တော်လှန်ရေးအတိုက်အခံအင်အားစုများရဲ့ဒီမိုကရေစီလမ်းပြမြေပုံ ညီလာခံ(သို့မဟုတ်)
ဖို့တ်ဝိန်းညီလာခံကျင်းပရန်သေချာပြီဟုသိရ

အမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်နေကြသောမြန်မာ့ဒီမိုကရေစီရေးအင်အားစုများ
ဦးဆောင်ကျင်းပမည်ဖြစ်သော တတိယအကြိမ်မြောက် ဒီမိုကရေစီလမ်းပြမြေပုံ ညီလာခံ
(သို့မဟုတ်)ဖို့တ်ဝိန်းညီလာခံ အား ၂၀၀၈ ခုနှစ်မတ်လ ၁ ၊ ၂ ရက်နေ့များတွင်အမေရိကန်
ပြည်ထောင်စု၊အင်ဒီယာနာပြည်နယ်၊ဖို့တ်ဝိန်းမြို့ ၌ ကျင်းပကြမည်ဟုထိုညီလာခံကျင်းပရေး
ကော်မီတီ၏တာဝန်ခံများမှDID သို့တရားဝင်ပြောကြားခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင်ပထမအကြိမ်ညီလာခံ၊၂၀၀၄ ခုနှစ်တွင် ဒုတိယအကြိမ် ညီလာခံများအား
ကျင်းပခဲ့ပြီးဖြစ်ပါသည်။
ထိုညီလာခံများသို့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရနှင့်၊ပြည်ထောင်စုမြန်မာ
နိုင်ငံအမျိုးသားကောင်စီ၏နိုင်ငံရေးဦးဆောင်မှုအောက်တွင်နိုင်ငံတကာရှိမြန်မာ့ဒီမိုကရေစီ
အင်အားစုအသီးသီးနှင့်နယ်စပ်ဒေသအသီးသီးမှတော်လှန်ရေးအဖွဲ့အစည်း ပေါင်းစုံတို့မှ
တက်ရောက်ခဲ့ကြသည်ဟုလည်းသိရပါသည်။
ယခုအကြိမ်ညီလာခံတွင်လည်းနယ်စပ်ဒေသများမှတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့်နိုင်ငံ
တကာရောက်မြန်မာ့ဒီမိုကရေစီအင်အားစုအသီးသီးမှကိုယ်စားလှယ်များတက်ရောက်ကြမည်
ဖြစ်သည်ဟုသိရပါသည် ။
DID အနေဖြင့်ကြားသိသမျှသတင်းကိုသာဖေါ်ပြခြင်းဖြစ်ပါ၍ပိုမိုတိကျပြည့်စုံသောသတင်းအချက်
အလက်များရရှိလိုပါကညီလာခံကျင်းပရေးကော်မီတီထံဆက်သွယ်ကြဖို့အကြံပြုပါသည်။
အီးမေးလိပ်စာကတော့
No comments:
Post a Comment