Wednesday, November 21, 2007

ဒေါက်တာလွဏ်းဆွေနှင့်နစ်နေမင်းဘလောက်မှသတင်းနှင့်ပတ်သက်၍
အကြံပြုချက်

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မန္တလေးဂေဇက်web page နှင့်DID blog တို့တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာစစ်အာဏာပိုင်တို့ကြား Third Party ထားမည်ဟူသော

သတင်းနှင့်ပတ်သက်၍မန္တလေးဂေဇက်အားဦးတည်ဝေဖန်တိုက်ခိုက်လိုသည့်အရိပ်အရောင်

ပါဝင်သောစကားစုများအားဒေါက်တာလွဏ်းဆွေဘလောက်နှင့်နစ်နေမင်းစီဘောက်ထဲတွင်

ထဲ့သွင်းဖေါ်ပြထားသည်ကိုတွေ့ရှိရပါသည်။သို့အတွက်ဒီမိုကရေစီရေးလှုပ်ရှားနေသူများကြား၊

အချင်းချင်းအပြန်အလှန်လေးစားမှုကင်း မဲ့စေမည့်သတင်းဖေါ်ပြရေးသားချက်များသည်ရန်သူ၏

မီဒီယာကိုမီဒီယာဖြင့်တိုက်မည်ဟူသောဆောင်ပုဒ်အတွင်းမဖိတ်ခေါ်ဘဲအလိုလိုဝင်ရောက်သွား

မည့်အခြေအနေပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည်ဤကဲ့သို့သောသတင်းဖေါ်ပြဝေငှမှုအတွက်မည်သူတဦးတယောက်ထံမှ

ထောက်ပံ့ကူညီမှုရယူဆောင်ရွက်နေခြင်းမဟုတ်ဘဲမိမိ၏၀ါသနာအရကိုယ်ပိုင်အချိန်များ၊

ငွေကြေးများအားပေးဆပ်၍မိမိတို့တတ်နိုင်သည့်ဖက်မှတိုင်းပြည်နှင့်လူမျိုးအကျိုးအား

ထမ်းဆောင်ခြင်းပင်ဖြစ်ပါသည်။
မိမိတို့အနေဖြင့်အပြုသဘောဆောင်သည့်မည်သည့်ဖေန်မှုမျိုးကိုမဆိုလက်ခံဆင်ခြင်နိုင်သည့်

အသိတရားနှင့်ကင်းဝေးနေကြသူများလည်းမဟုတ်ကြပါ။ မိမိတို့အနေဖြင့်ပုဂ္ဂလိကနာမည်ကြီးကျော်ကြားလိုပြီးသတင်းရလျင်ပြီးရောသဘောနှင့်အခြေ

အမြစ်မရှိသည့်သတင်းများအားဖေါ်ပြနေသည့်အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များလည်းမဟုတ်ကြပါ။ ကျွန်ုပ်တို့၏သတင်းဖေါ်ပြချက်များသည်ခိုင်လုံမှုမရှိသည့်သတင်းများပေါ်တွင်အခြေမခံသကဲ့သို့ လူတဦးတယောက်၊အဖွဲ့အစည်းတရပ်၏ကြိုးပမ်းရယူထားသောသတင်းများအားခွင့်ပြုချက်မရဘဲ၊

သတင်းသမားကျင့်ဝတ်၊လူ့ကျင့်ဝတ်လေးစားမှုမဲ့စွာဖြင့်ကူးယူဖေါ်ပြနေသောအင်တာနက်
စာမျက်နှာ ၊ သတင်းဌာနများလည်းမဟုတ်ပါ။ အထူးသဖြင့်သတင်းလွတ်လပ်မှုမရှိသောပြည်တွင်းမှအခြေအနေအရပ်ရပ်ပေါ်တွင်နားလည်ပေး

ကြရမည့်အပြင်သတင်းသမားဟုမိမိကိုယ်မိမိခံယူသူများအချင်းချင်းရန်သူ၏ထိုးနှက်မှုများကြား၌ စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါသည်။
အထူးသဖြင့်ငယ်ရွယ်သူဘလောက်ကာများမိမိကိုယ်မိမိသွေးနထင်မရောက်သင့်ပါ၊တဦးနှင့်တ

ဦးအပြန် အလှန်လေးစားကြရန်အထူးလိုအပ်နေပါသည်။

သတင်းလက်ဦးမှုအပြိုင်အဆိုင်ရယူလို၍တဦးနှင့်တဦးဝေဖန်တိုက်ခိုက်ကြမည်ဆိုရလောက်ပင်

ကျွန်ုပ်တို့သည်ကြေးစားသတင်းဌာနများလည်းမဟုတ်ကြပေ။
ပြည်တွင်းသတင်းဌာနများ၊ဂျာနယ်များ၏ပြသနာများအားကျွန်ုပ်တို့ပြည်ပသို့ ကူးစက်မိတ္တူပွားရန်

လည်းမသင့်တော်ပေ။ မြန်မာပြည်တွင်းရှိ11 Media Group မှဒေါက်တာသန်းထွဋ်အောင်၏လှုံ့ဆော်မှု

ကြောင့်ဤသတင်းနှင့်ပတ်သက်သည့်နောက်ဆက်တွဲပြသနာဖြစ်ရသည်ဟုဆိုလျင် ထိုပုဂ္ဂိုလ်၏

ရပ်တည်ချက်၊ရည်ရွယ်ချက်များအားဆန်းစစ်ရန်လိုအပ်လာပေမည်။
အထူးသဖြင့်နစ်နေမင်းအနေဖြင့်ပြသနာဇစ်မြစ်အားမသိဘဲဝင်ရောက်စွက်ဖက်ခြင်းသည်မိမိတို့

အချင်းချင်းစိတ်ဝမ်းကွဲစေမည့်အပြင်ဘလောက်လောကတခုလုံးအားစာဖတ်သူတို့ယုံကြည်မှု

ကင်းမဲ့စေနိုင်ပါသည်။
သို့အတွက်ပြည်ပအခြေပြုသတင်းဘလောက်ကာတို့သည်အပြန်အလှန်လေးစားမှုအားတည်

ဆောက်၍ စုစည်းညီညွတ်ကြစေရန်ဆန္ဒမှန်ဖြင့်ကျွန်ုပ်တို့DID မှအကြံပြုအပ်ပါသည်။


မန္တလေးဂေဇက် (ရတနာပုံနေပြည်တော်သတင်းစာ) ဆိုတာ....

မဟုတ်ပါ။

၁။ အင်တာနက်မှ ပီဒီအက်ဖ် (PDF)ကော်ပီဖြင့် အီးမေးလ်ပို့ ဒေါင်းလုပ်ယူပုံစံနှင့်ဖြန်ချိနေသော သတင်းစာမဟုတ်ပါ။
၂။ အသင်းအဖွဲ့ ၊အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများနှင့် ရပ်တည်ထုတ်ဝေနေသောသတင်းစာမဟုတ်ပါ။
၃။ ပါတီနိုင်ငံရေး၊ ဘာသာရေး ဘက်လိုက်ရေးသား သာထိုးကူညီတွန်းပို့ သော သတင်းစာမဟုတ်ပါ။
၎။ ငွေကြေးနှင့် တန်ဖိုးသတ်မှတ်ရောင်းချသော သတင်းစာမဟုတ်ပါ။
၅။ အခြားမြန်မာသတင်းစာများ စာစောင်ဂျာနယ်များ၏ မူ၊ဟန်၊စတိုင် တို့ကို ပုံစံယူ၊ကော်ပီကူးချ လုပ်နေသောသတင်းစာမဟုတ်ပါ။
၆။ ပုဂ္ဂလိက၊ကိုယ်ရေးကိုယ်တာကိစ္စတို့အတွက် မြောက်ပင့်၊တိုက်ခိုက်၊တွန်းထိုးရေးသားပေးသော သတင်းစာမဟုတ်ပါ၊
ရ။ တလထွက်၊၂လပျက်၊ ၁နှစ်ပျောက် ပြောက်ကြားအဆင်ပြေသလိုလုပ်နေသော သတင်းစာမဟုတ်ပါ။
၈။ တမြို့ ဖြန့်၊တနိုင်ငံဖြန့်  လက်လှမ်းမကျယ်၊ နယ်ကျဉ်းစွာဖြန့်ဝေနေသော သတင်းစာမဟုတ်ပါ။
၉။ လိုင်စင်မယူ၊အာမခံမရှိ၊အခွန်မဆောင် တရားမ၀င်ထုတ်ဝေဖြန့်ချိနေသောသတင်းစာမဟုတ်ပါ။
၁၀။ မြန်မာပြည်၏ ရတနာပုံ၊ နေပြည်တော် အမည်နာမတို့နှင့် တနည်းတသွယ်ပတ်သက်ခြင်းရှိသော သတင်းစာမဟုတ်ပါ။
၁၁။ မည်သည့်မြန်မာအသင်းအဖွဲ့ အဖွဲ့ အစည်းနှင့်မျှ မသက်ဆိုင်၊ဟူ၍သီးခြားရပ်တည်မည့် တထီးတည်းသတင်းစာမဟုတ်ပါ။
၁၂၊ သတင်းနယ်မြေကျဉ်းတွင် ဆင်ဆာဖြတ် ဘောင်ခတ်ရေးသားသော သတင်းစာမဟုတ်ပါ။
၁၃။ အခြားလူမျိုးအသိုင်းအ၀ိုင်းအောက်တွင်နေ၍ လွှမ်းမိုးခံ လောင်းရိပ်မိနေမည့် သတင်းစာမဟုတ်ပါ။


ဟုတ်သည်။

၁။ လစဉ်စောင်ရေ ၁၂၀၀၀ ၊စာမျက်နှာ ၂၄ မျက်နှာဖြင့် ၁၇လက်မ ၂၂လက်မအရွယ်ဆိုက်ဖြင့် ပုံနှိပ်ဖြန့်ချိသောသတင်းစာဖြစ်သည်။
၂။ စာပေ၀ါသနာပါသူ၊မြန်မာအမျိုးချစ်သူတို့ မိမိတို့ကိုယ်ပိုင်အိတ်စိုက်ငွေနှင့် ကြော်ငြာထည့်သောလုပ်ငန်းရှင်များ၏ကြော်ငြာခတို့ဖြင့် ရပ်တည်ထုတ်ဝေသောသတင်းစာဖြစ်သည်။
၃။ အမျိုးသားအရေး၊ လူများစုသဘောတို့ဖက်မှ ရပ်တည်၊ကူညီရေးသားသော သတင်းစာဖြစ်သည်။
၎။ အခမဲ့ ထုတ်ဝေသော သတင်းစာဖြစ်သည်။
၅။ စာပေအတွေ့အကြုံရှိပြီးသူများမှ မိမိကိုယ်ပိုင်မူဟန်ဖြင့် စဉ်းစားကာ အမြဲသစ်ဆန်းအောင်ဦးဆောင်ကြိုးပမ်းနေသော သတင်းစာဖြစ်သည်။
၆။ အနုပညာသည်များ၏ လူအများသိလို၍တောင်းဆိုလာသောသတင်း၊ လူမူရေးသတင်းများကို ရှာဖွေဖေါ်ထုတ်မည့် သတင်းစာဖြစ်သည်။
၇။ လစဉ်ပုံမှန် ထုတ်ဝေခဲ့ပြီး လူအများလက်ခံကာ အောင်မြင်နေသော သတင်းစာဖြစ်သည်။
၈။ ကမ္ဘာအနှံ့ ၊မြို့ အနှံ့ တောင်းဆိုမှုရှိသော မည်သည့်နိုင်ငံသို့မဆို စာပို့ခပါအကုန်အကျခံကာ ဖြန့်ချိပေးနေသော သတင်းစာဖြစ်သည်။
၉။ ရုံးစိုက်ရာ၊ပုံနှိပ်ရာနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၏ တရားဥပဒေကို လိုက်နာကာ ထုတ်ဝေဖြန့်ချိသော သတင်းစာဖြစ်သည်။
၁၀။ ၁၈၇၄ထုတ် ပထမဆုံးသော မြန်မာပိုင်မြန်မာသတင်းစာ စစ်စစ်၏ အမည်နာမ ပညတ်ချက်တခုကို ဘိုးဘွားအမွေအဖြစ် အမည်ယူသုံးထုတ်ဝေသော ပထမမြန်မာသတင်းစာဖြစ်သည်။
၁၁။ (မြန်မာ) ဟူသောတူညီသည့် စံနှုန်းအောက်တွင်ရှိသော မည်သည့် အသင်းအဖွဲ့၊
သတင်းအဆက်များနှင့်မဆို လက်တွဲ ပူးပေါင်းဆောင်ရွက်မည့် သတင်းစာဖြစ်သည်။
၁၂။ အမိမြန်မာပြည်နှင့် နိုင်ငံရပ်ခြားနေမြန်မာများအတွက် ပေါင်းကူးရပ်တည်ပေးနေသော သတင်းစာဖြစ်သည်။
၁၃။ မြန်မာ ဖြစ်ရသည်ကို အစဉ်အမြဲဂုဏ်ယူသော သတင်းစာဖြစ်သည်။



No comments: