Tuesday, January 8, 2008

ထူးဆန်းသောအုန်းပင်နမိတ်အရသန်းရွှေအာဏာသိမ်းခံရတော့မည်ဟု
ယုံကြည်သူများတွက်ဆပြောဆိုနေ


ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေး မွန်ပြည်နယ် ပေါင်မြို့ နယ်၌ထူးဆန်းသောအုန်းပင်တပင်အားခရီး
သွား များ နယ်ခံများနှင့်နိုင်ငံခြားသားများပင်သွား
ရောက ကြည့်ရှုနေကြပါသည်။
ဒေသခံများ၏အဆိုအရထိုအုန်းပင်၏သက်တမ်းမှာ
အနှစ် ၆၀ ရှိပြီဟုသိရပါသည်။၂၀၀၁ခုနှစ်မှစ၍
အောက်ခြေပင်စီ အရင်းမှပေ ၅၀ခန့်အမြင့်တွင်
အပင်အတက် ၇ ပင်ထွက် ခဲ့ပြီးယခုအချိန်တွင်ပင်မ
အပငကြီးအားလုံး၀၀ါးမြို သွားပြီ ဖြစ်ပါသည်။
အပင်တက်လေးများ၏အမြင့်မှာ ၇ ပေခန့်ရှိသည်
ဟုဆိုပါသည်။
ထိုထူးဆန်းဖြစ်ရပ်အားမူတည်၍မြန်မာပြည်တွင်းအတိတ်နမိတ်ယုံကြည်သူများမှနမိတ်ကောက်နေကြသည်မှာ
ဒေါ်အောင်ဆန်းစုကြည်အားလိုလားသောစစ်တပ် ထိပ်ပိုင်းအုပ်စုမှများမကြာမှီ၌အာဏာသိမ်းပိုက်မည်ဖြစ်ပြီး
သန်းရွှေအနေဖြင့်အာဏာလက်လွှတ်ဆုံးရှုံး ရတော့မည်ဖြစ် သည်ဟု ယုံကြည်နေကြပါသည်။



No comments: