Wednesday, November 21, 2007

အာဏာပိုင်များအား အဆိုတော် G-TONE တရားစွဲပြီ

ရန်ကုန်။ ။နိုဝင်ဘာ ၂ဝ
ပြီးခဲ့သည့်စနေနေ့( နိုဝင်ဘာ၁၇)ရက် ၌ကျင်းပခဲ့သောမြရိပ်ညိုပျော်ပွဲရွှင်ပွဲတွင်လူငယ်အဆိုတော်များနှင့်
ရဲတပ်ဖွဲ့ဝင်များအချင်းများပြီးပွဲပျက်သွားကြောင်းသိရသည်။
ဖြစ်ပွါးပုံမှာလူငယ်ရက်ပ်အဆိုတော် G-TONEမှသီချင်းဆိုရင်းအကျီကိုလှန်ပြရာသူ၏ကျောတွင်ဘုန်းတော်ကြီးတစ်ပါးရှစ်ခိုးနေသည့် ဆေးမင်ကြောင်

ပုံရေးဆွဲထားသဖြင့်ပရိသတ်မှအားပေးစဉ်အရပ်ဝတ်ဖြင့်လူ(၃)ဦးစင်ပေါ်တက်ပြီးဖမ်းဆီးခဲ့ပါသည်။
ထိုအခါ ရသ၊ကြက်ဖ၊ဇေယျာသော်၊ယန်ယန်ချမ်းတို့မှတားဆီးသဖြင့်ရဲများပါစင်ပေါ်တက်လာပြီးရိုက်နှက်ရာရသမှာ(၃)ချက်အရိုက်ခံလိုက်ရသည်။
အဆိုတော် G-TONE မှရှင်းပြရာတွင်သူသည်ကက်သလစ်ဘာသာဝငဖြစ်သဖြင့်ကက်သလစ်ဘုန်းတော်ကြီး
ဘုရားဝတ်ပြုသည့်ပုံကိုဆွဲထားခြင်းသာဖြစ် ကြောင်းနှင့်ယခုကဲ့သို့ရဲများမှဝင်ရောက်ရိုက်သည့်ကိစ္စအား
ဂီတအစည်းအရုံးသို့လည်းတိုင်ထားပြီးရဲစခန်းတွင်လည်းအမှုဖွင့်ထားကြောင်းပြောပြသွားသည်။
သို့သော်လည်းတရားဥပဒေစိုးမိုးမှုမရှိသောမြန်မာနိုင်ငံတွင်တိကျမျှတ ၊ မှန်ကန်သောတရားကျင့်ထုံးများဖြင်
ဆုံးဖြတ်ပေးနိုင်သည့်တရားရေးအဖွဲ့ မှာလည်းမည်သည့်လွတ်လပ်သောတရားစီရင်ခွင့်အားပေးအပ်ခံထား
ရခြင်းမရှိသဖြင့်ဤအမှုအားသက်ဆိုင်ရာမှမည်ကဲ့သို့ကိုင်တွယ်ကြမည်ကိုဆက်လက်ရှုစားကြရမည်ပင်ဖြစ်ပါသည်။

No comments: