Wednesday, February 20, 2008

ရွှေဝါရောင်တော်လှန်ရေးအတွင်းမြန်မာစစ်တပ်၏နောက်ကျောမှပစ်သတ်ခြင်း
ခံရသောကင်ဂျီနာဂါအိအကြောင်းထုတ်ဖေါ်ပါကနှုတ်ပိတ်ခံရမည်













ဂျပန်နိုင်ငံမှရဲအထူးစုံစမ်းရေးအဖွဲ့ တဖွဲ့ သည်စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်းဂျပန်သတင်း
ထောက်ကင်ဂျီနာဂါအိအားရန်ကုန်မြို့ လည်ခေါင်တွင် မြန်မာစစ်တပ်သည်နောက်ကျောမှသေစေရန်ရည်ရွယ်
ပစ်သတ်ခဲ့သည့်အမှုအားစစ်ဆေးရန်တနင်္လာနေ့တွင်မြန်မာနိုင်ငံသို့ရောက်ရှိနေပြီးဖြစ်ပါသည်။
ထိုသတင်းနှင့်ပတ်သက်၍DIDမှစုံစမ်းခဲ့ရာတွင် ဂျပန်ရဲစုံစမ်းရေးအဖွဲ့ မြန်မာပြည်သို့မရောက်ရှိခင် အချိန်မှစ၍ ထိုအကြမ်းဖက်သတ်ဖြတ်မှုတွင်ပါဝင်ခဲ့သောမြန်မာရဲတပ်ဖွဲ့ ဝင်များအားစစ်တပ်အာဏာပိုင်များမှခေါ်ယူပြီးကြို တင်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ကြိုတင်စမ်းသပ်စစ်ဆေးချိန်အတွင်းမိမိမြင်တွေ့ သိရှိချက်များအား အမှန်အတိုင်းထွက်ဆိုခဲ့ကြသည့်မျက်မြင်သက်သေပြည်သူ့ ရဲတပ်ဖွဲ့ ဝင်များအားစစ်အာဏာပိုင်များမှ ဆူပူကြိမ်း မောင်းဆဲဆိုခဲ့ပါသည်။
ထိုမျက်မြင်သက်သေများအားမည်သည့်ပုဂ္ဂိုလ်အဖွဲ့ အစည်းမှထပ်မံမေးမြန်းစစ်ဆေးပါကမသိဘူးဟုသာဖြေဆို
ရမည်ဖြစ်ကြောင်းနှင့်ထိုသတ်ဖြတ်မှုအား အမှန်အတိုင်းတစုံတရာထွက်ဆိုခဲ့ပါကစစ်တပ်၏ သစ္စာဖေါက်ဖျက်
သူအဖြစ်သတ်မှတ်ပြီးထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်းခြိမ်းခြောက်ခဲ့သည်ဟုထိုမျက်မြင်သက်သေ များနှင့်နီးစပ်သည့်သူများမှDIDသို့ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့လည်ခေါင်စက်တင်ဘာတော်လှန်ရေးအားအကြမ်းဖက်ဖြိုခွဲခဲ့ရာတွင်ပါဝင်ခဲ့သည့်ပြည်သူ့ရဲတပ်ဖွဲ့ ဝင် များအားလိုအပ်လျင်နှုတ်ပိတ်အစဖြောက်မည်ဟုရဲတပ်ဖွဲ့ ဝင်များအကြားသတင်းများထွက်ပေါ်နေသည့်အတွက်
ရဲမိသားစုများအနေဖြင့်ကျီးလန့်စာစားကြောက်ရွံ့ နေကြသည်ဟုလည်းDIDမှသတင်းရရှိထားပါသည်။
ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များအနေဖြင့်စစ်တပ်၏အနိုင်ကျင့်ဗိုလ်ကျမှုများအားတွန်းလှန်၍ပြည်သူဖက်မှရပ်တည်သော ပြည်သူ့ရဲစစ်စစ်ဖြစ်ရန်ပြည်သူလူထုတရပ်လုံးနှင့်ပူးပေါင်းပြီးစစ်အာဏာရှင်များအားတော်လှန်ချိန်ကျရောက်နေ ပြီဖြစ်ကြောင်းသတိပေးနှိုးဆော်အပ်ပါသည်။







No comments: