Monday, December 17, 2007

အမေရိကန်ပြည်ထောင်စုအတွင်းများမကြာမီအချိန်၌
ညီလာခံများကျင်းပကြမည်

၈၈မျိုးဆက်ကျောင်းသားများဦးဆောင်ကျင်းပမည့်၈၈မျိုးဆက်ကျောင်းသားများညီလာခံအားယ္ခုဒီဇင်ဘာလ
ကုန်ပိုင်း၂၉ - ၃၀ ရက်အတွင်း ချီကာဂို မြို့ ၌ ကိုစိုးမိုးနှင့်၈၈ မျိုးဆက်ကျောင်းသားများဦးဆောင်၍ညီလာခံ
တခုကျင်းပမည်ဟုသိရှိရပါသည်။
ထို့အတူတော်လှန်ရေးဒေသများမှရောက်ရှိလာသူအများဆုံးနေထိုင်သော အင်ဒီယာနာပြည်နယ် ၊ ဖို့တ်ဝိန်းမြို
၌လည်း တတိယအကြိမ်မြောက်ဖို့တ်ဝိန်းညီလာခံအားကမ္ဘာအရပ်ရပ်ရှိမြန်မာ့ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်
နေကြသည့်အဖွဲ့အစည်းအသီးသီးအားဖိတ်ကြား၍၂၀၀၈ခုနှစ်၊ဖေဖေါ်ဝါရီလအတွင်းကျင်းပကြမည်ဟုသတင်း
ရရှိပါသည်။
ထိုညီလာခံများကျင်းပခြင်းနှင့်ပတ်သက်သည့်မြန်မာ့တော်လှန်ရေးအစုအဖွဲ့များ၏သဘောထားအမြင်များအား
လည်းDID မှဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။




No comments: