Tuesday, November 13, 2007

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီကျော်သူအား
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဘေးဖယ်ထုတ်ထား





နိုဝင်ဘာလ ၁၀ ရက်နေ့ တွင်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဦးဆောင်ကျင်းပခဲ့သော (၄၄)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့်မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားအားကျင်းပခဲ့ပါသည် ။
ဤအခမ်းအနားအတွက်မြန်မာ့ရုပ်ရှင်လောက၏မှတ်တမ်းဝင်သရုပ်ဆောင်များ၏ပုံတူများပါဝင်
သည့်ပိုစတာရေးဆွဲရာတွင်မြန်မာ့သရုပ်ဆောင်လောကအတွင်းအထင်ကရမဖြစ်သေးသည့်
ဖော်လံဖားလေးများ၏ပုံများအားထည့်သွင်းစေခဲ့ပြီးစက်တင်ဘာသင်္ကန်းရောင်တော်လှန်ရေးအတွင်း
တက်ကြွစွာပါဝင်ခဲ့သည့်ကိုကျော်သူ၏ပုံတူအားထည့်သွင်းရေးဆွဲထားခြင်းမရှိသည်ကိုကျွန်ုပ်တို့မ
သတင်းဓါတ်ပုံကိုရရှိခဲ့ပါသည်။ ဤဖြစ်ရပ်ကြောင့်ကိုကျော်သူ၏ပရိတ်သတ်များနှင့်လုပ်ဖေါ်ကိုင်ဘက်များမှ
စိတ်မကောင်းဖြစ်နေကြသည်ဟုလည်းသတင်းရရှိခဲ့ပါသည်။

မြန်မာနိုင်ငံ၌မည်သည့်နိုင်ငံရေး ၊ လူမှုရေးအဖွဲ့အစည်း ၊ မဆို သန်းရွှေ စစ်အုပ်စု၏လက်အောက်၌ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်မရှိသကဲ့သို့ ဘယ်သူသေသေ ငတေ မာလျင်ပြီးရောဆိုသည့်
တဘို့တည်းကြည့်တတ်သည့် အတ္တသမားများ ၊ ဖော်လံဖားနေကြသောလူပုဂ္ဂိုလ်များကြောင့်အဖွဲ့အစည်းများ
အတွင်းတွင်လည်းအက်ကွဲကြောင်းများ၊ စိတ်ဝမ်းကွဲစေမှုများအားဖြစ်ပေါ်နေစေပါသည်။

မည်သို့ပင်ဆိုစေကာမူပြည်သူနှင့်တသားတည်းရပ်တည်ကလူထုဒုက္ခဘ၀အစုံစုံအားရပ်တည်ဖြေရှင်းပေးနေ
သောကိုကျော်သူအနေဖြင့်မိစ္ဆာစစ်အုပ်စုများ၏အနိုင်အထက်ပြုမှု ၊ မတရားမှုများအားကြံကြံခံရင်ဆိုင်
အန်တုနိုင်မည့်သူဟုလည်းကျွန်ုပ်တို့မှအခိုင်အမာယုံကြည်အသိအမှတ်ပြုအပ်ပါသည်။

ကိုကျော်သူနှင့်တကွပြည်သူချစ်သောပြည်သူဘက်တော်သားအနုပညာရှင်များအားမြန်မာသာမက ကမ္ဘာမှပင်အသိအမှတ်ပြုနေမည်ဟုဂါဝရစကားဆိုအပ်ပေသည်။





ဓါတ်ပုံ-မန္တလေးဂေဇက်

No comments: