Monday, March 17, 2008

ဖို့တ်ဝိန်းမြို့ ရှိမြန်မာဒီမိုကရေစီအင်အားစုများမှမြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့

နှစ်(၂၀)ပြည့်ကိုဖုန်းမော်နေ့နှင့်တံတားနီနေ့အခမ်းအနားအားကျင်းပခဲ့ကြ



၂၀၀၈ခုနှစ်၊မတ်လ ၁၆ ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၊အင်ဒီယာနာပြည်နယ်၊ဖို့တ်ဝိန်းမြို့ တွင် မြန်မာ နိုင်ငံ လူ့အခွင့်အရေးနေ့၊ နှစ်(၂၀)ပြည့် ကိုဖုန်းမော်နေ့နှင့် တံတားနီနေ့ အခမ်းအနားအား မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ဦးဆောင် ကျင်းပခဲ့ကြပါသည်။ ပထမအစီအစဉ်တွင် နံနက် ၁၁း၀၀နာရီခန့်တွင် ဇေတ၀န် ဘုန်းတော်ကြီးကျောင်း၌ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် အသက် ပေးခဲ့ကြသူများကို ရည်စူး၍ သံဃာ တော်များအား ဆွမ်းဆက်ကပ် လှူဒါန်း ကောင်းမှု ကုသိုလ် ပြုခဲ့ပြီး တရားတော် နာကြားရေစက်ချ အမျှ ပေးဝေ ခဲ့ကြပါသည်။

ဒုတိယအစီအစဉ်အား အမေရိကန် စစ်မှုထမ်းဟောင်းများ ခန်းမ၌ ဆက်လက် ကျင်းပခဲ့ရာတွင် ဒေါက်တာ သီဟ မှ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက် ဦးတည်ချက်များအား ပြောကြားခြင်း၊ မမေသန်းရှိန်မှ တံတား နီနေ့အတွေ့ အကြုံများအား ပြောကြားခြင်း၊ မခင်အေးမြင့်မှ ၁၉၈၉ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်း ကျင်းပခဲ့သော ကိုဖုန်းမော် နှစ်ပတ်လည်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များအား ဖတ်ကြားခြင်း တို့အား ပြုလုပ်ခဲ့ပြီး အခမ်းအနား ကျင်းပရေးတာဝန်ခံ ကိုရဲမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး အ ခမ်းအနားအား အရေးကြီးပြီ ကျောင်းသား တော်လှန်ရေး သီချင်းသံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ပါသည်။

No comments: