Sunday, March 30, 2008

မြန်မာ့ခေတ်သစ်သမိုင်း၏သူရဲကောင်းကိုသော်ဇင်နိုင်
အားဂုဏ်ပြုကြ

မြန်မာ့နိုင်ငံသမိုင်းတွင်ပထမဦးဆုံးသောဟုယူဆရသောရွှေတိဂုံစေတီရင်ပြင်တော်ပေါ်၌မိမိကိုယ်မိမိမီးတင်ရှို့ ၍ မြန်မာစစ်အာဏာရှင်တို့အားဆန့်ကျင်ဆန္ဒပြခဲ့သောအသက်၂၆နှစ်အရွယ်ရှိကိုသော်ဇင်နိုင်၏လုပ်ရပ်သညမြန်
မာ့ဒီမိုကရေစီရေးလူထုတိုက်ပွဲစတင်ရန်တပ်လှန့်နှိုးဆော်ခြင်း သို့မဟုတ် လူထုတိုက်ပွဲတိုက်ပွဲစတင်ခြင်းပင်ဖြစ် ပေသည်။
အာရှနိုင်ငံများတွင်ဗီယက်နမ်စစ်အတွင်းဗီယက်နမ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးမှထိုကဲ့သို့မိမိကိုယ်မိမိမီးရှို့ 
ဆန္ဒပြခဲ့သည့်သမိုင်းဖြစ်စဉ်တခုရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်၈၈၈၈အရေးတော်ပုံကြီးအတွင်းစစ်သားလူထွက် ဗိုလ်အောင်ကြီးမှလူထုကြီးအား မိမိကိုယ်မိမိ
မီးရှို့မည်ဟူပြီးလိမ်လည်ခဲ့သောစကားပြောဖြစ်ရပ်သာရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်စစ်အာဏာရှင်တို့ဗိုလ်ကျကြီးစိုးနေသမျှကာလ၌ထိုကဲ့သို့သူရဲကောင်းလုပ်ရပ်များနှင့်သူရဲကောင်း သစ်များစွာပေါ်ပေါက်လာတော့မည်ဖြစ်သည့်ပြရုပ်ပင်ဖြစ်ပါသည်။
“Live for nothing, die for something”
အဓိပ္ပါယ်မဲ့အသက်ရှင်သန်မလား၊တစုံတရာအတွက်အသက်ပေးတိုက်ပွဲဝင်ကြမလားဆိုသည့်ဟောလိဝုဒ် ရုပ်ရှင် ရမ်ဘို၏ဒါယာလော့မှာရုပ်ရှင်တကား၏စကားလုံးမျှသာဖြစ်ခဲ့ပြီး၊ယခုမြန်မာပြည်တွင်လက်တွေ့ အသက်ပေး တိုက်ပွဲဝင်နေကြသောအမျိုးကောင်းသူရဲကောင်းသားသမီးတို့အားဂုဏ်ပြုကြရမည်ဖြစ်ပေသည်။
ပြည်သူအတွက်တိုက်ပွဲဝင်မြန်မာ့သူရဲကောင်းများအားဦးညွှတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားတိုင်းမြန်မာနိုင်ငံစစ်အာဏာရှင် လက်အောက်မှလွတ်မြောက်ရေးအတွက် မိမိတတ်စွမ်းသည့် ဘက်မှပါဝင်၍လူထုတိုက်ပွဲအောင်ပွဲအဆုံးသတ်တိုက်ပွဲတွင်ပါဝင်ကြရန်တော်လှန်သတိဖြင့်နှိုးဆော်အပ်ပါသည်။ ခေတ်သစ်မြန်မာသူရဲကောင်းကိုသော်ဇင်နိုင်အားဂုဏ်ပြုကြ

First Buddhist Monk to do SELF immolation in Protest of Vietnam War
June 11, 1963


No comments: