Tuesday, December 4, 2007

ဗြောင်လိမ်ဗြောင်စားနအဖ သတင်းစာရှင်းလင်းပွဲ(ဒီဇင်ဘာလ၂ရက် ၊၂၀၀၇)

နေပြည်တော်တွင်ယနေ့ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ပြန်ကြားရေးဝန်ကြီးနှင့်ရဲချုပ်က

စက်တင်ဘာလအတွင်းဖြစ်ပွါးခဲ့သောအရေးအခင်းသည်ပြည်ပမှ FDB ၏စီစဉ်ကြိုးးကိုင်မှု

ကြောင့်ဖြစ်ပွါးခဲ့ရကြောင်း၊အမျိုးသားညီလာခံပြီးဆုံးပြီးယနေ့မှစ၍ဖွဲ့စည်းပုံဥပဒေရေးဆွဲ ရေး

ကေါ်မရှင်ကစတင်နေပြီဖြစ်ကြောင်း၊စက်တင်ဘာအရေးအခင်းတွင်ပြည်သူအများစုမပါဝင်

ခဲ့ကြောင်းပြောသွားသည်။

ပြည်တွင်းပြည်ပသတင်းစာဆရာများ၊သံအမတ်များ၏မေးမြန်းချက်ကိုပြန်ကြားရေးဝန်ကြီး၊

ရဲချုပ်၊ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်တို့ကပြန်လည်ဖြေကြားရာတွင်-

ဒေါ်အောင်ဆန်းစုကြည်အနေနှင့်နအဖ၏ကြေညာချက်(၁/၂၀၀ရ)ကိုတုံ့ပြန်မှုမရှိသေးကြောင်း၊အခြေခံဥပဒေရေးဆွဲမှုသည်သင့်တင့်သောကာလတွင်ပြီးမည်ဖြစ်ကြောင်း။

မစ္စတာဂမ်ဘာဂီကိုပြည်ဝင်ခွင့်မပေးဆိုသည်မှာမဟုတ်ကြောင်း။အရေးအခင်းတွင်သံဃာ

(၅၉၆)ပါး၊လူ(၂၃၃၀)ဦးဖမ်းခဲ့ပြီးသံဃာ(၅၇၅)ပါးနှင့်လူ(၂၂၀၃)ဦးကိုပြန်လွှတ်ပေးပြီးဖြစ်

ကြောင်း၊ အောင်ဝေး၊ဇာဂနာ၊ကျော်သူ၊ဒေါ်သန်းမြင့်အောင်တို့နှင့် FDBဆက်စပ်မှုရှိမရှိ

စီစစ်ဆဲဖြစ်ကြောင်း။အရေးအခင်းတွင်သေသူ(၁၀)ဦးဟုကြေညာပြီးမစ္စတာပီညဲရိုး

ကိုထိန်ပင်သုသန်တွင်(၁၄)ဦးဟုစာရင်းပြခြင်းမှာမှန်ကြောင်း ၊ (၄)ဦးမှာဖမ်းဆီးထားစဉ်ရောဂါ

ဖြင့်သေခြင်းဖြစ်ကြောင်း။ အခြေခံဥပဒေရေးဆွဲရာတွင်NLD အပါအ၀င်ဆန့်ကျင်ဘက်အဖွဲ့

အစည်းများပါဝင်ခွင့်ရှိမရှိကိုဂျာမန်သံအမတ်ကြီးကမေးရာယခုရေးဆွဲနေသောဖွဲ့စည်းပုံုံ

ဥပဒေကိုလူထုဆန္ဒခံယူချိန်တွင်ပါဝင်ဆန္ဒ ပြုနိုင်ကြောင်းပြန်ကြားရေးဝန်ကြီးမှဖြေခဲ့သည်။

ဤသတင်းစာရှင်းလင်းပွဲအားသုံးသပ်မည်ဆိုပါကပြည်သူလူထုသဘောဆန္ဒများအားဥပေ

က္ခာပြုထင်ရာစိုင်းနေသည့်စစ်အာဏာရှင်တို့၏ပြတ်သားသည့်သဘောထားများဖြစ်ပြီးကျွန်ုပ်တို့

အနေဖြင့်လည်းဝိ၀ါဒကွဲပြားနေရန်မလိုအပ်တော့ပေ၊ပြတ်သားသည့်လူထုတိုက်ပွဲဖြင့်စစ်

အာဏာရှင်များအားအမြစ်ဖြတ်တော်လှန်ကြရမည်မှာပြည်သူ့ဘက်တော်သားအားလုံး၏

မဟာတာဝန်ပင်ဖြစ်ပေသည်။

No comments: