစ်ပါသည်၊
DID မှဗဒိုမန်းရှာ၏နောက်ဆုံးဆန္ဒ၊စကားသံများအားဘီဘီစီမြန်မာပိုင်းအစီစဉ်မှကူးယူ၍ပြန်လည်ဖေါ်ပြပေး
ခြင်းဖြစ်ပါသည်။
သွားလေသူ၏ဆန္ဒစကားများအားနားထောင်ပြီးကျွန်တော်တို့ဘာလုပ်ကြမယ်ဆိုတာပြတ်ပြတ်သားသားဆုံးဖြတ
ကြရအောင်။



ဖတ်ကြည့်ချင်သေးလား....

Tuesday, February 12, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှဖို့တ်ဝိန်းမြို့ တွင်
ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့သည့်သတင်းဓါတ်ပုံ


ဓါတ်ပုံပေးပို့ခဲ့သောကိုအောင်မြင့်ထွန်းအားကျေးဇူးတင်ရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

Monday, February 11, 2008

ပြည်ထောင်စုနေ့အမှတ်တရအဖြစ် မြန်မာနိုင်ငံရှိမိခင်များအားလုံးသို့
မြန်မာ့ဂန္ထ၀င်အနုပညာရှင်မာမာအေး၏တေးလက်ဆောင်သစ်

မြန်မာ့ဂန္ထ၀င်အနုပညာရှင်မာမာအေးသည်အအေးမိ၍ ဖျားနာနေသည့်ကြားမှ ထိုသီချင်းသစ်အား
အသံသွင်းယူခဲ့ခြင်းဖြစ်ပါသည်။ဒီမိုကရေစီရေးအတွက်တော်လှန်ရေးဆင်နွှဲနေသည့်သားမောင်များ
နှင့်မိခင်များအတွက်ရည်ရွယ်ထားကြောင်းDIDမှသတင်းရရှိပါသည်။


သီချင်းစာသား

ဖတ်ကြည့်ချင်သေးလား....

Sunday, February 10, 2008

ဖို့တ်ဝိန်းမြို့ တွင်မြန်မာ့ဒီမိုကရေစီအရေးတွေ့ဆုံဆွေးနွေးပွဲ
တခုကျင်းပကြတော့မည်

ထိုတွေ့ဆုံဆွေးနွေးပွဲအား“Burma Democratic Forum (Fort Wayne, Indiana)” ဟုအမည်ပေးထားသည်။

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများသို့  ဖိတ်ကြားလွှာ

နေ့ စွဲ၊ ၊ ဖေဖော်ဝါရီလ ၁၀ရက်။၂၀၀၈ ခုနှစ်

အမေရိကန်။ အင်ဒီယားနားပြည်နယ် ဖို့ ဝိန်းမြို့ ရှိ အင်ဒီယားနား-ပါဒူး တက္ကသိုလ် (IPFW) တွင်းရှိ Walb Union တွင် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အင်အားစုများမှ ဖေဖော်ဝါရီလ ၁၀ရက်။၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံအရေး ညှိနိုင်းဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ လတ်တလောဖြစ်ပေါ် ပြောင်းလဲနေသောအခြေအနေများအပေါ် မူတည်၍

ဖို့ ဝိန်းမြို့ တွင် “မြန်မာ့ဒီမိုကရေစီအရေး တွေ့ ဆုံဆွေးနွေးပွဲ(ဖို့ ဝိန်း။ အင်ဒီယားနား)” Burma Democratic

Forum (Fort Wayne, Indiana)” တရပ်ကို ကျင်းပရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

ဆွေးနွေးမည့် ရည်ရွယ်ချက်များ

၁၊ စစ်အာဏာရှင် နအဖတို့ ပြုလုပ်သည့် အတုအယောင်ညီလာခံမှ အဓ္ဓမ ရေးဆွဲခဲ့သည့် ဖွဲ့ စည်းပုံ အခြေခံ

ဥပဒေ အား မေလအတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် ၄င်းတို့ ကျင်းပမည့် ၂၀၁၀ ပြည့် ပါတီစုံ

ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့်အပေါ် သုံးသပ်ဆွေးနွေးနိုင်ရန်။

၂၊ ပြည်ပတွင် သတင်းထွက်ပေါ်နေသော ထပ်ဆင့် ပေါ်ပေါက်လာမည့် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးအပေါ်သုံးသပ်

ဆွေးနွေး နိုင်ရန်။

၃၊ စစ်အာဏာာရှင်စံနစ်ပပျောက်ရေး ၊ အတိုက်အခံအင်အားစုများ ချိန်သားကိုက်ညီညွတ်မှုတည်ဆောက်ရေး

အတွက် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်အား သုံးသပ်ဆွေးနွေးနိုင်ရန် တို့ ဖြစ်သည်၊

တွေ့ ဆုံဆွေးနွေးမည့် အစီအစဉ်

နေရာ ။ Walb Union , IPFW, Room 222-226

အချိန် ။ ။နေ့ လည် (၁) နာရီမှ ညနေ (၆) နာရီအထိ

နေ့ ရက်။ ။ ဖေဖော်ဝါရီလ ၂၄ ရက်။ ၂၀၀၈ ခုနှစ်

ဆက်သွယ်ရန်

ကိုတင်မောင်မောင်ထွေး (၂၆၀ ၇၄၄ ၃၈၇၈)

ဒေါက်တာသီဟ (၂၆၀ ၆၀၂ ၁၈၇၆)

ကိုနန္ဒာကျော် (၂၆၀ ၄၂၀ ၂၈၆၇)

ကိုကိုဦး (၂၆၀ ၃၄၈ ၅၉၅၀)

ကိုချစ်ကြည် (၂၆၀ ၄၁၅ ၄၈၆၂)

ကိုချိုတူး (၂၆၀ ၄၂၀ ၁၀၂၃)

ကိုကြည်ဌေး(၂၆၀ ၄၁၆ ၆၂၅၂)

ဖတ်ကြည့်ချင်သေးလား....

မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှုးနိုင်ဟံသာ၏
အနာဂါတ်မြန်မာပြည်နှင့်ပတ်သက်၍ပြောကြားချက်နိဂုံးချုပ်



ဖတ်ကြည့်ချင်သေးလား....

Friday, February 8, 2008

၆၁ နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်DID ပို့စ်ကတ်

ကိုမျိုး၏လက်ရာသစ်

ဖတ်ကြည့်ချင်သေးလား....


အေးလွင် အုပ်စု ကို သတိထားကြ။ ဆန်ကျင့်ကြ

အေးလွင် ဟာ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်ပါတယ်။ အခုသူက ဟာ နအဖ နဲ့ ပေါင်းပြီး လမ်းမှားကိုရောက်သွားပါတယ် ။ သူကိုသတိထားကြပါ။ ဆန်ကျင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ သူဟာ ၈၈ မျိုးဆက်ကျောင်းသားမဟုတ်တော့ဘူး။ သူဟာ နအဖလက်ကိုင်တုတ်လုံးလုံးဖြစ်နေပြီ။ လက်ရှိသူအဓိကလုပ်နေတာကတော့

၁- အမေရိကန် အစိုးရစီးပွားရေးပိတ်စို့ တာကို ဆန်ကျင့်နေပါတယ်။
၂- ဒေါ်အောင်ဆန်းစုကြည်ကိုဆန်ကျင်တိုက်ခိုက်နေပါတယ်။
၃- နအဖရဲ့ လမ်းပြမြေပုံကို ထောက်ခံပေးနေပါတယ်။
၎- အခြေခံဥပဒေကိုထောက်ခံနေပါတယ်။
၅- နအဖ ထံမှာ ငွေ၊တိုက်ခန်း၊ ကား၊ လက်ကိုင်ဖုန်းစသည့် အကျိုးအမြတ်များကို ရရှိနေကြပါတယ်။
၆ - အီးမေးလ်များမှ တဆင့် နအဖ သတင်းစာများကို အဆက်မပြတ်ပို့ နေခြင်း။ သူတို့ လှုပ်ရှားမှု သတင်းများကို ပို့ လေ့ရှိကြပါတယ်။သူတို့ အုပ်စုမှာ အဓိကလှုပ်ရှားသူတွေက ဘယ်သူလည်း

၁- အေးလွင်
၂- ၀င်းမောင်
၃- ကျော်သူရ၀င်း
၎- စိုးပိုင်
်၅- ရဲ မျိုးခိုင်း
၆- ကျော်လ
၇- သူရအောင်
၈- ကံကြီးမောင်
၉- မျိုးဇော်ဦး
၁၀- ကျော်ကျော်ခိုင်
၁၁- ထိန်မင်းတို့ ဖြစ်ပါတယ်။
နအဖ မှ အေးလွင်ကို သိန်း ၅ ငါးထောင်ပေးထားတယ်လို့ သတင်းထွက်နေပါတယ်။ ပုလဲ ကွန်ဒိုမီနီယံမှာ
တိုက်ခန်းပေးထားပြီးရုံးဖွင့်လှုပ်ရှားနေကြပါတယ်။ ကားနဲ့ မိုးလ်ဘိုင်းဖုံးများလစဉ်ထောက်ပံ့ငေများရနေ
ကြပါတယ်။
ဂျပန်ကိုလာရောက်ပြီး ဂျပန်အစိုးရပိုင်းကို စည်းရုံးဖို့ အစီအစဉ်များလည်းပြုလုပ်နေကြောင်းသတင်းရပါတယ်။ သူတို့ ကိုလှုပ်ရှားမှု ကို တုန်ပြန်ရန်လိုအပ်ပါတယ်။
၁- သူတို့ အီးမေးလ်ကို လက်မခံပဲ ပိတ်စို့ ထားနိင်ပါတယ်။ သူတို့ ဆီမှာအီးမေးလ် များကို လက်မခံပဲ ပိတ်ဆို့မှုများပြုလုပ်နိင်ပါတယ်။
၂-သူတို့အီးမေးလ်တခုလာတိုင်းကျနော်တို့ဖက်မှာကုလသမဂ္ဂအစီရင်ခံစာများ။
လူအခွင့်အရေးချိုးဖေါက်ခံသတင်းများကို တန်ပြန်ပေးပို့ နိင်ပါတယ်။
၃- သူတို့  နဲ့ အုပ်စုက ခေါ်တဲ့ အစည်းဝေးတွေကို မတက်ရောက်မိဖို့ သတိပေးကြပါ။
၎- သူ တို့ အုပ်စုနဲ့ နိင်ငံရေးမဆွေးနွေးပါနဲ့ 
အေးလွင်အုပ်စုဟာ နအဖ လက်ကိုင်ဒုတ်တွေ ဖြစ်ပါကြောင်း လေးစာစွာဖြင့် အသိပေးအပ်ပါတယ်။
(မိုးသီးဇွန်)


အဖွဲ့ ခေါင်းဆောင် အေးလွင် (၀ဲ ) နှင့် သန်းဌေး ( ယာ) မှာ နအဖ အလို ကျ အမေရိကန်ဆန်ကျင်ရေး လှုပ်ရှားမှု များကိုလုပ်ဆောင်နေစဉ် တွေ့ ရပုံ
DIDမှဖြည့်စွက်သတိပေးချက်
အေးလွင်အုပ်စုသည်မြန်မာနိုင်ငံတွင်း၌သာမကပြည်ပနိုင်ငံများတွင်းလည်း၈၈မျိုးဆက်ကျောင်းသားအမည်ခံ၍
၈၈မျိုးဆက်ကျောင်းသားအသိုင်းအ၀ိုင်းအတွင်းထိုးဖေါက်ဝင်ရောက်သွေးခွဲလျက်ရှိသည်ကိုအထူးဂရုပြုရန်လိုပေ
သည်၊အဓိကအားဖြင့်အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါနိုင်ငံများတွင်အခြေပြု၍မြန်မာစစ်အုပ်စု၏ဒေါက်တိုင်
များအဖြစ်လျှို့ ဝှက်၍၄င်း၊ ဗြောင်တိုက်အားဖြင့်၎င်းရပ်တည်နေကြပါသည်။အထူးသဖြင့်သံတော်ဆင့်မြင့်ဆွေနှင့်
အပေါင်းအပါတို့သည် နအဖ ဒေါက်တိုင်အဖြစ်ဗြောင်ရပ်တည်နေကြပြီဖြစ်ပြီး၊ တော်လှန်ရေး၊နိုင်ငံရေးစိတ်ဓါတ်
အခြေမခိုင်သောလူပုဂ္ဂိုလ်များအားစည်းရုံးခြင်း၊မြန်မာနိုင်ငံအတွင်းသို့ဝင်ထွက်သွားလာခြင်း၊ပြည်ပအခြေစိုက
နအဖစွမ်းအားရှင်ဒေါက်တိုင်အစုအဖွဲ့များဖွဲ့စည်းနိုင်ရန်စည်းရုံးနေခြင်းများအားအစဉ်တစိုက်ပြုလုပ်နေကြပြီး၊
ဒီမိုကရေစီရေးလှုပ်ရှားနေသူများ၊စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ဦးဆောင်ခဲ့သောရဟန်း
သံဃာများ၏ဂုဏ်သိက္ခာကျဆင်းစေရန်အစဉ်တစိုက်ကြိုးပမ်းအားထုတ်နေကြပေသည်။
သို့ဖြစ်ပါ၍ပြည်ပနအဖစွမ်းအားရှင်အုပ်စုအားသတိမပြတ်စောင့်ကြည့်ရန်လိုအပ်ပြီး၊လိုအပ်သောအရေးယူမှုများ
ဆောင်ရွက်ရန်နှင့်ထိုသူများအားပြတ်သားစွာဖေါ်ထုတ်ဆန့်ကျင်ကြရန်ပန်ကြားအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Thursday, February 7, 2008

နေပြည်တော်မှာအကယ်ဒမီဆုပေးပွဲကျင်းပမည်

မြန်မာနိုင်ငံရှိပြည်သူချစ်သောအနုပညာရှင်၊ ရုပ်ရှင်အနုပညာရှင်များအားထူးချွန်ဆုပေးအပ်မည့်ပွဲ
အားယနေ့မြန်မာပြည်စံတော်ချိန်ညနေ ၆ နာရီမှာ နေပြည်တော်၌ကျင်းပမည်ဟုသိရှိရပါသည်။
ထိုအကယ်ဒမီဆုပေးပွဲသို့အနုပညာရှင်များအားမတက်မနေရဟုအတင်းအဓမ္မတက်ရောက်ခိုင်းနေ
ကြောင်း၊ ဆုပေးပွဲမတိုင်မီ ၁ ရက်နှင့်ဆုပေးပွဲပြီးနောက် ၁ ရက်၊စုစုပေါင်း ၃ ရက်တွင်မည်သည့်
အနုပညာလုပ်ငန်းကိုမျှမြန်မာနိုင်ငံတွင်လုပ်ပိုင်ခွင့်မရှိကြောင်း
နှင့်လိုက်နာမှုမရှိပါကပြင်းပြင်းထန်ထန်
အရေးယူမည်ဟု ရုပ်ရှင်အစည်းအရုံးမှတဆင့်အနုပညာရှင်များအားခြိမ်းခြောက်ထားသည်ဟုလည်း
မြန်မာအနုပညာရှင်များသတင်းရပ်ကွက်မှသတင်းရရှိထားပါသည်။
အမျိုးသားသရုပ်ဆောင်ထူးချွန်ဆုအဖြစ်ရတနာဇတ်ကားတွင်ပြောင်မြောက်စွာသရုပ်ဆောင်ခဲ့သော
ကျော်သူအားပရိတ်သတ်များမှခန့်မှန်းထားသော်လည်းစက်တင်ဘာသံဃာလှုပ်ရှားမှုတွင်သံဃာတော် များအားဆွမ်းကပ်လှူတမ်းခဲ့သည့်အတွက်ဖမ်းဆီးခံခဲ့ရပြီးကိုကျော်သူ၏အနုပညာလုပ်ငန်း များအား

စစ်အာဏာရှင်မှရပ်ဆိုင်းခဲ့ပါသည်၊ သို့ဖြစ်ပါ၍ကိုကျော်သူအနေဖြင့် ယခု နှစ် အတွက် အကယ် ဒမီ ဆုမရနိုင်တော့သည့်အတွက်ပရိတသတ် များမှစိတ်မကောင်းဖြစ်နေကြကြောင်းလည်းသိရပါသည်။
ဤကဲ့သို့အတုအယောင်အကယ်ဒမီဆုပေးပွဲအားပြည်သူများရင်မခုန်ကြကြောင်းကြားသိရပါသည်။


ဓါတ်ပုံ-မန္တလေးဂေဇက်

ဖတ်ကြည့်ချင်သေးလား....

Tuesday, February 5, 2008

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ DID မှအမှတ်တရ

ဖတ်ကြည့်ချင်သေးလား....

Saturday, February 2, 2008

ရမ်ဘိုရုပ်ရှင်ထဲမှာမြန်မာစစ်သားတွေရဲ့ရက်စက်မှုတွေကအမှန်

ဖြစ်နိုင်ပါ့မလား

မြန်မာလူမျိုးတွေဆိုနေကြစကားလေးပြေးအမှတ်ရနေမိပါတယ်၊ တကယ့်အပြင်လောကမှာဖြစ်ပျက်နေတဲ့အကြောင်းအရာဇတ်လမ်းးတွေက၀ထ္တုတို့ရုပ်ရှင်တို့ထက်အံ့သြဖို့
ကောင်းတယ်ဆိုတာလေ၊
ကျုပ်တို့တောမခိုခင်တုန်းကလည်းသူပုန်ဆိုလို့မဆလက၀ါဒမှိုင်းတိုက်ရိုက်ပြနေတဲ့ရုပ်ရှင်ထဲကသူပုန်ဗိုလ်မိုးသီး
ဆိုတာပသိုင်းမွှေးမုဆိတ်မွှေးတွေနဲ့လူသတ်ဆက်ကြေးတောင်းနေတဲ့လူဆိုးလူကြမ်းလောက်နဲ့ရင်းနှီးနေခဲ့ရတာ၊
ကိုယ်ကိုယ်တိုင်သူပုန်ဖြစ်တော့မှသေသေချာချာမှန်ထဲမှာကိုယ့်ရဲ့ရူပါကိုပြန်ကြည့်မိတယ်၊အဲဒီမှာတိကျတဲ့အဖြေ
ကသူပုန်ရုပ်ဆိုတာငါတို့လိုလူရည်သန့်လေးတွေကိုခေါ်တာကိုးလို့လေ၊
ကျောင်းသားခေါင်းဆောင်ကိုမိုးသီးဇွန်သူပုန်ဗိုလ်ဖြစ်လာတော့အဖြေကပိုပြတ်သားသွားပြီ၊မယုံရင်ကိုမိုးသီး
ဘလောက်မှာတောတွင်းကသူ့ဓါတ်ပုံကိုသွားကြည့်၊ရိုးသားတည်ကြည်မှုအပြည့်နဲ့သူပုန်ရုပ်သွင်ကိုမြင်ရလိမ့်မယ်၊
ပြောမယုံကြုံဘူးမှသိဆိုတဲ့စကားလိုပေါ့ဗျာ မြန်မာစစ်အာဏာရှင်တွေရဲ့တိုင်းရင်းသားညီအကိုဆိုတဲ့အသုံးအနှုံးကမြန်မာ့အသံရေဒီယိုကလွှင့်နေတဲ့
ဝါဒဖြန်ချီရေးလက်နက်သီချင်းထဲမှာဘဲရှိခဲ့တာပါ၊ တကယ့်ကိုတိုင်းရင်းသားတွေနဲ့တသွေးထဲတသားထဲမနေထိုင်ခဲ့ဘူးသူတို့အတွက်တော့သူတို့တွေရဲ့ပကတိဘဝ
နဲ့ခံစားချက်အတိမ်အနက်တွေကိုနားလည်ခံစားနိုင်ဖို့အခွင့်အရေးနဲပါးကောင်းနဲပါးခဲ့ကြပါလိမ့်မယ်၊ စစ်အာဏာရှင်လက်အောက်ကရုန်းထွက်နိုင်ဖို့တော်လှန်ရေးခရီးကြမ်းထဲမှာရဲဘော်ရဲဘက်ညီရင်းအကိုဆိုတဲ့
စိတ်ဓါတ်နဲ့တိုင်းရင်းသားညီကို တို့ရဲ့နှလုံးသွေးသားတွေထဲအတူတကွစီးဆင်းနိုင်ခွင့်ရခဲ့တဲ့သူတွေရဲ့အမြတ်က
တိုင်းရင်းသားတွေရဲ့ဘ၀အစစ်အမှန်နဲ့လိုလားတောင်းဆိုမှုတွေကိုနှလုံးသားနဲ့နားလည်ခံစားမှုတည်ဆောက်
နိုင်ခဲ့ခြင်းပါဘဲ။
အဲဒီလိုပါဘဲအခုကမ္ဘာကျော်ရမ်ဘိုရုပ်ရှင်ထဲမှာကရင်လူမျိုးတွေကိုမြန်မာစစ်တပ်ကသတ်ဖြတ်မုဒိန်းကျင့်နေတာ

တွေကြည့်နေကြရတဲ့မြန်မာပုရိတ်သတ်စိတ်ထဲဝင်ကြည့်မိလိုက်တယ်၊

ငါတို့လူမျိုးအချင်းချင်းကြားအမေရိကန်တွေသက်သက်ဝါဒဖြန့်နေသလားလို့လေ၊

ဒါတောင်ပူပူနွေးနွေး ဘုရားသားတော်တွေအသတ်ခံခဲ့ရတဲ့စက်တင်ဘာရွှေဝါရောင်တော်လှန်

ရေးကသက်သေဖြစ်နေလို့တော်ပါသေးရဲ့၊

ကဲတိုင်းရင်းသားတွေအပေါ်မြန်မာစစ်တပ်ရဲ့ရက်စက်မှုတွေကိုအခုကျွန်တော်တို့ DID ကတင်လိုက်တဲ့ဖြစ်ရပ်မှန်

ဗီဒီယိုကိုကြည့်ပြီးကမ္ဘာကျော်ရမ်ဘိုရုပ်ရှင်အားဖြည့်စွက်ခံစားနိုင်ကြပါစေဟုဆန္ဒမှန်ဖြင့်ဆန္ဒပြုအပ်ပါသည်။

ရမ်ဘိုဇတ်ကားထဲမှမဟုတ်သောတကယ့်ဖြစ်ရပ်များဗီဒီယို



ဖတ်ကြည့်ချင်သေးလား....