Thursday, November 29, 2007

ဂျပန်နိုင်ငံမှတရားမ၀င်ငွေလွှဲပြောင်းလုပ်ငန်းလုပ်ကိုင်နေသည့်
မြန်မာ၅ဦးအားဂျပန်အာဏာပိုင်များစတင်အရေးယူပြီ

ဂျပန်နိုင်ငံ၊တိုကျိုမြို့ ၊ တာကတာနိဘာဘာ ရပ်ကွက်ရှိ မြန်မာ ကုန်စုံဆိုင် ရွှေလင်းယုန်ဆိုင်ပိုင်ရှင်အပါအ၀င်၅ ဦးအား ဂျပန်နိုင်ငံဆိုင်ရာဘဏ်ဥပဒေများအားချိုးဖေါက်ပြီး တရားမ၀င်ငွေလွှဲပြောင်းမှုလုပ်ငန်းများလုပ်ကိုင်
နေသည်ဟုသံသယရှိ၍ နိုဝင်ဘာ ၂၈ ရက်နေ့တွင်ဖမ်းဆီးခဲ့ကြောင်းတိုကျိုရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ခဲ့ပါသည်။
လွန်ခဲ့သည့် ၄နှစ်မှစတင်၍ယနေ့အထိ ဂျပန်နိုင်ငံရှိမြန်မာလူမျိုး ၅၀၀၀ခန့်မှဂျပန်ယန်းငွေ ၁၅ဘီလီယံ ခန့်အားမြန်မာနိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း ၊ နိုင်ငံရေးတည်ငြိမ်မှုမရှိသောမြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း
အခက်အခဲများအားသိရှိထားသည့်အတွက် ဂျပန်ရဲတပ်ဖွဲ့မှအချိန်ယူစောင့်ကြည့်အရေးယူနိုင်ခဲ့ခြင်းဖြစ်သည်
ဟုဖေါ်ပြထားပါသည်။

http://www.yomiuri.co.jp/national/news/20071128i306.htm

No comments: