Sunday, February 17, 2008

ဗဒိုမန်းရှာလုပ်ကြံခံခဲ့ရခြင်းနှင့်ပတ်သက်၍ AlJazeera သတင်းဌာန
English အစီအစဉ်မှထုတ်လွှင့်ချက်ဗီဒီယို





ဗဒိုမန်းရှာနှင့်ပတ်သက်သည့်နောက်ဆက်တွဲသတင်း

ထိုင်းနိုင်ငံမှDIDတာဝန်ခံ၏စုံစမ်းကြားသိရသောသတင်းပေးပို့ချက်တခုတွင်မြန်မာပြည်တိုင်း ရင်းသားတော်လှန် ရေး၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီး၏ထိပ်ပိုင်းခေါင်းဆောင်ကြီးများအား နအဖစစ်အုပ်စုမှလုပ်ကြံသတ်ဖြတ် ရန်ကြိုတင်စီစဉ်ထားခဲ့သည့်အစီအစဉ်သတင်း အချက် အလက်များအား၂၀၀ရ ခှုနှစ်ကတည်းမှစ၍အခိုင်အမာ ရရှိကြားသိခဲ့သူရှိခဲ့ကြောင်းသို့အတွက်ကြောင့်လည်းထိုပုဂ္ဂိုလ်ကြီးသည်မြန်မာ့ပြည်စစ်အာဏာရှင်လက်အောက် မှလွတ် မြောက် ရေး အတွက်တိုက်ပွဲဝင်နေကြသည့်တော်လှန်ရေးနိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှထိပ်သီခေါင်း ဆောင်များအားထိုသတင်းနှင့်စပ်လျဉ်းပြီးလုံခြုံရေးအရလိုအပ်သည်များကိုကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရန်လျှို့  ၀ှက်အသိ ပေးမှု များပြုလုပ်ခဲ့သည်ဟုလည်းသိရပါသည်။ ထိုကဲ့သို့ မြန်မာ့တော်လှန်ရေးအဖွဲ့ အစည်း အသီးသီး မှခေါင်းဆောင်ကြီးများ၏အသက်အန္တရယ်အတွက်စိုးရိမ် ပူပန်သတိပေးခဲ့သူမှာမိမိ၏ဘ၀အသက်ကိုပင်ပဓာန မထားဘဲမိမိအမျိုးသားများနှင့်တကွစစ် အာဏာရှင် လက် အောက်မှလွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်နေ ကြသော တိုက်ပွဲဝင် ရဲဘော်အပေါင်းအား အစဉ်တစိုက် ဦး ဆောင်မှုပေးစွမ်းခဲ့သူ ကရင်အမျိုးသားသူရဲကောင်း အာဇာနည်ဗဒိုမန်းရှာကိုယ်တိုင်ပင်ဖြစ်ပါသည်။ ထိုသတင်းအားကြားသိခဲ့ရသည့်အတွက်ကျဆုံးခဲ့ရပြီဖြစ်သောခေါင်းဆောင်ကြီးဗဒိုမန်းရှာအားပို၍ပို၍ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များမှကြည်ညိုလေးစားနေမည်ဖြစ်ပါသည်။ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု နှင့်ယခုကရင် အမျိုးသားခေါင်းဆောင်ကြီး အားလုပ်ကြံသတ်ဖြတ် မှု ဖြစ်ရပ်များအားသတိမူ၍ကျွန်ုပ် တို့၏ တော်လှန်ရေး ခေါင်းဆောင်ကြီးများ၏လုံခြုံမှုအတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် လိုအပ်သည့်အရံအတား ၊ အကာအကွယ်များအားပြုလုပ်စီစဉ်နိုင်ရန် တော်လှန်ရေး အသိဖြင့်ကျွန်ုပ်တို့ DID မှတန့်လှန့် နှိုး ဆော်အပ်ပါသည်။ တန်ဖိုးဖြတ်၍မရသောကျွန်ုပ်တို့၏တော်လှန်ရေးခေါင်းဆောင်ကြီးများမည်သူတဦးတယောက် မျှဘုံရန်သူ အကြမ်းဖက်သမားနအဖ၏လက်ချက်ဖြင့်ထပ်မံအဆုံးအရှုံးမခံနိုင်ပါ။

ပြည်သူဘက်တော်သားများ၏တော်လှန်ရေးမုချအောင်ရမည်။

ဖယ်ဒရယ်ပြည်ထောင်စုသစ်မုချတည်ဆောက်နိုင်ရမည်။

အကြမ်းဖက်စစ်အုပ်စုနအဖ မုချကျဆုံးရမည်။

No comments: