နအဖထောက်လှမ်းရေးများZTE Corporation မှ အိုင်တီနည်းပညာ၊
အထောက်အကူပြုပစ္စည်းများဖြင့်ပြည်သူလူထုအားနှိမ်နှင်းနေ
တရုပ်နိုင်ငံ၏ အဆင့်မြင့်အိုင်တီဆက်သွယ်ရေးနည်းပညာဆိုင်ရာ ZTE Corporationသည်
မြန်မာနိုင်ငံအားနိုင်ငံတကာမှစီးပွားရေးအရပိတ်ဆို့အရေးယူမှုအပေါ်အခွင့်ကောင်းယူပြီး
မြန်မာနိုင်ငံ၏ထောက်လှမ်းရေးဆိုင်ရာအသုံးချနည်းပညာများ ၊ စက်ပစ္စည်းများအားရောင်းချ
ကူညီနေသည့်အပြင်လည်းကောင်းတို့ကုမ္ပဏီ၏အစီအစဉ်ဖြင့်အိုင်တီပညာရှင် ၂ဦးအားမြန်မာ
နိုင်ငံသို့စေလွှတ်ပြီးဒီမိုကရေစီရေးလှုပ်ရှားနေသူများအားဖိနှိပ်သည့်အစီအစဉ်များတွင်ပါဝင်
ပတ်သက်နေကြောင်း နအဖနှင့်နီးစပ်နေသည့်အသိုင်းအ၀ိုင်းမှသတင်းရရှိထားပါသည်။
ZTE Corporation ၏ပါဝင်ပတ်သက်မှုဖြင့် GSM ဖုန်းများအားကြားဖြတ်ဖမ်းယူခြင်းအင်တာ
နက်နှင့် အီးမေးတို့အားကြားဖြတ်ဝင်ရောက်ဖေါက်ထွင်းခိုးယူခြင်း၊တရုပ်ပြည်၌သုံးစွဲနေသော
ဖန်နန်းမျှင်ဝါယာ ကွန်ယက်(fiber-optic network) သုံးစွဲခွင့်ပြုထားခြင်းအစရှိသဖြင့်
သောအိုင်တီဆိုင်ရာနည်းပညာအရ နအဖစစ်အုပ်စုထောက်တိုင်ထောက်လှမ်းရေများး၏
အိုင်တီနည်းပညာလိုအပ်မှုအားဖြည့်ဆည်းပေးနေကြပေသည်။
ထိုတရုပ်ZTE Corporation နှင့်အကျိုးတူစီးပွားဖက်ကုမ္ပဏီများသည်ကျွန်ုပ်တို့နှင့်မြန်မာပြည်
၏အဓိကရန်သူများပင်ဖြစ်ပါသည်၊ ထိုကဲ့သို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအားမည်ကဲ့သို့
တန်ပြန်အရေးယူရမည်ကိုကျွန်ုပ်တို့အားလုံးပူးပေါင်းအဖြေရှာကြရန်လိုအပ်ပေသည်။

ZTE Corporation ၏ web page လိပ်စာအားလေ့လာနိုင်ရန်အောက်တွင်ဖေါ်ပြထားပါသည်။
No comments:
Post a Comment