Wednesday, October 24, 2007

အနုပညာသည်ပြည်သူအတွက်ဆို...

ရန်ကုန်ကရဲဘော်တဦးနဲ့ ဒီနေ့ နံနက်စကားပြောလိုက်ရတယ် ၊ ဒေါသတွေလည်းငယ်ထိပ်ကိုရောက်ခဲ့ရတယ်၊
ခွေးမိစ္ဆာတွေလူသတ်အောင်ပွဲတလပြည့်သဘင်ဆင်ဖို့ အနုပညာရှင်တွေကိုအသုံးချပြီးကြိုးစားနေပြန်ပြီတဲ့ ၊
အောက်တိုဘာ ၂၆ ရက် မှာမွန်းလွဲ ၃ နာရီ ကနေ ညနေ ၈ နာရီအထိ ရွှေတိဂုံစေတီတော်နဲ့ Pioneer Club မှာခွေးတွေအတွက်ရန်ပုံငွေပွဲလုပ်ကြမှာဖြစ်တယ် ၊ လူငယ်တွေရဲ့အသဲစွဲ စိုင်းစိုင်းခမ်းလှိုင်ကိုသုံးမယ်ဆိုဘဲ ၊
မြန်မာ့ဂန္ထ၀င်အနုပညာရှင်မျိုးရိုးကဆင်းသက်ခဲ့တဲ့ရော့ခ်ဘုရင်ကြီးလို့ သူ့ ကိုယ်သူကင်ပွန်းတပ်ထားတဲ့ ခွေးဖြစ်ခဲ့တဲ့မဟာတေး အဆိုရှင် ဇော်ဝင်းထွဋ်ကလည်းဆိုပေးမယ်လို့ သတင်းရပါတယ်၊
ကျုပ်တို့ ပြည်သူ့ ဘုန်းဘုန်းတွေကျခဲ့တဲ့သွေးတွေမခြောက်သေးတဲ့ စက်တင်ဘာတော်လှန်ရေးမြေမှာသံဃာ
ဝိညာဉ်တွေပေါ်မျောက်ကကပြီး ခွေးတွေရဲ့ဒေါက်တိုင်တွေအတွက်ရန်ပုံငွေပွဲကကျုပ်တို့ ဘုန်းဘုန်းတွေနဲ့ 
ကျောင်းသားပြည်သူကို တရားဝင်စိန်ခေါ်လိုက်ခြင်းဘဲဖြစ်တယ် ၊ ဒီတော့ကျုပ်တို့ ဘာလုပ်ကြမလည်း စိန်ခေါ်ပြီးရင်တော့ဘွာခတ်မရဘူးဆိုတာစစ်ခွေးတွေသိကြဖို့ ပါဘဲ၊
အနုပညာဟူသည်ပြည်သူအတွက်လို့ ခေတ်အဆက်ဆက်မြန်မာ့အနုပညာရှင်တွေရဲ့သမိုင်း ဒင်းတို့ နဲ့ မှရိုင်းကြရတော့မယ် ၊ အနုပညာရှင်အပေါင်းလည်းစဉ်းစားပါနာမည်လေးတလုံး ။လက်ခုတ်သံများစွာရဖို့ 
ဘယ်သူတွေဖန်တီးပေးခဲ့လည်း ၊ ထမင်းရှင်အစစ်ဘယ်သူလည်းဆို တာ မမေ့အပ်ကြဘူး၊ ပြည်တွင်းပြည်ပကမျိုးချစ်မြန်မာကြီးများ ကိုဇာဂနာပြောပြီးပြီသံဃာအရေးလက်နှေးလို့ မရဘူးနော်၊
စိုင်းစိုင်းဖုန်းနံပါတ်ရှိတဲ့သူတွေဖုန်းခေါ်ကြ ၊ သတိပေးကြပါ၊ အနာဂါတ်မြန်မာ့အနုပညာရှင်သမိုင်းမှာအကျည်းတန်တဲ့အဖြစ်တွေမကျန်ခဲ့ရအောင်ပါ၊
နောက်တခုကလက်ဆောင်မှတ်တမ်းလေးပါ သန်းရွှေမြေးရဲ့မွေးနေ့ ပွဲမှာ အရှက်မဲ့သိက္ခာမဲ့နေကြတဲ့
အနုပညာရှင်တချို့ ပုံပါ ၊ မှတ်တမ်းတင်ထားပေးတာပါအစဉ်အမှတ်တရဖြစ်နေရန်အတွက်။



ဖြည့်စွက်
စိုင်းစိုင်းခမ်းလှိုင်ဖုန်းနံပါတ် 9595133305 / 951545787 (အိမ်ဖုန်း)
ဇော်ဝင်းထွဋ် ဖုန်းနံပါတ် 951661808





အနုပညာရှင်တွေအတွက် ဒေါ်မာမာအေးရဲ့မှာခြွေစကားလေး ဖို့ တ်ဝိန်းမှာမိန့်  ခဲ့တာနားထောင်ပေးကြပါ ၊ အောက်ဆုံးစာမျက်နှာမှာပါ၊

3 comments:

Unknown said...

ပြည်သူတွေမသွားဖို့တိုက်တွန်းကြပါ

Anonymous said...

အရှက်မရှိတဲ့ဟာတွေ-အော့နှလုံးနာတယ်-အထင်ကြီးမိသမျှအလကားပဲ-

Test said...

Please try to get photo from this event. We want to see.