Monday, March 10, 2008

ကြယ်တပွင့်ကြွေပြန်ပြီ


သျှမ်းအမျိုးသားတေးသံရှင်စိုင်းထီးဆိုင်(၅၈)နှစ်သည်ရန်ကုန်မြို့ ၊ကျောက်မြောင်းနေအိမ်၌ယမန်နေ့နံနက်
၈ နာရီခန့်တွင်ဘ၀တပါးကူးပြောင်းသွားကြောင်းရန်ကုန်မြို့ မှသတင်းပေးပို့ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံအနုပညာလောကတွင်၁၉၇၀ခုနှစ်ဝန်းကျင်မှယနေ့အထိသျှမ်းအမျိုးသားတေးသံရှင်စိုင်းထီးဆိုင် သည် တေးရေးစိုင်းခမ်းလိတ်၏ရသဂန္ထ၀င်တေးပေါင်းများစွာအားသီဆိုအောင်မြင်ခဲ့သူဖြစ်ပါသည်။
သျှမ်းသံဝဲ၀ဲဖြင့်မြန်မာတနိုင်ငံလုံးရှိပရိသတ်များအားဖမ်းစားနိုင်ခဲ့သည့်အပြင်ဗိုလ်ထီးဟူသောအမည်နာမဖြင့်
ခေတ်အဆက်ဆက်ကျော်ဖြတ်အောင်မြင်ခဲ့သူဖြစ်ပါသည်။
ဗိုလ်ထီးကွယ်လွန်ခဲ့သည့်အကြောင်းကြားသိခဲ့ရသည့်အတွက်ကျွန်ုပ်တို့DIDမှကျန်ရစ်သူမိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်းဖေါ်ပြအပ်ပါသည်။

No comments: