Tuesday, February 26, 2008

BURMA DEMOCRACY FORUM

ဒီမိုကရေစီရေးတွေ့ ဆုံဆွေးနွေးပွဲဖို့တ်ဝိန်းမြို့ ၌အောင်မြင်စွာကျင်းပခဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အားတရားဝင်မြန်မာနိုင်ငံတော်အစိုးရအဖြစ်ကြေညာ တိုက်ပွဲဝင်ရန်ဆွေးနွေးခဲ့



အမေရိကန်အထက်လွှတ်တော်အမတ်ရစ်ချတ်လူဂါမှဆွေးနွေးပွဲသို့ သ၀ဏ်လွှာပေးပို့ခဲ့

ဆွေးနွေးပွဲဖြစ်မြောက်ရေးတာဝန်ခံကိုကြည်ဌေးနှင့်ဒေါက်တာသီဟအား
DIDမှတွေ့ ဆုံမေးမြန်းချက်



မြန်မာ့ ဒီမိုကရေစီအရေး တွေ့ ဆုံဆွေးနွေးပွဲ (ဖို့ ဝိန်း ၊ အင်ဒီယားနား)

BURMA DEMOCRACY FORUM (Fort WayneIndiana)

နေ့ စွဲ။ ။ဖေဖော်ဝါရီလ ၂၄ရက်၊၂၀၀၈ ခုနှစ်

တွေ့ ဆုံဆွေးနွေးပွဲ မှ ဆွေးနွေးမှုရလာဒ်များ

မြန်မာ့ ဒီမိုကရေစီအရေး တွေ့ ဆုံဆွေးနွေးပွဲ (ဖို့ ဝိုန်း။ အင်ဒီယားနား) Burma Democracy Forum (Fort Wayne, Indiana)”အခန်းအနားကို အမေရိကန် ၊ အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်းမြို့ ရှိ အင်ဒီယားနား - ပါဒူး တက္ကသိုလ်(IPFW)တွင်းရှိ Walb Student Union တွင် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့်အင်အားစုများမှ ဖေဖော်ဝါရီ(၂၄) ရက်။ ၂၀၀၈ ခုနှစ် တွင်မြန်မာ့နိုင်ငံအရေး ညှိနိုင်းဆွေးနွေးခဲ့ကြသည်၊ ယင်းဆွေးနွေး ပွဲတွင်မြန်မာနိုင်ငံ ၌

လတ်တလောဖြစ်ပေါ် ပြောင်းလဲ နေသောအခြေအနေများ အပေါ် မူတည်၍ဖို့ ဝိန်းမြို့ နှင့် အမေရိကန် ပြည်နယ်အသီးသီမှ မြန်မာ့ဒီမိုကရေစီ အရေး လူပ်ရှားနေသူများ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုတွင်စစ်အာဏာရှင် နအဖတို့  ပြုလုပ်သည့် အတုအယောင်ညီလာခံမှအဓမ္မ ရေးဆွဲခဲ့သည့် ဖွဲ့  စည်းပုံ အခြေခံ ဥပဒေအား မေလအတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် ၄င်းတို့ ကျင်းပမည့် ၂၀၁၀ ပြည့် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် အပေါ် သုံးသပ်ဆွေးနွေးကြပြီး။ တညီတညွတ်ထဲ ကန့်ကွက် ခဲ့ကြသည်။ အကြောင်းမှာ ဒီမိုကရေစီအခြေခံမူများနှင့်ကင်းကွာပြီး ၊ ပြည်သူများမှရွေးချယ်တင်မြောက် ထားသော ပြည်သူ့ ကိုယ်စား လှယ်များ ပါဝင်မှုမရှိသော၊ အတုအယောင်ညီလာခံတရပ်ကို ကျင်းပပြီး၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတရပ်ကို အဓမ္မ ရေးဆွဲခဲ့ခြင်းကြောင့်ဖြစ်သည်၊

ပြည်ပတွင်သတင်းထွက်ပေါ်နေသော ထပ်ဆင့် ပေါ်ပေါက်လာမည့် စင်ပြိုင်အစိုးရဖွဲ့ စည်းရေး အပေါ်သုံးသပ်

ဆွေးနွေးခဲ့ကြရာတွင် ပြည်သူ့ ကိုယ်စားလှယ်များဦးဆောင်ရေးဆွဲပြီး၊ ပြည်သူ တရပ်လုံးမှ ထောက်ခံအတည်ပြု ထား ခြင်း မရှိသော၊ မည်သည့်ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုမှ လက်မခံကြောင်း၊ ၁၉၉၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူတရပ်လုံးမှ မဲဆန္ဒပေး ၍အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှသည် ပြည်သူ့ ဆန္ဒကို ထင်ဟပ် ပေါ်လွင် စေအောင်ပြည်သူ့ အစိုးရအဖြစ်ကြေငြာတိုက်ပွဲဝင်ရန်၊ ယနေ့ ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ အရေးတွေ့ ဆုံဆွေးနွေးပွဲမှ လေးနက်စွာတိုက်တွန်းတောင်းဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်း အသီးသီးတို့ မှ မြန်မာ့နိုင်ငံအရေးကိစ္စ ကူညီ ဆောင်ရွက်ကြရာ

တွင် နအဖနှင့်တွေ့ ဆုံဆွေးနွေးရေးကို အဓိကဦးစားပေး ဆောင်ရွက်နေခြင်း ကိုရပ်တန့် ပြီး၊ နအဖအား ပိုမိ

ပြင်းထန် သော၊ ထိရောက်သော အရေးယူဆောင်ရွက်မှု များကိုသာ ဆောင်ရွက်ရန် လေးနက်စွာ တိုက်တွန်း

တောင်းဆိုသည်။

မြန်မာ့ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စံနစ် ပပျောက်ရေး ၊ အတိုက်အခံအင်အားစုများ ချိန် သားကိုက် ညီညွတ်မှုတည်ဆောက်ရေး အတွက် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်အား သုံးသပ်ဆွေးနွေး ကြရာတွင် ပိုမိုကျယ်ပြန့် သောအင်အားစုများ စုစည်းနိုင်သည့်ညီလာခံတရပ်ကို ၂၀၀၈ခုနှစ်အတွင်း ခေါ်ယူကျင်းပ နိုင်ရန်

အတွက် အကောင်အထည် ဖော်ဆောင်ရွက် ရန် တညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြသည်။

တွေ့ ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မီတီ

No comments: