Thursday, February 28, 2008

ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့်ပတ်သက်၍ကြားသိသမျှ



မြန်မာပြည်တွင်းမှသတင်းပေးပို့ချက်အရရုပ်ရှင်သရုပ်ဆောင်လွင်မိုးတယောက် သန်းရွှေ ၊ တေဇ

တို့၏အနွယ်ဝင်များဖြစ်သောMax (ဇော်ဇော်) နှင့် လွယ်ဟိန်းကုမ္ပဏီ (ဦးစိုင်း-ဒေါ်ဂျူလီ) တို့၏

စီးပွားရေးအကျိုးအမြတ်အတွက်ရည်ရွယ်၍ လည်းကောင်း ၊ နအဖ စစ်အာဏာ ရှင်တို့၏၀ါဒ

ဖြန့်ချီရေးအတွက်လည်းကောင်း ၊ ချင်းပြည် နှင့်မြိတ်ကျွန်းစု ခရီးစဉ် များအားသွားရောက် ပြီး မှတ်တမ်းဗီဒီယိုများရိုက်ကူးနေကြောင်းကြားသိရပါသည်။

လွင်မိုးရိုက်ကူးနေသောဗီဒီယိုမှတ်တမ်းများသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားတို့၏ဘ၀အဖြစ် မှန်များမြှင့်တင်လိုသည့်ရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ လည်းကောင်းတို့၏စီးပွားရေးအတွက် တိုင်းရင်းသားများအားချနင်းအသုံးချခြင်းသာဖြစ်သည်ဟုမျိုးချစ်မြန်မာ့ရုပ်ရှင်အသိုင်းအ၀ိုင်းမှ မှတ်ချက်ချကြောင်းလည်းစုံစမ်းသိရှိရပါသည်။

ထို့အပြင်မင်းသားလွင်မိုးသည်သူရိုက်ကူးခဲ့သည့်နအဖနှင့်နအဖအနွယ်ဝင်များ အားအကျိုးပြု စေမည့် တိုင်းရင်းသားများအားချနင်းအသုံးချထားသည့် သူ၏ခရီးသွား ဗီဒီယိုမှတ်တမ်းအား မြန်မာ့ရုပ်မြင်သံကြား

နှင့်MRTV4တို့မှထုတ်လွှင်ခဲ့ပြီး၊နအဖ၀ါဒဖြန့်ချီင်္ရေးအားပံ့ပိုးစေမည့်သူ၏ ချင်းပြည်ခရီးသွားမှတ်တမ်း ဗီဒီယိုအားအမေရိကန်ပြည်ထောင်စုသို့လာရောက်ဖြန့်ဝေရန်စီစဉ် နေသည်ဟုကြားသိရပါသည်။

လွင်မိုး၏အမေရိကန်ခရီးစဉ်အတွက်အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင် သောမြန်မာပြည်တွင်တချိန်တခါကအောင်မြင်ကြော်ကြားခဲ့သည့်မြန်မာအနုပညာရှင်တဦး၏ခင်ပွန်းသည် နှင့်သဘောတူညီမှုရယူထားပြီးဗီဇာကိစ္စအတွက်စီစဉ်နေကြောင်းလည်းသိရပါသည်။

ရဟန်းသံဃာနှင့်ပြည်သူအားသတ်ဖြတ်ညှင်းပန်းနှိပ်စက်နေသောစစ်အာဏာရှင်နှင့်သူတို့၏အနွယ်ဝင်များ သက်ဆိုးရှည်စေရန်အားပေးထောက်ပံ့အကျိုးပြုသူမှန်သမျှအားကျွန်ုပ်တို့မှပြတ်ပြတ်သားသား ဆန့် ကျင်

သွားရမည်ဖြစ်ပြီး၊အမေရိကန်အစိုးရ၏မြန်မာနိုင်ငံအပေါ်ထားရှိသောမူဝါဒများအားလေးစား လိုက်နာကြရ

မညဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရုပ်ရှင်သရုပ်ဆောင်လွင်မိုး၏မြန်မာနိုင်ငံသားတို့၏ပကတိဆန္ဒများနှင့်ကိုက်ညီမှုမရှိသောအမေရိကန

ခရီးစဉ်အတွက်ကျွန်ုပ်တို့အမေရိကန်အစိုးရသို့တင်ပြကန့်ကွက်ကြရမည်ဖြစ်ပါသည်။

လွင်မိုးအနေဖြင့်ပြည်သူချစ်သောပြည်သူ့အကျိုးပြုအနုပညာရှင်တဦးအဖြစ်အချိန်မှီပြန်လည်ပြုပြင်ရန်ကျွန်ုပ်တို့မှ

အလေးအနက်တိုက်တွန်းအပ်ပါသည်။

No comments: