Wednesday, March 19, 2008

ABSDF၏တာဝန်ရှိသူများအားကြိုဆိုပွဲနှင့်နှီးနှောဖလှယ်ပွဲ
ဖို့တ်ဝိန်းမြို့ ၌ကျင်းပခဲ့




မတ်လ ၁၆ရက် ၊၂၀၀၈ ခုနှစ် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၁း၀၀နာရီခန့်တွင် ဖို့တ်ဝိန်းမြို့ ၌ နယ်စပ် တော် လှန်ရေးဒေသများမှ တာဝန်အရ ခေတ္တ ရောက်ရှိနေသော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (မကဒတ) အထွေထွေ အတွင်းရေးမှုး ရဲဘော်ဆန်နီ နှင့် အတွင်းရေးမှုး (၁) ဆလိုင်း ယောအောင် တို့ အားမြို့ ခံ (မကဒတ) ရဲဘော်ဟောင်းများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများမှ နွေး ထွေး လှိုက်လှဲစွာ ကြိုဆိုပွဲတရပ်အား ကျင်းပခဲ့ကြပါသည်။

ထို့နောက် (မကဒတ) ၏ လက်ရှိ လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲမှ (မကဒတ) ထောက်ပံ့ရေး ဆိုင်ရာ အလုပ်အဖွဲ့တဖွဲ့ အားဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးညီလာခံ ဆုံးဖြတ်ချက် အရ (မကဒတ)အင်အား ပြန်လည် တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ရာ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော (မကဒတ) မူဝါဒ ၊ လမ်းစဉ်နှင့် ကိုက်ညီသည့် ရဲဘော်များမှ မိမိသဘော ဆန္ဒအလျောက် အဖွဲ့ဝင် အဖြစ် လျောက်ထားနိုင်ပြီး ဗဟို ကော်မီတီမှ စီစစ်၍ အဖွဲ့ဝင်ဖြစ်ခွင့်ရှိသူများအား(မကဒတ) ၏အဖွဲ့ ၀င်သစ်များအဖြစ်သတ်မှတ်ပေးသွား မည်ဖြစ်သည် ဟုသိရှိခဲ့ရပါသည်။

ထိုအခမ်းအနားအားညနေ၅း၃၀ နာရီခန့်တွင်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

No comments: