Monday, November 26, 2007

VOICE OF 88 GENERATION STUDENTS

၈၈မျိုးဆက်ကျောင်းသားများ၏အသံအစီအစဉ်

မင်းမြင့်စိုး(မွန်အမျိုးသား)



Get this widget Track details eSnips Social DNA



ဘုရားသုံးဆူမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ

သေနတ်ပစ်ခံရ

နိုဝင်ဘာ၂၈
ယမန်နေ့ညနေ၇နာရီခန့်တွင်ဘုရားသုံးဆူမြို့နယ်မအဖဥက္ကဌဦးတင်ဝင်းအားအမည်မသိဆိုင်

ကယ်စီးသေနတ်သမားမှ၎င်း၏နေအိမ်တွင်လာရောက်ပစ်ခတ်လုပ်ကြံခဲ့ကြောင်း၊ရရှိခဲ့သော

သေနတ်ဒါဏ်ရာ သည်အသက်အန္တရယ်စိုးရိမ်နေရပြီးဘုရားသုံးဆူမြို့နယ်ဆေးရုံမှတဆင့်ထိုင်း

နိုင်ငံစန်ခရပူရီဆေးရုံ သို့ပို့ဆောင်ဆေးကုသခံယူနေကြောင်းနယ်စပ်သတင်းများအရသိရှိရပါ

သည်။
ဒေသခံများ၏အဆိုအရ ဦးတင်ဝင်းပစ်ခတ်ခံရချိန်တွင်သူ၏ဇနီးသည်နှင့်အတူရှိနေပြီးသေနတ်

သမားမှာဦးတင်ဝင်းတဦးတည်းကိုသာရည်ရွယ်ပစ်ခတ်ခဲ့ပြီးဇနီးသည်အားမည်သည့်အန္တရယ်

မျှမပြုခဲ့ကြောင်းနှင့်ဥက္ကဌဦးတင်ဝင်းသည်မိန်းမကိစ္စရှုပ်ပွေသူတဦးဖြစ်ပြီးနာမည်ဆိုးနှင့်သတင်း

ကြီးနေသူ့ဖြစ်သည်ဟုသိရှိရပါသည်။

မည်သို့ပင်ဆိုစေကာမူ နအဖစစ်အုပ်စု၏ဒေါက်တိုင်များအနေဖြင့်စက်တင်ဘာသံဃာ့လှုပ်ရှား

မှုသင်္ဃန်းရောင်တော်လှန်ရေးအပြီးပြည်သူ့မေတ္တာစူးပြီးကျီးလန့်စာစားဘ၀ရောက်ရှိနေကြရပြီ

ဖြစ်ပါသည်၊သို့အတွက်ပြည်သူ့အာဏာသိမ်းစစ်အုပ်စုမှလည်းကောင်းတို့၏ဒေါင့်တိုင်များမပြိုကွဲ

သွေးမပျက်စေရန်လာဘ်ထိုးအခွင့်အရေးပေး၍ စည်းရုံးသိမ်းသွင်းနေရသည့်အခြေအနေသို့

ပင်ရောက်ရှိနေရပါသည် ။

ပြည်သူအားမတရားဖိနှိပ်ပြီး၎င်းတို့အာဏာတည်မြဲရေးအတွက်ဘုရား၏သားတော်သံဃာ

တော်များထိပင်ပစ်မှားသတ်ဖြတ်နေသည့်စစ်အုပ်စုသည်များမကြာမှီအချိန်တွင်အနာဂါတ်

ပျောက်ဆုံးကျဆုံးရမည်ဟုမြန်မာ့ပြည်သူနှင့်ကမ္ဘာ့ပြည်သူတရပ်လုံးမှအခိုင်အမာယုံကြည်နေ

ကြပေသည် ။

အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ်မှာကျင်းပတဲ့

လူထုဒေါ်အမာ ၉၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်



No comments: