Monday, November 26, 2007

ရဲရဲတောက်ပြည်သူချစ်သောအနုပညာရှင်များစုပေါင်း
ပါဝင်သည့်သီးလေးသီးအငြိမ့်
ဓါတ်ပုံမန္တလေးဂေဇက်

တန်ဆောင်တိုင်လပြည့်ပွဲတော်၌လူရွှင်တော်ဂေါ်ဇီလာဦးစီးသောသီးလေးသီးမြန်မာ့အငြိမ့်သဘင်ခန်းအား
ကန်တော်ကြီးမျှော်စင်ကျွန်း၌ကျင်းပခဲ့ရာတွင်ပရိတ်သတ်၂သောင်းကျော်ခန့်အားပေးခဲ့ကြောင်းသိရှိရပါသည်၊
ဝါရင့်လူရွှင်တော်များဖြစ်ကြသည့်ကင်းကောင် ၊ ကျော်ထူး ၊ စိန်သီး ၊ ပန်းသီး ၊ ဇီးသီးတို့လည်းပါဝင်တင်ဆက
ခဲ့ကြပါသည်၊
အငြိမ့်မစတင်မှီအဖွင့်ပဏာမအနေဖြင့်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီအောင်လွင်၊ တေးသံရှင်ခင်မျိုးအေး နှင့်
စိမ်းလဲ့လဲ့တို့မှဘုရား၊တရား၊သံဃာတို့အားဦးထိပ်ပန်ဆင်ဂါဝရပြုတေးများဖြင့်သီဆိုဖျော်ဖြေခဲ့ကြပါသည်။
စစ်တပ်အလိုတော်ရိများ၊ထောက်လှမ်းရေးများ၏ခြိမ်းခြောက်နေမှုများကြားမှပြည်သူ့ဆန္ဒအားထင်ဟပ်စေသည့်
ပျက်လုံးများဖြင့်ပြည်သူဖက်မှရပ်တည်ခဲ့ကြသောပြည်သူချစ်သည့်အနုပညာရှင်များအဖြစ်ဇတ်ခုံပေါ်တွင်ရဲဝံ့
စွာတင်ဆက်ကပြသွားကြသည်မှာအနုပညာရှင်အပေါင်းလေးစားအတုယူဖွယ်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။


No comments: