Monday, December 31, 2007

Happy Karen New Year

ဖို့တ်ဝိန်းမြို့ ၏ကရင်နှစ်သစ်ကူးပွဲတော်
အောင်မြင်စွာကျင်းပခဲ့ကြ

ကရင်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်ခဲ့သည့်
ဒေါက်တာမာတာ၏နှစ်သစ်မင်္ဂလာစကား

ဗီဒီယိုကြည့်ရန်





ယနေ့ခရစ်သက္ကရာဇ် ၂၀၀၇ ခုနှစ်၊ ကရင်သက္ကရာဇ် ၂၇၄၇ခုနှစ်၊ဒီဇင်ဘာလ ၃၀ရက် ဒေသစံတော်ချိန်
ညနေ ၃း၀၀ နာရီတွင် ၊ ဖို့တ်ဝိန်းမြို့ ရှိအင်ဒီယာနာ-ပါဒူး တက္ကသိုလ်(IPFW) တွင်ဧည့်ပရိတ်သတ် ၅၀၀ခန့်တက်ရောက်ခဲ့သောကရင်နှစ်သစ်ကူးပွဲတော်အားအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့်ဖို့တ်ဝိန်းမြို့၏ပွဲတော်များအနက်ကရင်နှစ်သစ်ကူးပွဲတော်သည်လည်းတခုအပါ
အ၀င်ဖြစ်ပေသည်၊ကရင်အမျိုးသားများနှင့်အတူမြန်မာပြည်သားညီကိုနွယ်ဖွားများအားလုံးအပြင်လူမျိုးခြား
အမေရိကန်နိုင်ငံသားများလည်းချစ်ခင်ရင်းနှီးပျော်ရွှင်စွာဆင်နွှဲခဲ့သည့်အတွက်ဧည့်ပရိတ်သတ်များနှင့်အထူး
စည်ကားခဲ့ပေသည်။
မြန်မာနိုင်ငံတွင်ကျင်းမြဲဖြစ်သည့်ကရင်တို့၏ရိုးရာဓလေ့အတိုင်းကျင်းပခဲ့သည့်အတွက်မိမိအမျိုးသားတို့၏ဂုဏ်
အင်္ဂါရပ်များအားဖွင့်လှစ်ပြသနိုင်ခဲ့သည့်ပွဲတပွဲဟုဆိုလျင်လည်းယုံမှားသံသယရှိရန်လိုမည်မဟုတ်ပေ။
နှစ်သစ်ကူးကျွဲချိုမှုတ်ခြင်း၊ကရင်အမျိုးသားသီချင်းသံပြိုင်သီဆိုခြင်းတို့ကကြက်သီးမွေးညင်းထစေသည့်အမျိုးသား ရေး ဇာတိမာန်တက်ကြွစေသည့်အစီအစဉ်များပင်ဖြစ်ပါသည်။
ကရင့်တော်လှန်ရေးမှခေါင်းဆောင်တဦးဖြစ်ခဲ့သောဒေါက်တာမာတာမှလည်းချီကာဂိုမြို့ မှလာရောက်ပူးပေါင်း
ဦးဆောင်ပါဝင်ခဲ့ခြင်းမှာလည်းအင်အားတရပ်ပင်ဖြစ်စေခဲ့ပါသည်။
စေတနာသဒ္ဓါဖြူစင်သည့်စားသောက်ဖွယ်ရာများ ၊ ကရင်လူငယ်လေးများ၏၀ါးညှပ်အက၊ဒုံးယိမ်းတို့မှာ
ကြွရောက်ချီးမြှင့်ခဲ့သောပရိတ်သတ်အပေါင်း၏စိတ်နှလုံးကြည်နူးဘွယ်ရာပင်ဖြစ်ပါသည်။
နောက်ပိုင်းတွင်ကရင်လူငယ်လေးများ၏ခေတ်ပေါ်တေးဂီတအဖွဲ့ ဖြင့်ကရင်တေးသီချင်းများတီးခတ်သီဆို
ဖျော်ဖြေခဲ့ကြပါသည်။

ဗီဒီယိုကြည့်ရန်

No comments: