Tuesday, October 23, 2007

စာရေးဆရာမသန်းမြင့်အောင်အားဖမ်းဆီးပြီးပြန်လွှတ်
ရန်ကုန်။ ၂၃ ရက်အောက်တိုဘာ
နာရေးကူညီမှုအသင်းမှအရေးပါသောအမှုဆောင်တဦးဖြစ်သည့်နာမည်ကျော်
စာရေးဆရာမသန်းမြင့်အောင်အားအောက်တိုဘာ၂၂ ရက်ညဖက်တွင်သက်ဆိုင်ရာ
မှစစ်ဆေးလိုသည်ဟုအကြောင်းပြဖမ်းဆီးခဲ့ပြီးထိုနေ့ ည ၁၂ နာရီတွင်ပင်ပြန်လွှတ်
ပေးခဲ့ပါသည်။အဓိကမေးမြန်းခဲ့သည့်မေးခွန်းများမှာကြေးသွန်းဘုရားကြီးတွင်သံဃာ
တော်များအားဆွမ်းကပ်လှူရာတွင်အသုံးပြုခဲ့သောငွေနှင့်ကိုကျော်သူဆေးရုံတက်စဉ်
ကုန်ကျစားရိတ်များအားနာရေးကူညီမှုအသင်း၏အဖွဲ့ ပိုင်ငွေများမှအသုံးပြုခဲ့ခြင်းဟုတ်
မဟုတ်စစ်ဆေးမေးမြန်းခဲ့သည်ဟုစုံစမ်းသိရှိခဲ့ရပါသည်။
ရန်ကုန်မြို့ နေပြည်သူလူထုအဆိုအရစစ်သားများညအချိန်မတော်ဘုန်းတော်ကြီး
ကျောင်းများအားဝင်ရောက်စီးနင်းရှာဖွေနေခြင်းမှာသံဃာတော်များအားဖမ်းဆီးလို၍
မဟုတ်ဘဲပြည်ပနိုင်ငံများမှမြန်မာများထောက်ပံ့ထားသောဒေါ်လာငွေများမြန်မာသံဃာတော်
များထံတွင်များစွာရှိသည်ဟုယူဆပြီးဓါးမြတိုက်နေသည်ဟုသိရှိရပါသည်။
သို့ အတွက်ကျွန်ုပ်တို့ ပြည်ပနေအလှူအတန်းရက်ရောသူမြန်မာမျိုးချစ်များသတိထားလှူကြဖို့ 
သတိချပ်အပ်ပေသည်။

No comments: