Wednesday, January 2, 2008

DID မှမေတ္တာရပ်ခံချက်

ကျွန်ုပ်တို့DIDအနေဖြင့်တဦးတယောက်ကောင်းနာမည်ကြီးရန်ဆောင်ရွက်နေသောအဖွဲ့မဟုတ်

သကဲ့သို့ မည်သည့် အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များ၏လက်ဝေခံလည်းမဟုတ်ပါ၊ မိမိတို့၏ကိုယ်ပိုင်

အချိန် ၊ မိသားစုအချိန်များနှင့်မိသားစုပိုင်ငွေကြေးတို့အားအသုံးပြု၍မိမိတို့တတ်ကျွမ်းသည့်

အတတ်ပညာ၊၀ါသနာတို့အားအရင်းတည်ပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှလွတ်

မြောက်ရန်အုပ်တချပ်သဲတပွင့်အနေဖြင့်မြန်မာ့တော်လှန်ရေးတွင်စိတ်ဓါတ်တူညီသူများပူးပေါင်း၍

အားဖြည့်ပါဝင်ခြင်းဖြစ်ပါသည်၊
ကျွန်ုပ်တို့အနေဖြင့်မည်သည့်မျှော်လင့်ချက်မှထားရှိခြင်းမရှိဘဲပကတိရင်တွင်းခံစားချက်နှင့်

စေတနာအရဤDID အစုအဖွဲ့အားတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်၊

ကျွန်ုပ်တို့အဖွဲ့ဝင်များသည်မည်သည့်အကြောင်းနှင့်ဖြစ်စေ ၄င်းတို့၏အမည်ရင်းများအား

လျှို့ ဝှက်ထားရန်အကြောင်းမရှိ၍ အတိအလင်းကျေညာသွားမည်ဖြစ်ပါသည်။
နိုင်ငံအကျိုး၊တော်လှန်ရေးအကျိုးတခုတည်းကိုသာမမှိတ်မသုန်ဦးထိပ်ပန်ဆင်ထားသော DID

အင်အားစုများ ဖြစ်ကြပါသည်၊
ကျွန်ုပ်တို့ DID မှအများပြည်သူအကျိုး၊ တော်လှန်ရေးအကျိုးပျက်စေမည့် မည်သည့်ကိစ္စရပ်များ

မဆို ရှောင်ရှားသွားမည်ဖြစ်ရာ ကျွန်ုပ်တို့၏စီဘောက်အားအကန့်အသတ်ဖြင့်ပြုလုပ်လိုသော်

လည်းဒီမိုကရေစီ၏သဘော ၊သဘာဝအားလေးစားပြီးနအဖ စစ်အုပ်စု၏မတရားမမျှတသော

မူဝါဒများအားဆန့်ကျင်နေသူများပီပီ ကန့်သတ်မှုများအားတတ်နိုင်သမျှရှောင်ရှားလိုပါသည်၊

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ DID ပိုင်စီဘောက်အတွင်းမဟုတ်မတရားစွတ်စွဲမှုများ ၊ လူတဦးတယောက်

အကျိုးပျက်စီးနစ်နာစေရန် တမင်တကာရည်ရွယ်ထားသောအသရေဖျက်ခြင်းများမပြုလုပ်ကြ၊

မရေးသား ကြပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်၊

No comments: