Sunday, October 21, 2007

သတင်းလေးတွေထိန်းပေးကြပါဦး

ဟိုတလောကားကြိတ်ခံရတဲ့ပုံတွေပြီးတော့ ဒါးခုတ်ခံထားရတဲ့သံဃာတပါးပုံကအင်တာနက်စာမျက်နှာတွေ
ပေါ်မှာပျံဝဲလာကြပြန်ပါတယ်၊
ဒီပုံတွေနဲ့ ပတ်သက်ပြီးစုံစမ်းကြည့်တဲ့အခါ မြန်မာပြည်ကမဟုတ်တာကအတိအကျဘဲဖြစ်ပါတယ်၊ မြန်မာမိတ်ဆွေတွေ ၊ တော်လှန်ရေးရဲဘော်တွေကိုလည်း အသိပေးထားပြီးဖြစ်ပါတယ် ၊ ဒါပေမယ့်ဒီသံဃာအလောင်းဓါတ်ပုံသတင်းမှားကရပ်တံ့မသွားသေးဘဲ ဆက်လက်ပြန့် နေဆဲဖြန့် ဝေနေ
ဆဲပင်ဖြစ်ပါသည်၊
ကျွန်တော်တို့ မြန်မာ့သတင်းလောကမှာခိုင်မာတဲ့သတင်းဌာနကြီးတွေမရှိသေးပေမယ့်ကိုယ့်အားကိုယ်ကိုးပြီး
တိုင်းပြည်အတွက်မိမိဝါသနာအရမိတ်ဆွေအပါင်းအသင်းလေးတွေစုပြည်တွင်းပြည်ပကသူတွေချိတ်ဆက်
ကြိုးစားမှုရဲ့ ရလာဒ်အဖြစ်နိုင်ငံတကာ ထိပ်တန်းသတင်းဌာနတွေရဲ့ ခေါင်းကြီးပိုင်းမှာမြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်
စက်တင်ဘာလ SAFFRON REVOLUTION ဟာလူပီသတဲ့ကမ္ဘာ့လူသားတွေရဲ့ နှလုံးသားကိုကိုင်လှုပ်နိုင်ခဲ့ကြတယ်၊
အဲဒီလိုခိုင်မာမှန်ကန်တဲ့ မြန်မာပြည်တွင်းမှတာဝန်သိနိုင်ငံသားဓါတ်ပုံသတင်းထောက် တို့ ရဲ့ ကြိုးပမ်းပေးမှု
ကြောင့်လည်းကောင်း၊ပြည်တွင်း၊ပြည်ပမြန်မာအင်တာနက်စာမျက်နှာပိုင်ရှင်များ၏ပံ့ပိုးပေးမှုတိုကြောင့်လည်းကောင်း
မြန်မာစစ်အာဏာရှင်တို့ ရဲ့ လူမဆန်မှုတွေကဖုံးကွယ်လို့ မရတော့ဘဲ လူသားအားလုံးရဲ့  နှလုံးသားက
မြန်မာပြည်မှာစစ်ဘီလူးတွေကိုဖယ်ရှားမှရတော့မည်ဟုခိုင်မာတဲ့ဆုံးဖြတ်တွေကို တိတိကျကျဖန်တီးပေးနိုင်
ခဲ့ပါတယ်၊
မြန်မာစစ်ဘီလူးတွေကတော့အမှန်တရားတွေကိုဖေါ်ထုတ်ပေးခဲ့တဲ့ တာဝန်သိတဲ့မြန်မာဓါတ်ပုံသတင်းထောက်တွေကိုနုတ်နုတ်စင်းပစ်ချင်နေတာပေါ့ ၊ အချို့ သတင်းထောက်တွေလည်းသတ်ဖြတ်ခံခဲ့ရ ၊ အချို့ ကစစ်ခွေးတွေရဲ့ အကျဉ်းစခန်းမှာအနှိပ်စက်ခံနေကြရတာ အားလုံးသိကြမှာပါ၊
မြန်မာစစ်ဘီလူးတွေပိုင်တဲ့ မိုးလုံးပြည့်မုသားဝါဒီသတင်းဌာနတွေကိုလည်းလူတိုင်းကဥပေက္ခာပြုထားတော့ ကျွန်ုပ်တို့ ရဲ့ သတင်းဖြန့်ချီမှုတွေကိုနှောက်ယှက်ဟန့် တားဖို့ ကြိုးစားခဲ့တယ်၊ မြန်မာပြည်တွင်းကအင်တာနက်တွေပိတ်၊ ဖုန်းလိုင်းတွေဖြတ် ၊ ပြည်ပ ၊ ပြည်တွင်းအင်တာနက်စာမျက်နှာတွေကိုနှောက်ယှက်ဖျက်ဆီး ခဲ့ကြတယ်၊ နိုင်ငံတကာသတင်းဌာနများရဲ့ လေးစားမှုကိုရခဲ့တဲ့မြန်မာ အင်တာနက်စာမျက်နှာများအပေါ်သတင်းတု၊သတင်းမှားတွေကိုပေးပို့ ပြီးကျွန်ုပ်တို့ သတင်းဝေငှဖြန့် ချီရေးအင်အားစုတွေရဲ့ဂုဏ်သိက္ခာတွေလျော့ပါးသွားအောင်ကြိုးစားနေကြပါတယ် ၊ဒီတော့အားလုံးကိုသတိပေးချင်ပါတယ်သတင်းဖြန့် ဝေတဲ့သူတွေဟာမိမိပေးပို့ ဖြန့် ဝေတဲ့သတင်းဟာဘယ်လောက်ခိုင်မာတိကျတဲ့သတင်းဖြစ်သလည်းဆိုတာကိုသတိပြုရပါမယ်၊ နောက်ပြီးမိမိကိုသတင်းပေးပို့ သူရဲ့အီးမေးလိပ်စာကိုအသေအချာမှတ်သားထားဖို့ လိုအပ်ပါတယ်၊ နောက်အချက်တခုအကြံပြုလိုတာကသတင်းဝါသနာပါတဲ့မြန်မာအစုအဖွဲ့ တခုမရှိမဖြစ်လိုအပ်နေပြီဆိုတာပါဘဲ၊ ကိုနစ်၊ကိုမျိုးချစ်၊ကိုထိုက်၊မန္တလေးဂေဇက်တို့ ပူးပေါင်းဦးဆောင်သင့်ပါတယ်၊ကျွန်တော်တို့ လည်းပူးပေါင်းလက်တွဲဖို့ အသင့်ပါလို့ အားလုံးကိုစေတနာအရင်းခံနဲ့တင်ပြလိုက်ပါတယ်၊





ဒီမိုကရက်တစ်သတင်းဌာန
ဖို့ တ်ဝိန်းမြို့ ၊ အင်ဒီယာနာပြည်နယ်

2 comments:

Unknown said...

Dear all..
This Photo is from Thailand...
Best Regards,

pandora said...

ဒီပို့စ်လေး ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တခြားဘလော့တွေမှာပါ တင်သင့်တယ်။
အဲဒီ ဓာတ်ပုံ အီးမေးလ် က ၀င်ဝင်လာတာ ၃ စောင်ရှိပြီ။
မဟုတ်ဘူးလို့ ပြန်ပြောနေရတယ်။