Tuesday, January 15, 2008

အမှန်တကယ်လုပ်တော့အသံပျောက်နေတဲ့နအဖ

မြန်မာနိုင်ငံအတွင်းဟိုနေရာဗုံးကွဲပြန်ပြီ၊ဒီနေရာမှာဗုံးခွဲလိုက်ပြန်ပြီ၊အပြစ်မဲ့ပြည်သူ ဘယ်နှစ်ဦးသေသည် သောင်းကျန်းသူအဖျက်သမား၊အကြမ်းဖက်သမားဘယ်သူဘယ်ဝါ၊ဘယ်အဖွဲ့ဆိုပြီး နအဖရဲ့သတင်းစာများ၊
ရုပ်သံလိုင်းများမှနာမည်ပေးကင်ပွန်းတပ်ပွဲများကျင်းပပေးနေကြသည်မှာလည်းခြိမ့်ခြိမ့်သဲသဲပင်ဖြစ်ပါသည်။
စွပ်စွဲခံရသူများမှာတောတွင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပြင်ပြည်ပနိုင်ငံများ၌နေထိုင်ကြသူများ၊
လည်းပါဝင်သဖြင့်နအဖ၏စွပ်စွဲချက်များသည် သီးလေးသီးလူရွှင်တော်များ၏ပြက်လုံးထက်ပင်ရယ်စရာ
ကောင်းပေသည်။ တော်လှန်ရေးအဖွဲ့အစည်းများသည်ပြည်သူလူထုပေါ်အခြေခံအားကိုးတည်ဆောက်ထားကြသည်ဖြစ်ရာပြည်သ
လူထုအကျိုးမှသွေဖီစေမည့်လုပ်ရပ်များအားအစဉ်ရှောင်ရှားကြရသည်မှာတော်လှန်ရေးသမားတို့၏ဥပဒေသ၊
စည်းကမ်းများပင်ဖြစ်ပေသည်။
စီမံကိန်းဗျူဟာအရတိုက်ခိုက်ရန်အဓိကပစ်မှတ်များမှာစစ်အာဏာရှင်နှင့်၎င်းတို့အားကြောထောက်နောက်ခ
ပြုနေသောဒေါက်တိုင်များပင်ဖြစ်ပါသည်။သို့အတွက်၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတောင်ငူမြို့ ပေါ်ရှိ
ကာရာအိုကေဘား တခုအတွင်း၌အပျော်ကြူးနေသောနအဖစစ်တပ်မှတပ်ရင်းမှုးအား ကေအင်ယူလက်နက်
ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များမှတိုက်ခိုက်ခဲ့သဖြင့်သေဆုံးခဲ့ရပြီးဗန်းမော်မြို့ အခြေစိုက် စတက (၂၁)မှ
ဗျူဟာမှုးမှသေဆုံးခဲ့ရသော တပ်ရင်းမှုးနေရာ၌၀င်ရောက်တာဝန်ယူခဲ့ခြင်းအားနအဖစစ်တပ်အသုံးချမည်သည့်
သတင်းဌာနများမှတရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပေ။
ဤကဲ့သို့သောဖြစ်စဉ်များထောက်ရှု၍တော်လှန်ရေးရဲဘော်များတကယ်မလုပ်သောဖြစ်ရပ်များတွင်အသံကျယ်
လောင်စွာထွက်သောနအဖအားအမှန်တကယ်တိုက်ခိုက်ခဲ့သည့်အချိန်တွင်အသံပျောက်နေတတ်သဖြင့်ကျွန်ုပ်
တို့တော်လှန်ရေးတိုက်ပွဲဝင်ရဲဘော်အသီးသီးမှမြန်မာစစ်အာဏာရှင်များမြန်မာနိုင်ငံတွင်ထာဝရအသံပျောက်
ဆုံးသွားရန်အားလုံးညီညွတ်စွာတိုက်ပွဲဝင်ကြပါစို့ဟုကျွန်ုပ်တို့ DID မှလေးစားဦးညွှတ်လျက်နှိုးဆော်အပ်ပါသည်။

No comments: