Saturday, March 29, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူဦးမြင့်သိန်း(မွန်ပြည်နယ်)ကွယ်လွန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဦးမြင့်သိန်း(၆၂)နှစ်သည် ယနေ့ မတ်လ၂၉ ရက်၊၂၀၀၈ခုနှစ်၊ဒေသစံတော်ချိန် ည ၈နာရီခန့်တွင် စင်ကာပူနိုင်ငံတွင် အစာအိမ် ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊

မွန်ပြည်နယ်၊ကျိုက်မရောမြို့ နယ်၊ နယ်မြေအမှတ်(၁)မှ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသော ပြည်သူ့ ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်၏ အတွင်းရေးမှုး လည်းဖြစ်ပါသည်။

ပြည်သူဖက်မှ အစဉ် ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်တို့အား ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်သဖြင့်၂၀၀ရ ခုနှစ် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး အတွင်း မြန်မာစစ်တပ်မှ အင်းစိန်ထောင် တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ ပါသည်။

မြန်မာ့ နိုင်ငံရေး လောကတွင် လူကြီး လူငယ်တို့ နှင့် အပြန်အလှန် ယုံကြည် လေးစားမှု၊ ချစ်ကြည် ရင်းနှီးမှု တို့ အား တည်ဆောက်နိုင်ခဲ့သူ တဦးဖြစ်ပါသည်၊ ဦးမြင့်သိန်း ကွယ်လွန်ခဲ့ခြင်းသည် မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲ ၀င်နေသူများ အတွက် ဆုံးရှုံးမှု တရပ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ DID မှလည်း ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရပါကြောင်းဖေါ်ပြအပ်ပါသည်။

No comments: