ဤသို့ထင်မြင်ယူဆချင်ပါသည်
မိုးခါးရေဆိုသည်မှာအမှန်တော့သောက်လို့ကောင်းသောအရာတခုမဟုတ်သည်ကိုလူသားတိုင်းသိရှိပေလိမ့်မည်။
ကံကို ယုံကြည်လွန်းသူများဖြစ်လေရာ ကိစ္စတိုင်း ရှေးဘဝကုသိုလ်ကံကြောင့်ဟုယူဆ၍ဖြေသိမ့်နှစ်သိမ့်တတ်သူ
များပေါများနေသေးသရွေ့  ဖိနှိပ်ချုပ်ချယ်မှု၊အနိုင်ကျင့်ဗိုလ်ကျမှု၊ မတရားနှိပ်စက်မှုများ ဆက်လက်ထွန်းကား
နေဦးမည်မှာ ကမ္ဘာလောက၏ နိယာမပင်ဖြစ်သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်၏။ အားနည်းသူ
က ခိုကိုးရာမဲ့ဖြစ်သည့်အလျောက် မိမိတိုရအားထားရာဟူ၍ ဘုရားမှတပါး အခြားမရှိပြီဟူသောအယူအဆဖြင့်
ဘာသာရေးကိုသာ အားကိုးယုံကြည်ရာအဖြစ် နက်နက်ရှိုင်းရှိုင်း ကိုးကွယ်ကြ၏။ တကယ်တော့လည်းလူပီသ
သူတိုင်း၌အဓိကအထွတ်အမြတ်ထားကိုးကွယ်ယုံကြည်ရာဘာသာရပ်တခုစီရှိကြသည်မှာဓမ္မတာပင်ဖြစ်သည်မဟုတ်
ပေလော။ မိမိတိုင်းပြည်၏အစိုးရကိုယုံကြည်အားကိုး၍မရခြင်း၊ မိမိကိုယ်မိမိယုံကြည်ရာအဖြစ်ဖြစ်တည်ခွင့်မရရှိ
သောခေတ်စံနစ်အတွင်းကြီးပြင်းရသောအကြောင်းတရားများကဘာသာရေးကိုပို၍နက်ရှိုင်းစွာယုံကြည်အားထား
လာစေရသောအကျိုးတရားတခုဖြစ်သည်ဟုမိမိကဆိုလျှင်ထိုအချက်ကိုငြင်းခုန်မည့်စာဖတ်ပရိသတ်များမြောက်များ
စွာရှိပေလိမ့်မည်။ဤနေရာ၌ လွတ်လပ်စွာကွဲပြားနိုင်ခွင့်ရှိ၏။
ထိုလွတ်လပ်စွာကွဲပြားနိုင်ခြင်းတို့အပေါ်တွင်လည်းမိမိ၏အယူအဆကိုလွတ်လပ်စွာဖက်တွယ်နိုင်ခွင့်ရှိ၏။မိမိအဓိက
တင်ပြလိုသည့်အကြောင်းအရာမှာ ဘာသာတရား၏အထွတ်အမြတ်ဖြစ်ဖြစ်သော ဘုရားရှင်၏သားတော်ရဟန်း
သံဃာများကိုပင်ပစ်ခတ်ဖမ်းဆီးထောင်သွင်းအကျဉ်းချနေသော၊မိမိ၏အာဏာတည်မြဲရေးထက်ဘာကိုမျှအလေး
မထားသော စစ်ခွေးဘီလူးတို့၏လက်အောက်တွင် အဘယ်ကဲ့သို့သော ဘာသာနှင့်သာသနာတော်ကထွန်းကား
ပေလိမ့်ဦးမည်နည်းဆိုသည်ကို စနစ်တကျဆန်းစစ်ဖို့လူသားတိုင်းတွင် တာဝန်ရှိသည်ဆိုသောအချက်ပင်ဖြစ်၏။
ဖြစ်ပါ့မလား၊သင့်တော်ပါ့မလား၊စသည့်လားပေါင်းများစွာတို့အောက်၌ဆုံးရှုံးခဲ့ရသည့်အခွင့်အရေးများကိုပြန်လည်
ဆန်းစစ်သင့်၏။ဥပမာအားဖြင့်မိမိသည်တတိယနိုင်ငံတခု၌ရောက်ရှိနေပြီးမိမိတွင်လည်းအရည်အချင်းအခွင့်အရေး
ရှိပါလျက်နှင့်ဖြစ်ပါ့မလား၊ဟိုလူကတော့မိမိထက်အားသာသည်၊ဒီလူကတော့အခွင့်အရေးပိုရှိနိုင်သည်ဟုယူဆပြီး
မိမိကိုယ်ကို လက်လျှော့၍ ဆုံးရှုံးခဲ့ရသော အခွင့်အရေးများစွာတို့ကို ကြုံကြိုက်ခဲ့ရသူများရှိပေလိမ့်မည်။
ထိုလားပေါင်းများစွာတိုရ၏ အဓိကတရားခံမှာ ကြောက်ရွံ့ ခြင်းပင်ဖြစ်သည်။အကြိမ်ကြိမ်အခါခါသေဆုံးရခြင်း၏
အကြောင်းတရားသည် ကြောက်ရွံရခြင်း၊ အားနာခြင်းတိုရ၏ အဓိကရေသောက်မြစ်ပင်ဖြစ်၏။
ထိုကြောင့်ထိုရေသောက်မြစ်၏အရင်းခံကိုပြန်လည်ဆန်းစစ်ဖို့လိုပေ၏။မိုးခါးရေကိုခါးမှန်းသိလျက်ကြိတ်မှိတ်သောက်
နေဦးမည်ဆိုပါက ထိုခါးသက်ခြင်း အရသာသည်ပင်လျှင် ချိုမြိန်နေပေလိမ့်မည်။ မိမိ၏ရန်သူက ပြတ်သားသည့်
အခါတွင်မိမိတို့ကလည်းပြတ်သားရပေလိမ့်မည်။ကောင့်ပါ့မလား၊သင့်တော်ပါ့မလားဆိုသည့်အတွေးအခေါ်များသည်
ပြတ်သားရမည့် အရေးအကြောင်းများအား ဖြတ်တောက်ပစ်တတ်၏။ ယနေ့ဖြစ်ပေါ်နေသောမြန်မာနိုင်ငံ၏အရေးကိစ္စနှင့်ပတ်သက်၍နိုင်ငံအတော်များများမှ Sanctionပြုလုပ်ခြင်းအပေါ်တချို့ကဟိုလူကတော့မပါသင့်ပါဘူး၊ဒီလူကတော့မပါသင့်ပါဘူး၊ကောင်ပါ့မလား၊သင့်တော်
ပါ့မလားဟူသောလားပေါင်းများစွာကိုရောယှက်လာကြ၏။
တကယ်တော့ဖြစ်သင့်၏ စစ်ဘီလူးတို့အနေဖြင့် အပြစ်မဲ့ရဟန်းပြည်သူတို့ကိုပစ်ခတ်သတ်ဖြတ်ရာတွင်
ကောင်းပါ့မလား၊ သင့်ပါ့မလား ဟူသော လားပေါင်းများစွာ မရောယှက်ခဲ့ကြပေ။
ထိုနည်းတူ ဖမ်းဆီးထောင်ချခြင်းများစွာတို့ကိုလည်း ဤနည်းနှယ်ပြုကျင့်ခဲ့ကြ၏။ ထိုကြောင့် ဖြစ်ပါ့မလား၊ သင့်တော်ပါ့မလား ဆိုသည့် လားပေါင်းများစွာတို့ကို စဉ်းစားသင့်နေရာ၌သာ စဉ်းစား၍ လုပ်သင့်သည့် ကိစ္စများတွင် လားပေါင်းများစွာ ဝင်ရောက်မရောယှက်စေရန်အတွက် လိုအပ်လှပေသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆချင်ပါသည် ။