Monday, December 3, 2007

သံဃာ့တပ်ပေါင်းစုခေါင်းဆောင်သံဃာ့အာဇာနည်အရှင်ဂ မ္ဘီရအားနိုင်ငံတော်

သစ္စာဖေါက်မှုဖြင့်အရေးယူခဲ့သဖြင့် မြန်မာနိုင်ငံဥပဒေအရသေဒါဏ်အပြစ်ပေးနိုင်


မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာသင်္ကန်းရောင်တော်လှန်ရေး
အတွင်းသံဃာ့တပ်ပေါင်းစု၏ခေါင်းဆောင်အဖြစ်အထင်ကရဖြစ်ခဲ့သည့်
အရှင်ဂမ္ဘီရ သက်တော်၂၇ နှစ်အားနအဖစစ်အာဏာပိုင်များဖမ်းဆီး
အရေးယူခဲ့ရာတွင်နိုင်ငံတော်သစ္စာဖေါက်ဖျက်မှုဟုအမည်တပ်ထား
ခဲ့ပါသည် ။
နိုင်ငံတော်သစ္စာဖေါက်မှုသည်မြန်မာနိုင်ငံတွင်အကြီးမားဆုံးဥပဒေ
ချိုးဖေါက်မှုဖြစ်သည့်အတွက်အကယ်၍ပြစ်မှုထင်ရှားသည်ဟုတရား
ရုံးတခုခုမှအမိန့်ချမှတ်ပါကသေဒါဏ်အပြစ်ပေးခံရဖွယ်ရှိကြောင်း ၊
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ခန့့် ဗြိတိသျှကိုလိုနီလက်ထက်၌မြန်မာ

သံဃာတပါးသည်သူပုန်ခေါင်းဆောင်တဦးအဖြစ်ဖြင့်ကြိုးပေးခံခဲ့ရပြီး ထိုစဉ်မှယနေ့ကာလအထိ အတွင်း ပထမဦးဆုံးသော သေဒါဏ်အပြစ်ပေးခံရနိုင်သည့်သံဃာတော်
ပင်ဖြစ်ပါသည်။



http://www.scoop.co.nz/stories/PO0712/S00010.htm

No comments: