Tuesday, November 20, 2007

မြန်မာစစ်အာဏာပိုင်များနှင့်ဒေါ်အောင်ဆန်းစုကြည်ကြား Third Party ထားမည်

ရန်ကုန်။ ။နိုဝင်ဘာ ၁၉
ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်တို့စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင်၁၉ ရက်နေ့ တွင်တွေ့ဆုံဆွေးနွေးကြသည်ဟုသတင်းရရှိခဲ့ပါသည်။ ထိုဆွေးနွေးပွဲအရဒေါ်အောင်ဆန်းစုကြည်မှ
စစ်အုပ်စုနှင့်သူမကြားတွင်Third Partyအဖြစ်ထားရှိရန်ပါတီဝင်ဦးအုန်းကြိုင်၊ဦးစိန်လှဦး၊ဦးမြင့်သိန်း၊
ဦးဥာဏ်ဝင်း၊ NLDလူငယ်မှရာဇာ၊သန်းထိုက်အောင်၊သတင်းစာဆရာများဖြစ်သောမောင်ဝံသ၊မောင်မိုးသူ၊
အနုပညာရှင်ဇာဂနာ၊စာရေးဆရာမဒေါ်သန်းမြင့်အောင်တို့ကိုလျာထားကြောင်းကိုလည်းသိရှိခဲ့ရပါသည်။

၎င်းတို့ကြားတွင်မည်ကဲ့သို့သောဆွေးနွေးမှုများရှိသည်ဟုဆိုသော်လည်း ပြည်သူလူထုတရပ်လုံးအနေဖြင့်
ခါင်းဆောငဒေါ်အောင်းဆန်းစုကြည်တဦးတယောက်တည်းအပေါ်တွင်တာဝန်များစုပြုံပေးအပ်ထားပြီး
စောင့်ကြည့်နေရမည့်အခြေအနေ မဟုတ်ဘဲ မြန်မာနိုင်ငံ၏နိုင်ငံရေးလိုအပ်ချက်ဖြစ်သောအခြေခံ
လူ့အခွင့်အရေးများရရှိရေး ၊ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၊ဦးဝင်းတင်၊ ဦးခွန်ထွန်းဦးအစရှိသော
နိုင်ငံရေးပါတီများမှခေါင်းဆောင်ကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်နိုင်ငံရေး
အကျဉ်းသားအားလုံးအားအမြန်ဆုံးလွတ်မြောက်မှုရရှိရေးအတွက်ဆက်လက်တိုက်ပွဲဝင်နေကြရမည်ဟု
ရန်ကုန်မြို့ ရှိဒီမိုကရေစီရေးအတွက်ဦးဆောင်တိုက်ပွဲဝင်နေသူများမှ ပြည်သူလူထုတရပ်လုံးအားနှိုးဆော်
ထားကြောင်း DID သို့ပြောကြားခဲ့ပါသည်။

No comments: