Wednesday, October 31, 2007


ထပ်တူခံစားကြည့်ခြင်း (သို့)
ညီအကိုမောင်နှမများ၏၁၉နှစ်ပြည့်မွေးနေ့ပွဲ







Revolution is Our School and Our University

ဒီနေ့နိုဝင်ဘာ(၁)ရက် ..........

၁၉နှစ်ဆိုသည့်ကာလတခုသည်ဘဝတခုလုံးကိုပြောင်းလဲရန်လုံလောက်သောအချိန်ကာလဟုဆိုနိုင် ပေသည်။

တချို့ မွေးဖွားခဲ့ကြ၏၊တချို့ သေဆုံးခဲ့ကြ၏၊ထိုမွေးဖွားခြင်းနှင့်သေဆုံးခြင်းတို့ အကြားမှ ထို

၁၉နှစ်ဆိုသောကာလတခုသည်ဖြစ်တည်ခြင်းပြောင်းလည်းခြင်းများစွာကိုပြုလုပ်နိုင်မည်ဟုဆို လျင်

ယုံမှားပယ်နိုင်စရာမရှိဟုဆိုချင်ပါသည်။

၁နှစ်သားအရွယ်လူမမယ်ကာလကတည်းမှအခက်အခဲပေါင်းများစွာနှင့်ရင်ဆိုင်၍ကန္တာရခရီးကြမ်း ကြီး

တခုကိုမိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲအမိမြန်မာနိုင်ငံ၏လိုလားချက်ပေါင်းများစွာအတွက်ချီတက် နေ

သောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ)၏၁၉နှစ်ဆိုသော ခရီးမိုင်

တိုင်တခုအားမိမိတို့၏အရှေ့တွင်မားမားမတ်မတ်ဖြစ်တည်နေသည်ဟုဆိုလျှင်မိမိတို့ အနေဖြင့် ဝမ်းသာ

ပီဖြစ်ရမည်ဟုဖွင့်ဆိုချင်ပေသည်၊ဝမ်းသာစရာများထဲမှဝမ်းနည်းဖွယ်ရာဖြစ်ရပ်များကား ယနေ့ အချိန်၌

မိမိတို့ အနေဖြင့်တပ်ဦးနှင့်အလှမ်းဝေးနေရခြင်းဟုဆန်းစစ်မိတိုင်း၁၉နှစ်တာခရီးတခု အတွင်းအသက်နှင့်

ရင်းဆပ်ခဲ့ရသောမိမိတို့ ညီတော်နောင်တော်များ၏ညီးတွားသံများ၊ငိုရှိုက်သံများ သည်မိမိတို့ ၏နားစည်

သို့ အဆက်မပြတ်ထိမှန်လျှက်ရှိနေသည်ဟုခံစားသိရှိရမိပေသည်။ မည်သို့ ပင်ဆိုစေကာမူ ထို၁၉နှစ်တာ

ကာလအတွင်းအသက်ပေးဆပ်ခဲ့သူများထိုကာလမတိုင်ခင်ကတည်းကအသက်သွေး၊ချွေးတို့နှင့်ပေးဆပ်

ခဲ့သူတို့ ၏အဓိကရည်ရွယ်ချက်တခုသည်ခရီးလမ်း တဝက်၌သာအဆုံးမသတ်သေးဘဲရှိနေသေးသည်ကို

မိမိတို့ နေဖြင့်မျက်ဝါးထင်ထင်တွေ့ မြင်နေ ရပေသည်။ နားလည်မှုဖေးမပံ့ပိုးမှုများနှင့်တူညီသောခရီးတခုကိုသွားရန်ဆန္ဒရှိသူတိုင်းခေတ်စံနစ်ရိုင်းတခုမှလွတ်

မြောက်ရန်အတွက်လက်ချင်းဆက်ရမည်ကိုမိမိတို့ ၏မွေးရာပါအသိတရားတခုအနေဖြင့်စွဲကိုင် သွားရ

မည်မှာမိမိတို့ ၏မဟာတာဝန်ကြီးတရပ်ပင်ဖြစ်၏။ မုန်တိုင်းနှင့်မီခိုးတို့ သည်ကားလွင့်ပြယ်ပျောက်ပျက်

စေသောသဘောကိုဆောင်ပေ၏ ၊ မိမိတို့ သည် မုန်တိုင်းမဟုတ်သလိုမီးခိုးများလည်းမဟုတ်ကြပေ၊

မိခင်တဦးတည်း၏ဝမ်းဗိုက်တွင်း၌တူညီသောအချိန် ကာလအတွင်းသန္ဓေတည်၍မွေးဖွားလာကြသော

နေ့ ရက်ရာသီတူညီအကိုမောင်နှမများသာဖြစ် ကြပေ၏။ ထို့ ကြောင့်မိမိတို့ ၏တူညီသောစိတ်ဓါတ်များ

သည်ကားမီးခိုးကဲ့သို့ ပျောက်ကွယ်လွင့်ပါးတတ်သော ဆေးပြယ်ပန်းချီကားများမဖြစ်နိုင်ပေ၊

ထိုနည်းတူမုန်တိုင်းကဲ့သို့ အစိုးမရသောသဘောကိုလည်း မဆောင်နိုင်ကြပေ၊

တနည်းအားဖြင့်ဆိုသော်မိမိတို့ သည်အရွေ့ရှိသောအချိန်ရထားကြီးတစင်းကို အစဉ်မပြတ်ခုတ်မောင်း

နေကြသောမောင်းနှင်သူများသာဖြစ်ကြ၏။ မိမိတို့ အထဲမှတချို့ ကလည်းထို ရထားကြီးကိုမောင်းနှင်ရ

သည်ထက်စီးနင်းရသည့်အရသာကို ပို၍ကြိုက်နှစ်သက်ကြ၏၊မောင်းနှင်သူဖြစ်စေ၊စီးနင်းသူဖြစ်စေ

အရွေ့ရှိနေသောရထားကြီး၏သယ်ဆောင်ရာလမ်းကြောင်းသည်ကားတည့်မတ်သော၊မှန်ကန်သောမိုင်

တိုင်တခုဆီသို့ သာဦးတည်နေ သည်ကိုမိမိတို့ အနေဖြင့်ထင်ရှားစွာတွေ့ မြင်ရပေမည်၊ထို့ ကြောင့်မိမိ

တို့ ၏ခရီးပန်းတိုင်သို့ရောက်ရှိအောင်ပို့ဆောင်ပေးမည့်ထိုရထားကြီး၏ကောင်းရာကောင်းကြောင်းနှင့်ပျက်

စီးရာပျက်စီး ကြောင်းတို့ သည်မောင်းနှင်သူနှင့်စီးနင်းသူအားလုံးအပေါ်တွင်တည်မှီနေပေ၏။ ထိုခရီးရှည်ရထားကြီးအားခရီးဆုံးအောင်မည်သို့မည်ပုံမောင်းနှင်ရမည်စီးနင်းရမည်ကိုကားစာဖတ် သူတို့၏အသိသတိနှင့်ယှဉ်၍ဆောင်ရွက်ရမည်ဟုနားလည်ခံယူရမည်ဟုယူဆကြပါလျှင်ကားမိမိတို့ အနေဖြင့်ဤစာစုကိုရေးရကျိုးနပ်ပေသည်ဟု ..............။

အယ်ဒီတာအဖွဲ့ 

ဒီမိုကရက်တစ်သတင်းဌာန

ဖို့တ်ဝိန်းမြို့ 




No comments: