Monday, December 3, 2007

၂၀၀၅ ခုနှစ်မယ်စင်္ကြာဝဠာအလှဘွဲ့ပိုင်ရှင်မြန်မာပြည်သွားမည်




၂၀၀၅ ခုနှစ်မယ်စင်္ကြာဝဠာဘွဲ့ပိုင်ရှင် ရုရှားနိုင်ငံဖွား၊ကနေဒါနိုင်ငံသူ Miss Natalie Glebova သည် ၂၀၀ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်ရန်ကုန်မြို့ ၌မြန်မာ့လေညှင်း

ကုမ္ပဏီမှကျင်းပရန်စီစဉ်ထားသောနောင်းဟောင်းအလှမယ်ရွေးချယ်ပြိုင်ပွဲသို့အကဲ

ဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ်သွားရောက်မည်ဟုရန်ကုန်မြို့ မှသတင်းများ အရ

သိရှိရပါသည်။
အသက် ၂၆ နှစ်အရွယ် Miss Natalie Glebo ၏မြန်မာပြည်ခရီးစဉ်သည်သူမ

အတွက်ပထမဆုံးအကြိမ်အတွေ့အကြုံဖြစ်၍သူမ၏ချစ်သူထိုင်းနိုင်ငံသားနာမည

ကြီးတင်းနစ်သမားလည်းသူမနှင့်အတူလိုက်ပါသွားမည် ဖြစ်ပြီး ဒီဇင်ဘာ၁၆-၁၇ နှစ်ရက်ကြာနေထိုင်မည်ဖြစ်ပါသည်။
မပြီးဆုံးသေးသောမြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲများနှင့်စက်တင်ဘာလသင်္ကန်းရောင်တော်လှန်ရေးကြီး

အပြီးမြန်မာစစ်အာဏာပိုင်တို့၏လုပ်ရိုးလုပ်စဉ်လမ်းကြောင်းများအရလူထုလှုပ်ရှားမှုများမှေးမှိန်စေရန်

အနုပညာရှင်များအားအသုံးချပြီးပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊စင်တင်ဂီတပွဲများကျင်းပခြင်း၊ယခုအကြိမ်တွင်

ကမ္ဘာကျော်ပုဂ္ဂိုလ်များအားအသုံးချပြီးသူတို့၏ရိုင်းစိုင်းယုတ်မာမှုများအားအာရုံလွဲအောင်ကြိုးပမ်းခြင်းဟု

ရန်ကုန်မြို့နေ ပြည်သူများပြောပြချက်များအရသိရပါသည်။
ကမ္ဘာ့လူ့အသိုင်းအ၀ိုင်းတွင်လူ့စရိုက်ပျောက်ကွယ်အမှောင်ဖုံးနေသောမျက်နှာဖုံးစွပ်မရသည့်အာဏာမက်

စစ်မိစ္ဆာများ၏လုပ်ရပ်များအားလည်းကောင်း၊ပျော်ရွှင်မှုဆိတ်သုံးကွယ်ပျောက်နေရသောပြည်သူလူထု

၏ဘ၀အစစ်အမှန်အားလည်းကောင်းအမှန်အတိုင်းဆင်ခြင်သုံးသပ်နိုင်စေရန်နှင့်သူမ၏မြန်မာပြည်ခရီးစဉ်

အား ပြန်လည်သုံးသပ်နိုင်ရန် ၂၀၀၅ ခုနှစ်ကမ္ဘာ့မယ်စင်္ကြာဝဠာMiss Natalie Glebova အားအမြန်ဆုံး

ဆက်သွယ် အသိပေးကြရန်ကျွန်ုပ်တို့ DIDမှမြန်မာပြည်သူလူထုဆန္ဒအတိုင်းတင်ပြအပ်ပါသည်။

The Miss Universe Organization

1370 Ave. of the Americas, 16th Floor New York,

NY 10019

(212) 373-4999

(212) 315-5378 (fax)

MissUPR@missuniverse.com

No comments: