Monday, November 5, 2007

သွေးပျက်နေသော ငတေဇ သွေးရူးသွေးတန်းစကားများပြောပြီ







ယနေ့နိုဝင်ဘာ(၅)ရက်ညနေ၊ဆီဒိုးနားဟိုတယ်တွင်ကျင်းပသောAirBagan(၃)နှစ်ပြည့်ပွဲ၌
ထူးကုမ္ပဏီဥက္ကဌတေဇကအနောက်နိုင်ငံများဧ။်ပိတ်ဆို့မှုသည်တရားမျှတမှုလုံးဝမရှိကြောင်းပြော ကြားသွားသည်။
တေဇမှသူ့အပေါ်နိုင်ငံခြားမှစွပ်စွဲနေသောနိုင်ငံတော်အကြီးအကဲဧ။်
သားမက်ဆိုသည် မှာလုံးဝမှားယွင်းသည့်သတင်းသာဖြစ်ကြောင်း၊သူ့ကုမ္ပဏီသည
မြန်မာနိုင်ငံတွင်မည်သည့်လုပ်ငန်းကိုမှ Monopolize လုပ်ခြင်းမရှိကြောင်း ၊ သူ့ကုမ္ပဏီ
သည်လက်နက်အရောင်းအဝယ်လုံးဝမလုပ်ကြောင်း၊အမြတ်အစွန်းများသည့်ဆက်သွယ်ရေးလုပ်ငန်း၊
ရုပ်သံထုတ်လွှင့်မှုလုပ်ငန်း၊ရေနံလုပ်ငန်းများလည်းမလုပ်ကြောင်း၊သူ့ကုမ္ပဏီ တွင်မည်သည့်
အစိုးရအရာရှိမှရှယ်ယာမပါကြောင်း၊အနောက်နိုင်ငံများသည်သူတို့အကျိုးစီးပွါးထိခိုက်မည့်
ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများကိုမူပိတ်ပငခြင်းမရှိကြောင်း၊ယခုပိတ်ပင်မှုသည်အစိုးရကို
မထိခိုက်ပဲနိုင်ငံသားများကိုသာထိခိုက်ကြောင်း၊နောက်နောင်သူနှင့်ပတ်သက်သည့်မဟုတ်မမှန်
သတင်းများဖော်ပြသည့်အသံလွှင့်ဌာန၊သတင်းစာ၊မဂ္ဂဇင်း၊အင်တာနက်ဆိုက်များကိုဥပဒေအရ
ပြန်လည်အရေးယူသွားမည်ဖြစ်ကြောင်းပြောကြားသွားသည်ဟုရန်ကုန်မြို့မှသတင်းရရှိပါသည်။ အတည်ပြုချက်မရရှိသေးသောပြည်တွင်းသတင်းများအဆိုအရ တေဇမှငွေကြေးများစာရင်း
ဖွင့်လှစ်အပ်နှံထားသော နိုင်ငံခြားတိုင်းပြည်ဘဏ်တခု၌သူ၏ငွေဒေါ်လာသန်းပေါင်းများစွာ တို့
သည်များအမေရိကန်အစိုးရ၏မြန်မာနိုင်ငံအပေါ်စီးပွားရေးအရဒါဏ်ခတ်အရေးယူခြင်းဥပဒေသစ်
အရပိတ်မိနေသည်ဟုလည်းသတင်းများထွက်ပေါ်နေပါသည်။
ထို့ အတွက်တေဇမှသွေးရူးသွေးတန်းဖြစ်နေပြီးအရှေ့အနောက်မညီညွတ်သောအဓိပ္ပါယ်မဲ့
စကားများအားသူ၏ Air Bagan ၃ နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသွားသည်ဟုယူဆ
ရပါကြောင်းတင်ပြအပ်ပါသည်။




No comments: