Monday, March 17, 2008

ကရင်အမျိုးသားခေါင်းဆောင်ဖဒိုမန်းရှာလာဖန်းကျဆုံးခဲ့သည့်
(၁)လပြည့်အောက်မေ့ဘွယ်အခမ်းအနားဖို့တ်ဝိန်းမြို့ ၌ကျင်းပ



မတ်လ ၁၅ ရက်၊၂၀၀၈ခုနှစ်နေ့ ၊မွန်းလွဲ ၁နာရီ ခန့်တွင် အမေရိကန်ပြည်ထောင်စု၊အင်ဒီယာနာပြည်နယ်၊
ဖို့တ်ဝိန်းမြို့ နေကရင် မိသားစုများမှဦးစီးကျင်းပခဲ့သောကရင်အမျိုးသားခေါင်းဆောင်ကြီးဖဒိုမန်းရှာလာဖန်း
ကျဆုံးခဲ့သည့် (၁)လပြည့် အောက်မေ့ဘွယ်အခမ်းအနားသို့ နယ်စပ်ဒေသမှအမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)မှ ဥက္ကဌဦးတင်အောင်၊ABSDFမှ အထွေထွေအတွင်းရေးမှုးရဲဘော်ဆန်နီတို့အပြင်
ဖိတ်ကြားထားသောမဟာမိတ်အဖွဲ့အစည်းများ၊ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးများတက်ရောက်ခဲ့ကြပါသည်။
ထိုအခမ်းအနား၌ကရင်အမျိုးသားမန်းဟံသာဝင်းမှအခမ်းအနားမှုးအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနား၌ဖဒိုမန်းရှာ၏ကိုယ်ရေးရာဇ၀င်အားကရင်၊မြန်မာနှစ်ဘာသာဖြင့်ဖတ်ကြားခြင်း၊တက်ရောက်ခဲ့
သောဧည့်သည်တော်များမှဖဒိုမန်းရှာနှင့်ပတ်သက်သောဂုဏ်ယူချီးကျူးဘွယ်အကြောင်းအရာများအားအခမ်း
အနားသို့တက်ရောက်လာသောတော်လှန်ရေးရဲဘော်များအားပြောကြားဂုဏ်ပြုခြင်းနှင့်ကရင်လူငယ်လေးများ
မှကရင်အမျိုးသားဂုဏ်ပြုတေးများသီဆိုဂုဏ်ပြုခဲ့ကြပြီး ၊ညနေ၃နာရီခန့်တွင်ကရင်အမျိုးသားသီချင်းသီဆို၍
အခမ်းအနားအားအောင်မြင်စွာပြီးဆုံးခဲ့ကြပါသည်။

No comments: